အသက်ငယ်စဉ်အခါ အဲဂုတ္တုပြည်၌ မှားယွင်းသောကာလကို အောက်မေ့သဖြင့်၊ မှားယွင်းခြင်းကို အထပ်ထပ်ပြု၏။
ထိုနောက်သုံးလခန့်လွန်သည်ရှိသော်၊ သူတစ်ပါးက၊ သင်၏ချွေးမတာမာသည် ပြည့်တန်ဆာလုပ်၍ မတရားသောမေထုန်ပြုသဖြင့် ကိုယ်ဝန်ဆောင်လျက်နေပြီတကားဟု ယုဒအားပြောဆိုလျှင်၊ ယုဒက သူ့ကိုထုတ်၍မီးရှို့စေဟု စီရင်လေ၏။
သင်ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှု၊ မတရားသော မေထုန်အမှုအပေါင်းတို့ကိုပြုစဉ်တွင်၊ အရွယ်ငယ်သောအခါ အဝတ်မရှိ၊ အချည်းစည်းရှိကြောင်း၊ ကိုယ်အသွေး၌ လူးလဲလျက်နေကြောင်းကို မအောက်မေ့ပါတကား။
သင်သည် မြင့်သောအရပ်ကို လမ်းဦးတိုင်းလုပ်၍၊ ကိုယ်လှသောအဆင်းကို ရွံရှာဖွယ်ဖြစ်သည်တိုင်အောင်ပြုလျက်၊ ခရီးသွားသောသူအပေါင်းတို့အား ပေါင်တို့ကိုခွာဖွင့်၍၊ မတရားသောမေထုန်အမှုတို့ကို များပြားစေ၏။
ထိုမှတစ်ပါး၊ ခါနာန်ပြည်မှသည် ခါလဒဲပြည်တိုင်အောင်၊ မတရားသောမေထုန်အမှုတို့ကို များပြားစေသော်လည်း စိတ်မပြေနိုင်။
ရှမာရိသည်လည်း၊ သင်ပြုမိသော ဒုစရိုက်တစ်ဝက်ကိုမျှမပြုမိ။ သင်မူကား၊ ညီအစ်မတို့၏အပြစ်ကို မထင်ရှားစေသည်တိုင်အောင်၊ စက်ဆုပ်ရွံရှာဖွယ်သော အမှုတို့ကို သူတို့ထက်မက များပြားစွာပြုလေပြီတကား။
သင်တို့အသီးအသီး ဖူးမျှော်သော စက်ဆုပ်ရွံရှာဖွယ်အရာတို့ကို စွန့်ပစ်ကြလော့။ အဲဂုတ္တုရုပ်တုတို့နှင့် ကိုယ်ကိုကိုယ် မညစ်ညူးစေကြနှင့်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏ဟု ငါဆိုသော်လည်း၊
အထူးသဖြင့် မတရားသောမေထုန်ကို ပြုသောအကြောင်းအရာ ဟူမူကား၊ ခါးစည်းကိုစည်းလျက်၊ ထူးဆန်းသောပန်းဆိုးခေါင်းပေါင်းကို ပေါင်းလျက်၊ မွေးဖွားရာဌာန ခါလဒဲပြည် ဗာဗုလုန်မြို့သားကဲ့သို့၊ မင်း၏အသွင်ကို ဆောင်လျက်၊
ထိုသို့ မတရားသော မေထုန်ကိုပြုခြင်း၊ အဝတ်အချည်းစည်းရှိခြင်းကို ထင်ရှားဖော်ပြသောကြောင့်၊ ငါသည် သူအစ်မကို ရွံရှာသကဲ့သို့၊ သူ့ကိုလည်းရွံရှာ၏။
မြည်းအင်္ဂါနှင့်တူသောအင်္ဂါ၊ မြင်းသုက်ရည်နှင့်တူသော သုက်ရည်ရှိသော ထိုရည်းစားတို့ကိုပင် တပ်မက်လေသည်တကား။
သို့ဖြစ်၍၊ အို အဟောလိဗ၊ အဲဂုတ္တုလူတို့သည် သင့်အသရေကိုရှုတ်ချ၍၊ အပျိုမသားမြတ်တို့ကို ပွတ်နယ်ကြသဖြင့်၊ သင်အသက်ငယ်စဉ်အခါ သင်ပြုသောအဓမ္မအမှုကို အထပ်ထပ်ပြုသောကြောင့်၊
သူတို့သည် အသက်ငယ်စဉ်အခါ၊ အဲဂုတ္တုပြည်၌ မတရားသောမေထုန်ကို ပြုကြ၏။ ထိုပြည်၌ သူတို့၏သားမြတ်ကို ပွတ်နယ်၍ အပျိုမအသရေကို ရှုတ်ချကြ၏။
အသက်ငယ်စဉ်အခါ အဲဂုတ္တုပြည်၌ သူနှင့်သင့်နေ၍၊ အပျိုမအသရေကို ရှုတ်ချသဖြင့်၊ အထပ်ထပ် မတရားသောမေထုန်ကို ပြုကြသည်နှင့်အညီ၊ အဲဂုတ္တုမေထုန်ကိုလည်း မစွန့်ပစ်၊ မှီဝဲလျက်နေ၏။
ဗေသလမြို့သို့သွား၍ ပြစ်မှားကြလော့။ ဂိလဂါလမြို့သို့လည်း သွား၍ များစွာသောပြစ်မှားခြင်းကို ပြုကြလော့။ နံနက်တိုင်း ပူဇော်သောယဇ်ကိုလည်းကောင်း၊ သုံးနှစ်တစ်ခါ ဥစ္စာဆယ်ဖို့တစ်ဖို့ကိုလည်းကောင်း ဆောင်ခဲ့ကြလော့။