Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 23:27

Judson Bible

ထို​သို့​သင်​သည် နောက်​တစ်​ဖန် မျှော်​မ​ကြည့်၊ အဲ​ဂု​တ္တု​ပြည်​ကို မ​အောက်​မေ့​စေ​ခြင်း​ငှာ၊ သင်​ပြု​သောအ​ဓ​မ္မအမှုနှင့် အဲ​ဂု​တ္တု​ပြည်​မှပါသောအ​ဓမ္မမေ​ထုန်​ကို​ငါ​ငြိမ်း​စေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ထို​သို့ ယာ​ကုပ်​အ​မျိုး​သည် ယဇ်​ပ​လ္လင်​ကျောက်​တို့​ကို ထုံး​ကျောက်​ကဲ့​သို့ ချိုး​ဖဲ့၍၊ အာ​ရှ​ရ​ပင်​နှင့် ရုပ်​တု​တို့​ကို လှဲ​သော​အ​ခါ၊ မိ​မိ​အ​ပြစ်​ပြေ၍၊ အ​ပြစ်​ပြေ​ရှင်း​ခြင်း အ​ကျိုး​ကျေး​ဇူး​ရှိ​သ​မျှ​ကို ခံ​ရ​လိမ့်​မည်။

သင့်​အိမ်​တို့​ကို​လည်း မီး​ရှို့၍ များ​စွာ​သော မိန်း​မ​တို့​ရှေ့​မှာ သင့်​ကို အ​ပြစ်​ဒဏ်​ပေး​ကြ​သ​ဖြင့်၊ သင်​သည် နောက်​တစ်​ဖန် ပြည့်​တန်​ဆာ​မ​လုပ်​ဘဲ နေ​စေ​ခြင်း​ငှာ ငါ​ပြု​မည်။ နောက်​တစ်​ဖန် သင်​သည် သူ​တစ်​ပါး​တို့​ကို မ​ငှား​ရ။

သင့်​ကို​လည်း အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့​တွင်၊ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​မည်။ သင်၏​အ​ညစ်​အ​ကြေး​ကို​လည်း ပယ်​ရှင်း​မည်။

အ​သက်​ငယ်​စဉ်​အ​ခါ အဲ​ဂု​တ္တု​ပြည်၌ မှား​ယွင်း​သော​ကာ​လ​ကို အောက်​မေ့​သ​ဖြင့်၊ မှား​ယွင်း​ခြင်း​ကို အ​ထပ်​ထပ်​ပြု၏။

သူ​တို့​သည် အ​သက်​ငယ်​စဉ်​အ​ခါ၊ အဲ​ဂု​တ္တု​ပြည်၌ မ​တ​ရား​သော​မေ​ထုန်​ကို ပြု​ကြ၏။ ထို​ပြည်၌ သူ​တို့၏​သား​မြတ်​ကို ပွတ်​နယ်၍ အ​ပျို​မ​အ​သ​ရေ​ကို ရှုတ်​ချ​ကြ၏။

ထို​နောက်၊ အ​ဘယ်​အ​ရာ​မျှ​မ​ပါ​ဘဲ မီး​ခဲ​ပေါ်​မှာ တင်​ထား​လော့။ ကြေး​နီ​ပူ၍ မီး​တောက်​စေ။ အိုး​ကင်း၌​ပါ​သော​အ​ညစ်​အ​ကြေး​ကို အ​ရည်​ကျို၍ သံ​ချေး​ကုန်​စေ။

ဓား​ပြ​အ​လုံး​အ​ရင်း​သည် ခ​ရီး​သွား​သော​သူ​ကို ချောင်း၍​ကြည့်​သ​ကဲ့​သို့၊ ယဇ်​ပု​ရော​ဟိတ် အ​ပေါင်း​အ​သင်း​သည် ရှေ​ခင်​မြို့​သို့​သွား​သော လမ်း၌​ပင် အ​သက်​ကို သတ်​တတ်​ကြ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ပြည်​တော်​တွင် ရှိ​သော ရုပ်​တု​တို့၏​နာ​မ​များ​ကို နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ မ​မှတ်​မိ​စေ​ခြင်း​ငှာ၊ ထို​ကာ​လ၌ ငါ​သုတ်​သင်​ပယ်​ရှင်း​မည်။ ပ​ရော​ဖက်​လုပ်​သော သူ​တို့​ကို​လည်း​ကောင်း၊ ညစ်​ညူး​သော ဝိ​ညာဉ်​ကို​လည်း​ကောင်း ပြည်​တော်​မှ နှင်​ထုတ်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ