Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 23:26

Judson Bible

သင့်​အ​ဝတ်​ကို​လည်း ချွတ်၍၊ တင့်​တယ်​သော​တန်​ဆာ​တို့​ကို သိမ်း​ယူ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ဖူး​သည်​အ​တိုင်း ဗိ​မာန်​တော်​ဘ​ဏ္ဍာ​နှင့် နန်း​တော်​ဘ​ဏ္ဍာ​ရှိ​သ​မျှ​ကို သိမ်း​သွား၍၊ ဗိ​မာန်​တော်​အ​ဖို့ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​လုပ်​သော ရွှေ​တန်​ဆာ​အ​လုံး​စုံ​တို့​ကို အ​ပိုင်း​ပိုင်း​ဖြတ်​လေ၏။

နန်း​တော်၌ ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ ယ​နေ့​တိုင်​အောင် ဘိုး​ဘေး​တို့​သည် ဆည်း​ပူး​သ​မျှ​ကို​လည်း​ကောင်း၊ ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား​ရ​သော​ကာ​လ​သည် ရောက်​လိမ့်​မည်။ တစ်​စုံ​တစ်​ခု​မျှ မ​ကျန်​ကြွင်း​ရ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင်​က​လည်း၊ အ​ဘယ်​အ​ကြောင်း​ကြောင့် ဤ​အ​မှု​ရောက်​သ​နည်း​ဟု စိတ်​ထဲ၌ အောက်​မေ့​လျှင်၊ သင်၏​အ​ပြစ်​များ​သော​ကြောင့်၊ သင့်​အ​ဝတ်​ကို ချွတ်​ရ၏။ ခြေ​နင်း​ကို​လည်း​မ​စီး​ရ။

သင်၏​အ​ဝတ်​ကို​လည်း​ယူ၍၊ မြင့်​သော​အ​ရပ်​တို့​ကို ထူး​ခြား​သော အ​ဆင်း​အ​ရောင်​နှင့် ဆင်​ပြင်၍၊ တစ်​ခါ​မျှ​မ​မြင်​စ​ဖူး၊ နောက်၌​လည်း မ​ဖြစ်​လ​တ္တံ့​သော​အ​မှု၊ မ​တ​ရား​သော​မေ​ထုန်​ကို ထို​အ​ရပ်၌ ပြု​လေ​ပြီ။

သင့်​ကို​ချစ်​သော ရည်း​စား​ရှိ​သ​မျှ​တို့​နှင့် သင်​ချစ်​သော​သူ၊ မုန်း​သော​သူ အ​ပေါင်း​တို့​ကို ငါ​စု​ဝေး​မည်။ သင့်​တစ်​ဖက်​ပတ်​လည်၌ စု​ဝေး​စေ၍၊ သင်၌ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း​ကို ငါ​ပြ​သ​ဖြင့်၊ ထို​သူ​အ​ပေါင်း​တို့​သည် သင်၌ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သ​မျှ​ကို မြင်​ရ​ကြ​လိမ့်​မည်။

သင့်​ကို သူ​တို့​လက်​သို့ ငါ​အပ်​သ​ဖြင့်၊ သူ​တို့​သည် သင်၏​ကု​ဋီ​တိုက်​ကို​ဖျက်၍၊ သင်၏​မြင့်​သော​အ​ရပ်​တို့​ကို ဖြို​ချ​ကြ​လိမ့်​မည်။ သင့်​အ​ဝတ်​တို့​ကို ချွတ်၍ လှ​သော​တန်​ဆာ​တို့​ကို လု​ယူ​ပြီး​လျှင်၊ သင့်​ကို အ​ဝတ်​မ​ပေး၊ အ​ချည်း​စည်း​ရှိ​စေ​ခြင်း​ငှာ ပစ်​ထား​ကြ​လိမ့်​မည်။

သူ​တို့​သည် မုန်း​သည်​အ​တိုင်း​ပြု​လျက်၊ သင်​ကြိုး​စား၍ ဆည်း​ပူး​သ​မျှ​သော ဥ​စ္စာ​တို့​ကို​သိမ်း​ယူ၍၊ သင့်​ကိုယ်၌ အ​ဝတ်​မ​ရှိ၊ အ​ချည်း​စည်း ရှိ​ရစ်​စေ​ကြ​လိမ့်​မည်။ သင်​မှား​ယွင်း၍ အ​ချည်း​စည်း​ရှိ​ခြင်း၊ အ​ဓ​မ္မ​အ​မှု​ကို​ပြု​ခြင်း၊ မ​တ​ရား​သော​မေ​ထုန်​သို့ လိုက်​ခြင်း​အ​ရာ​သည် ထင်​ရှား​ရ​လိမ့်​မည်။

မ​ရှောင်​လျှင် သူ၏​အ​ဝတ်​ရှိ​သ​မျှ​ကို ငါ​ချွတ်၍၊ သူ​ဖွား​သော​နေ့၌ အ​ဝတ်​မ​ရှိ​သ​ကဲ့​သို့ အ​ဝတ်​မ​ပါ၊ ပြင်၌ ထုတ်​ထား​မည်။ လွင်​ပြင်​ကဲ့​သို့ သုတ်​သင်​မည်။ သွေ့​ခြောက်​သော မြေ​ကဲ့​သို့ ဖြစ်​စေ​လျက် ရေ​အ​ငတ်​ထား၍ သေ​စေ​မည်။

ယ​ခု​မြင်​သော ချို​ဆယ်​ချောင်း​နှင့် သား​ရဲ​သည် ပြည့်​တန်​ဆာ​ကို မုန်း၍ သူ၏​စည်း​စိမ်​ကို ဖျက်​ဆီး​လိမ့်​မည်။ သူ၏​အ​ဝတ်​တန်​ဆာ​ကို ချွတ်၍ သူ၏​အ​သား​ကို ကိုက်​စား​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ