Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 22:24

Judson Bible

အ​ချင်း​လူ​သား၊ သင်​ဆင့်​ဆို​ရ​မည်​မှာ၊ အ​မျက်​ထွက်​သော​နေ့၌​မိုး​မ​ရွာ၊ သင်​သည် မိုး​ရေ​ကို မ​ခံ​ရ​သော​ပြည်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အာ​ခတ်​မင်း​ကြီး​သည် ဆင်း​ရဲ​ဒု​က္ခ​ခံ​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​ကို သာ၍​ပြစ်​မှား၏။

သူ​တို့​ကို​အ​ဘယ်​သို့ ဒဏ်​ပေး​ရ​ဦး​မည်​နည်း။ အ​ဘယ်​သို့ ထပ်​၍ ဆုံး​မ​ရ​ဦး​မည်​နည်း။ ဦး​ခေါင်း​သည် အ​နာ​သက်​သက်​ရှိ​၏။ နှ​လုံး​သည်​လည်း ခွန်​အား​အ​လျှင်း​မ​ရှိ။

ဤ​လူ​မျိုး​သည် ဒဏ်​ခတ်​တော်​မူ​သော သူ​ထံ​သို့ မ​လှည့်​မ​ပြန်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ကို မ​ရှာ​မ​ဖွေ​တတ်။

ငါ​သည် သင်​တို့​သား​များ​ကို အ​ချည်း​နှီး​ဒဏ်​ပေး​ပြီ။ သူ​တို့​သည် ဆုံး​မ​ခြင်း​ကို မ​ခံ​ကြ။ သင်​တို့၏​ဓား​သည် လု​ယူ​ဖျက်​ဆီး​တတ်​သော ခြင်္သေ့​ကဲ့​သို့၊ သင်​တို့၏ ပ​ရော​ဖက်​များ​ကို​ဖျက်​ဆီး​လေ​ပြီ။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သ​စ္စာ​တ​ရား​ကို ထောက်​ရှု​တော်​မူ​သည် မ​ဟုတ်​လော။ ကိုယ်​တော်​သည် ဒဏ်​ခတ်​တော်​မူ​သော်​လည်း သူ​တို့​သည် ညှိုး​ငယ်​သော​စိတ်​မ​ရှိ​ကြ​ပါ။ ဖျက်​ဆီး​တော်​မူ​သော်​လည်း၊ သူ​တို့​သည် ဆုံး​မ​ခြင်း​ကို ငြင်း​ပယ်​ကြ​ပါ​ပြီ။ မိ​မိ​တို့​မျက်​နှာ​ကို ကျောက်​ထက်​သာ၍​မာ​စေ​ကြ​ပါ​ပြီ။ ငါ​တို့​သည် ပြန်၍​မ​လာ​ဟု ငြင်း​ဆန်​လျက် နေ​ကြ​ပါ​ပြီ။

ဖို​ကို မီး​လောင်​ပြီ။ ခဲ​လည်း​ကုန်​ပြီ။ စစ်​သော​သူ​သည်​မှုတ်၍ အ​ကျိုး​ကို​မ​ရ။ ညံ့​သော​အ​ရာ​ကို မ​ထုတ်​မ​ပယ်​နိုင်။

တစ်​ဖန်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊

သင်၏​အ​ညစ်​အ​ကြေး၌ အ​ဓ​မ္မ​အ​မှု​ပါ၏။ ငါ​ဆေး​ကြော၍ သင်​သည် ဆေး​ကြော​ခြင်း​ကို မ​ခံ​သော​ကြောင့်၊ ငါ၏​အ​မျက်​အ​ရှိန်​သည် သင့်​အ​ပေါ်​သို့​မ​ရောက်​မ​ချင်း​တိုင်​အောင်၊ သင်၏​အ​ညစ်​အ​ကြေး​ကို မ​ဆေး​ကြော​ရ။

နှုတ်​က​ပတ်​တော်​အ​သံ​ကို နား​မ​ထောင်၊ ဆုံး​မ​တော်​မူ​ခြင်း​ကို​မ​ခံ၊ ထာ​ဝ​ရ​ဘု​ရား​ကို မ​ခို​လှုံ၊ မိ​မိ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ မ​ချဉ်း​ကပ်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ