Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 22:6

Judson Bible

ဣ​သ​ရေ​လ​မင်း​သား​တို့​သည် အ​သီး​အ​သီး အ​ခွင့်​တန်​ခိုး​ရှိ​သည်​အ​တိုင်း၊ သင့်​အ​လယ်၌ လူ​အ​သက်​ကို သတ်​တတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​တို့​ရှင်​ဘု​ရင်၊ မှူး​မတ်၊ ယဇ်​ပု​ရော​ဟိတ်၊ အ​ဆွေ​အ​မျိုး​သူ​ကြီး​တို့​သည် တ​ရား​တော်​ကို​မ​စောင့်။ ပေး​ထား​တော်​မူ​သော ပ​ညတ်​များ​နှင့် သက်​သေ​ခံ​ချက်​များ​တို့​ကို နား​မ​ထောင်​ကြ။

ဆင်း​ရဲ​သော​သူ​တို့​ကို မြေ​ကြီး​ပေါ်​က​လည်း​ကောင်း၊ ငတ်​မွတ်​သော​သူ​တို့​ကို လူ​စု​ထဲ​က​လည်း​ကောင်း၊ ကိုက်​စား​ပယ်​ရှင်း​စ​ရာ​ဖို့ သန်​လျက်​နှင့်​တူ​သော သွား၊ ဓား​နှင့်​တူ​သော အံ​နှင့် ပြည့်​စုံ​သော လူ​တစ်​မျိုး​ရှိ၏။

သင်​၏​မင်း​တို့​သည် ပုန်​ကန်​ကြ​ပြီ။ သူ​ခိုး​လက်​ခံ​ဖြစ်​ကြ​ပြီ။ ထို​မင်း​အ​ပေါင်း​တို့​သည် လက်​ဆောင်​ကို အ​လို​ရှိ​ကြ​၏။ တံ​စိုး​ကို​စား​ကြ​၏။ မိ​ဘ​မ​ရှိ​သော​သူ​တို့​အ​ဖို့ တ​ရား​မ​စီ​ရင်​ကြ။ မု​ဆိုး​မ​အ​မှု​ကို နား​မ​ထောင်​ကြ။

သင်၏​မျက်​စိ​နှင့် သင်၏​နှ​လုံး​မူ​ကား၊ လော​ဘ​လွန်​ကျူး​ခြင်း၊ အ​ပြစ်​မ​ရှိ​သော​သူ​ကို သတ်​ခြင်း၊ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​မှ​တစ်​ပါး၊ အ​ဘယ်​အ​မှု​ကို​မျှ မ​မှတ်​တတ်။

ရှင်​ဘု​ရင်၊ မှူး​မတ်၊ ယဇ်​ပု​ရော​ဟိတ်၊ ပ​ရော​ဖက်၊ ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် ငါ့​အ​မျက်​ကို နှိုး​ဆော်​ခြင်း​ငှာ ပြု​လေ​သ​မျှ​သော ဒု​စ​ရိုက်​ကြောင့်၊ ဤ​မြို့​ကို ငါ့​ထံ​မှ ငါ​ပယ်​ရှား​မည်​အ​ကြောင်း၊ မြို့​တည်​သော နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင်၊ ငါ့​အ​မျက်​ထွက်၍၊ အ​မျက်​အ​ရှိန်​အား​ကြီး​စေ​သော မြို့​ဖြစ်၏။

လူ​ကြီး​များ​ထံ​သို့ ငါ​သွား၍​ပြော​မည်။ သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ တ​ရား​တော်​ကို​လည်း​ကောင်း၊ မိ​မိ​တို့​ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​ရာ​ကို​လည်း​ကောင်း သိ​ကြ၏​ဟု ဆို​သော်​လည်း၊ သူ​တို့​သည် ထမ်း​ပိုး​တော်​ကို ချိုး၍၊ အ​နှောင်​အ​ဖွဲ့​တော်​တို့​ကို ဖြတ်​ကြ​ပြီ။

အ​ချင်း​လူ​သား၊ ငို​ကြွေး​အော်​ဟစ်​လော့။ အ​ကြောင်း​မူ​ကား၊ ငါ၏​လူ​တို့၌ ရောက်​လိမ့်​မည်။ ဣ​သ​ရေ​လ​မင်း​သား အ​ပေါင်း​တို့၌​လည်း ရောက်​လိမ့်​မည်။ သူ​တို့​နှင့်​တ​ကွ ငါ၏​လူ​တို့​ကို ဓား၌​အပ်​လေ၏။ ထို​ကြောင့်၊ သင်၏​ပေါင်​ကို ရိုက်​လော့။

မင်း​တို့​သည်​လည်း အ​ကောင်​ကို ကိုက်​ဖြတ်​သော​တော​ခွေး​ကဲ့​သို့ ပြည်​အ​လယ်၌​ဖြစ်၍၊ မ​တ​ရား​သော စီး​ပွား​ကို ရှာ​လို​သော​ငှာ လူ​အ​သက်​ကို​သတ်၍၊ သူ​တစ်​ပါး​တို့​ကို သုတ်​သင်​ပယ်​ရှင်း​တတ်​ကြ၏။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ မိ​မိ​အ​ချိန်​ရောက်​စေ​ခြင်း​ငှာ၊ မိ​မိ​အ​လယ်၌ လူ​အ​သက်​ကို​သတ်၍၊ မိ​မိ​ကို​ညစ်​ညူး​စေ​ဖို့ မိ​မိ​တစ်​ဖက်၌ ရုပ်​တု​တို့​ကို​လုပ်​တတ်​သော​မြို့၊

ငါ၏​မင်း​သား​တို့​သည် နောက်​တစ်​ဖန် ငါ၏​လူ​တို့​ကို မ​ညှဉ်း​ဆဲ​မည်​အ​ကြောင်း၊ ထို​မြေ​သည် ဣ​သ​ရေ​လ​ပြည်၌ မင်း​သား​ပိုင်​သော​မြေ ဖြစ်​ရ​မည်။ ကြွင်း​သော​မြေ​ကို ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ် အ​သီး​အ​သီး​တို့​အား ပေး​ဝေ​ရ​မည်။

အို​ဘု​ရား​ရှင်၊ ကိုယ်​တော်​ကို ပြစ်​မှား​သော​ကြောင့်၊ အ​ကျွန်ုပ်​တို့၏​ရှင်​ဘု​ရင်၊ မင်း​သား၊ အ​သက်​ကြီး​သူ​မှ​စ၍ အ​ကျွန်ုပ်​တို့​သည် မျက်​နှာ​ပျက်​ခြင်း​နှင့် ဆိုင်​ကြ​ပါ၏။

ဒု​စ​ရိုက်​ကို ပြု​ခြင်း​ငှာ အိပ်​ရာ​ပေါ်​မှာ မ​ကောင်း​သော အ​ကြံ​ကို​ကြံ၍၊ မိုး​လင်း​သော​အ​ခါ အ​ခွင့်​ရ​သည်​အ​တိုင်း ပြု​တတ်​သော သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။

မြို့​အ​လယ်၌ မင်း​များ​တို့​သည် ဟောက်​သော​ခြင်္သေ့​ဖြစ်​ကြ၏။ တ​ရား​သူ​ကြီး​တို့​သည် နံ​နက်​တိုင်​အောင် အ​ဘယ်​အ​ရာ​ကို​မျှ မ​ချန်​မ​ထား၊ ည၌ လှည့်​လည်​တတ်​သော တော​ခွေး​ဖြစ်​ကြ၏။

ပ​ရော​ဖက်​တို့​သည် လျှပ်​ပေါ်​သော​သူ၊ သ​စ္စာ​ပျက်​သော​သူ​ဖြစ်​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ညစ်​ညူး​စေ၍ တ​ရား​တော်​ကို​လည်း ရှုတ်​ချ​ကြ၏။

ယော​ရှု​သည် ညစ်​ညူး​သော​အ​ဝတ်​ကို ဝတ်​လျက်၊ ကောင်း​ကင်​တ​မန်​ရှေ့​မှာ ရပ်​နေ​သည်​ဖြစ်၍၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ