ယေဇကျေလ 23:38Judson Bibleထိုမှတစ်ပါး၊ ငါ၌ပြုသောအမှုဟူမူကား၊ ထိုနေ့ချင်းတွင် ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေ၍၊ ငါ၏ဥပုသ်နေ့တို့ကို ရှုတ်ချကြပြီ။ အခန်းကိုကြည့်ပါ။ |
ဤဗိမာန်၌လည်းကောင်း၊ ဣသရေလခရိုင်များတို့တွင် ငါရွေးကောက်သော ယေရုရှလင်မြို့၌လည်းကောင်း၊ ငါ့နာမကို အစဉ်အမြဲ ငါတည်စေမည်ဟု ထာဝရဘုရားသည် ဒါဝိဒ်နှင့် သားတော်ရှောလမုန်အား မိန့်တော်မူရာ၌၊ ရည်ဆောင်သော ဗိမာန်တော်ထဲမှာ မိမိပြုစုသော အာရှရပင်နှင့်တူအောင် လုပ်သောရုပ်တုကို တင်ထား၏။
သို့မဟုတ်၊ ဥပုသ်နေ့၌ဝန်ကို ထမ်းရွက်၍၊ ယေရုရှလင်မြို့ တံခါးများသို့မဝင်၊ ဥပုသ်နေ့ကို သန့်ရှင်းစေသည်တိုင်အောင်၊ သင်တို့သည် ငါ့စကားကို နားမထောင်လျှင်၊ ငါသည် ထိုမြို့တံခါးတို့ကိုမီးရှို့၍၊ ထိုမီးသည် မငြိမ်းမသေဘဲ ယေရုရှလင်မြို့ ဘုံဗိမာန်တို့ကို လောင်ရလိမ့်မည်။
သို့ရာတွင်၊ ဣသရေလအမျိုးသည် တော၌ငါ့ကို ပုန်ကန်ကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာအကြောင်းဖြစ်သော ငါ၏စီရင်ထုံးဖွဲ့ချက်ကို မစောင့်ရှောက်၊ မထီမဲ့မြင်ပြု၍ ငါ၏ဥပုသ်နေ့တို့ကို အလွန်ရှုတ်ချကြ၏။ ထိုအခါ သူတို့ကိုဖျက်ဆီးခြင်းငှာ၊ တော၌သူတို့အပေါ်သို့ ငါ့အမျက်အရှိန်ကို သွန်းလောင်းမည်ဟု အကြံရှိ၏။
အို ဣသရေလအမျိုးသားတို့၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သွားကြလော့။ အသီးအသီး မိမိတို့ရုပ်တုများကို ဝတ်ပြုကြလော့။ သို့ရာတွင် အကယ်စင်စစ် နောက်တစ်ဖန် ငါ့စကားကိုနားမထောင်သော်လည်း၊ ငါ၏သန့်ရှင်းသောနာမတော်ကို သင်တို့ပူဇော်သကာများနှင့် ရုပ်တုများအားဖြင့် မရှုတ်ချဘဲနေရကြလိမ့်မည်။
ယဇ်ပုရောဟိတ်တို့သည်လည်း ငါ၏တရားကိုဖျက်၍၊ ငါ၏သန့်ရှင်းရာဌာနကိုလည်း ညစ်ညူးစေကြ၏။ သန့်ရှင်းသောအရာ၊ မသန့်ရှင်းသောအရာတို့ကို မပိုင်းခြား၊ စင်ကြယ်သောအရာ၊ မစင်ကြယ်သောအရာတို့ကို ရောနှောကြ၏။ ငါ၏ဥပုသ်နေ့တို့မှလည်း မျက်နှာလွှဲကြ၏။ သူတို့အလယ်၌ ငါသည် ရှုတ်ချခြင်းကိုခံရ၏။