တင့်တယ်သော အဝတ်ကိုဝတ်သော မိမိအိမ်နီးချင်း အာရှုရိအမျိုးသားဗိုလ်မင်း၊ ဝန်မင်း၊ ချစ်ဖွယ်သောလူပျို၊ မြင်းစီးသူရဲတို့ကို တပ်မက်၏။
သင်သည် ကိလေသာစိတ် မပြေသောကြောင့်၊ အာရှုရိလူတို့နှင့်လည်း မှားယွင်းလေ၏။ ထိုသို့ မှားယွင်းသော်လည်း စိတ်မပြေနိုင်။
ထိုအခါ သူသည် ညစ်ညူးကြောင်းနှင့်၊ အစ်မလိုက်သောလမ်းသို့ လိုက်ကြောင်းကို ငါသိမြင်၏။
အာရှုရိလူများနှင့်တကွ အကြီးအကဲ၊ သူဌေးသူကြွယ်၊ ထင်ရှားသောသူဖြစ်သော ဗာဗုလုန်လူ၊ ခါလဒဲလူများတည်းဟူသော၊ ချစ်ဖွယ်သော လူပျို၊ ဗိုလ်မင်း၊ ဝန်မင်း။ မှူးကြီးမတ်ကြီး၊ မြင်းစီးသူရဲအပေါင်းတို့သည်၊
သူသည် ရည်းစားတို့ကို လိုက်သော်လည်း မမီ၊ ရှာသော်လည်း မတွေ့ဘဲနေရသောအခါ၊ လင်ဟောင်းထံသို့ ငါပြန်သွားမည်။ ယခုနေရာထက် အရင်နေရာ သာ၍ကောင်းသည်ဟု ဆိုလိမ့်မည်။