Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 22:7

Judson Bible

သင့်​အ​လယ်၌ မိ​ဘ​တို့​ကို မ​ထီ​မဲ့​မြင်​ပြု​ကြ၏။ တစ်​ပါး​အ​မျိုး​သား​တို့​ကို အ​နိုင်​အ​ထက်​ပြု​ကြ၏။ မိ​ဘ​မ​ရှိ​သော​သူ​နှင့် မု​ဆိုး​မ​တို့​ကို ညှဉ်း​ဆဲ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

အို​ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​သည် ကိုယ်​တော်၏ လူ​တို့​ကို​နှိပ်​စက်၍၊ အ​မွေ​တော်​ကို ညှဉ်း​ဆဲ​ကြ​ပါ၏။

မု​ဆိုး​မ​နှင့် ဧည့်​သည်​ကို​လည်း​ကောင်း၊ မိ​ဘ​မ​ရှိ​သော သူ​ငယ်​ကို​လည်း​ကောင်း သတ်​ကြ​ပါ၏။

သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​ပြည်၌ သင်၏​အ​သက်​တာ ရှည်​မည်​အ​ကြောင်း၊ သင်၏​မိ​ဘ​ကို​ရို​သေ​စွာ​ပြု​လော့။

မိ​ဘ​ကို​ကျိန်​ဆဲ​သော​သူ​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။

တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​ဖြစ်​သော ဧည့်​သည်​ကို မ​ညှဉ်း​ဆဲ​ရ။ သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ ဧည့်​သည်​ဖြစ်​ခဲ့​ဖူး​သော​ကြောင့်၊ ဧည့်​သည်​၏​စိတ်​သ​ဘော​ကို သိ​ကြ၏။

အ​ကြင်​သူ​သည် မိ​ဘ​ကို​ကျိန်​ဆဲ၏။ ထို​သူ၏​မီး​ခွက်​သည် ထူ​ထပ်​သော မှောင်​မိုက်၌ သေ​လိမ့်​မည်။

အ​ဘ​ကို​ကျိန်​ဆဲ၍ အ​မိ​ကို​လည်း ကောင်း​ချီး​မ​ပေး​တတ်​သော လူ​တစ်​မျိုး၊

အ​ဘ​ကို ကျီ​စား​သော​သူ၊ အ​မိ​စ​ကား​ကို နား​မ​ထောင်၊ မ​ထီ​မဲ့​မြင်​ပြု​သော​သူ၏​မျက်​စိ​ကို ချိုင့်၌​ကျင်​လည်​သော ကျီး​အ​တို့​သည် နှိုက်​ကြ​လိမ့်​မည်။ ရွှေ​လင်း​တ သူ​ငယ်​တို့​သည်​လည်း စား​ကြ​လိမ့်​မည်။

ကောင်း​သော​အ​ကျင့်​ကို ကျင့်​အံ့​သော​ငှာ သင်​ကြ​လော့။ တ​ရား​သ​ဖြင့် ပြု​ခြင်း​ငှာ ကြံ​ကြ​လော့။ ကောက်​သော​အ​ရာ​ကို ဖြောင့်​စေ​ကြ​လော့။ မိ​ဘ​မ​ရှိ​သော​သူ​တို့​အ​ဖို့ တ​ရား​သ​ဖြင့် စီ​ရင်​ကြ​လော့။ မု​ဆိုး​မ​တို့​၏​အ​မှု​ကို စောင့်​ကြ​လော့။

သင်​၏​မင်း​တို့​သည် ပုန်​ကန်​ကြ​ပြီ။ သူ​ခိုး​လက်​ခံ​ဖြစ်​ကြ​ပြီ။ ထို​မင်း​အ​ပေါင်း​တို့​သည် လက်​ဆောင်​ကို အ​လို​ရှိ​ကြ​၏။ တံ​စိုး​ကို​စား​ကြ​၏။ မိ​ဘ​မ​ရှိ​သော​သူ​တို့​အ​ဖို့ တ​ရား​မ​စီ​ရင်​ကြ။ မု​ဆိုး​မ​အ​မှု​ကို နား​မ​ထောင်​ကြ။

ဧည့်​သည်​အာ​ဂ​န္တု၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်၊ မု​ဆိုး​မ​ကို မ​ညှဉ်း​ဆဲ၊ အ​ပြစ်​မ​ရှိ​သော​သူ၏​အ​သက်​ကို ဤ​အ​ရပ်၌ မ​သတ်၊ ကိုယ်​အ​ကျိုး​ကို ဖျက်၍ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို မ​ချဉ်း​ကပ်​ဘဲ​နေ​လျှင်​လည်း​ကောင်း၊

ဆင်း​ရဲ​ငတ်​မွတ်​သော​သူ​ကို ညှဉ်း​ဆဲ​ခြင်း၊ သူ့​ဥ​စ္စာ​ကို အ​နိုင်​အ​ထက်​လု​ယူ​ခြင်း၊ ပေါင်​ထား​သော​ဥ​စ္စာ​ကို ပြန်၍​မ​ပေး​ဘဲ​နေ​ခြင်း၊ ရုပ်​တု​ကို ဖူး​မျှော်​ခြင်း၊ ရွံ​ရှာ​ဖွယ်​သော အ​မှု​ကို​ပြု​ခြင်း၊

ထို​ပြည်​အ​လယ်၌ ပ​ရော​ဖက်​တို့​သည် သင်း​ဖွဲ့​ခြင်း​ကို ပြု​ကြ​ပြီ။ ဟောက်၍ အ​ကောင်​ကို​ကိုက်​ဖြတ်​သော ခြင်္သေ့​ကဲ့​သို့ လူ​တို့​ကို ကိုက်​စား​ကြ၏။ ဘ​ဏ္ဍာ​များ​နှင့် အ​ဖိုး​ထိုက်​သော​ဥ​စ္စာ​များ​ကို လု​ယူ​ကြ၏။ ပြည်​အ​လယ်၌ မု​ဆိုး​မ​တို့​ကို များ​ပြား​စေ​ကြ၏။

ပြည်​သူ​ပြည်​သား​တို့​သည်​လည်း ညှဉ်း​ဆဲ​ခြင်း၊ ဓား​ပြ​တိုက်​ခြင်း၊ ဆင်း​ရဲ​ငတ်​မွတ်​သော​သူ​တို့​ကို နှိပ်​စက်​ခြင်း၊ တစ်​ပါး​အ​မျိုး​သား​တို့​အား မ​တ​ရား​သ​ဖြင့် ညှဉ်း​ဆဲ​ခြင်း​ကို ပြု​ကြ၏။

မိ​ဘ​ကို​ကျိန်​ဆဲ​သော​သူ​တိုင်း အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ မိ​ဘ​ကို ကျိန်​ဆဲ​သော​ကြောင့် သေ​ထိုက်​သော​အ​ပြစ်​ရှိ၏။

မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား၊ ဆင်း​ရဲ​သား​ကို မ​ညှဉ်း​ဆဲ​ကြ​နှင့်။ တစ်​ယောက်​ကို တစ်​ယောက် မ​ကောင်း​သော​အ​ကြံ​ကို မ​ကြံ​ကြ​နှင့်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော်​လည်း၊

သင်​တို့​ကို စစ်​ကြော​စီ​ရင်​ခြင်း​ငှာ ငါ​ချဉ်း​မည်။ ပြု​စား​တတ်​သော​သူ၊ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ၊ မ​မှန်​သော ကျိန်​ဆို​ခြင်း​ကို ပြု​သော​သူ၊ သူ​ငှား​ကို အ​ခ​မ​ပေး ညှဉ်း​ဆဲ​သော​သူ၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​နှင့် မု​ဆိုး​မ​ကို ညှဉ်း​ဆဲ​သော​သူ၊ ဧည့်​သည်​ကို မ​တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ၊ ငါ့​ကို​မ​ကြောက်​ရွံ့​သော​သူ​တို့​တစ်​ဖက်၌ ငါ​သည် လျင်​မြန်​သော​သက်​သေ​ဖြစ်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

မော​ရှေ၏ ပ​ညတ်​ကား၊ မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။ အ​ကြင်​သူ​သည် မိ​ဘ​ကို နှုတ်​ဖြင့်​ပြစ်​မှား၏၊ ထို​သူ​သည် အ​သေ​သတ်​ခြင်း​ကို ခံ​စေ​ဟု လာ​သ​တည်း။-

တ​ရား​ရှာ​တွေ့​ခြင်း​အ​မှု​မှာ တစ်​ပါး​အ​မျိုး​သား​နှင့် မိ​ဘ​မ​ရှိ​သော​သူ​ကို အ​ရှုံး​မ​ပေး​ရ။ မု​ဆိုး​မ​အ​ဝတ်​ကို အ​ပေါင်​မ​ယူ​ရ။

မိ​ဘ​ကို မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု​ဝန်​ခံ​ရ​ကြ​မည်။

တ​ရား​တွေ့​ခြင်း​အ​မှု​မှာ တစ်​ပါး​အ​မျိုး​သား၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​ကို မ​တ​ရား​သ​ဖြင့် အ​ရှုံး​ပေး​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု ဝန်​ခံ​ရ​ကြ​မည်။

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​ပြည်၌ သင်​သည် အ​သက်​တာ​ရှည်၍ ကောင်း​စား​ရ​မည်​အ​ကြောင်း၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သင်၏​မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ