Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 21:28

Judson Bible

အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​မ္မုန်​အ​မျိုး​သား​တို့​ကို​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ခါ​လ​ဒဲ​ရှင်​ဘု​ရင်​ကို စစ်​ချီ​စေ​တော်​မူ၏။ ထို​ရှင်​ဘု​ရင်​သည် သန့်​ရှင်း​ရာ​ဌာ​န​အိမ်​တော်၌ လူ​ပျို​တို့​ကို ဓား​နှင့်​သတ်၏။ ယောက်ျား​ပျို၊ မိန်း​မ​ပျို၊ လူ​အို၊ အ​သက်​ကြီး၍ ကျော​ကုန်း​သော သူ​တို့​ကို​ပင် မ​သ​နား၊ ရှိ​သ​မျှ​တို့​ကို ထို​ရှင်​ဘု​ရင်​လက်​သို့ အပ်​တော်​မူ၏။

အာ​ရှု​ရိ​လူ​သည်​လည်း၊ ကြီး​မြတ်​သော​သူ၏ ဓား​မ​ဟုတ်​သော ဓား​ဖြင့် ဆုံး​လိမ့်​မည်။ ယုတ်​သော​သူ၏ ဓား​မ​ဟုတ်​သော​ဓား​သည် သူ့​ကို​ဖျက်​ဆီး​လိမ့်​မည်။ သူ​သည်​လည်း ဓား​ဘေး​မှ​ပြေး၍၊ သူ​ရဲ​တို့​သည် ကျွန်​ခံ​ရ​ကြ​လိမ့်​မည်။

တော၌ မြင့်​သော​အ​ရပ် အ​လုံး​စုံ​တို့​အ​ပေါ်​မှာ လု​ယက်​သော​သူ​တို့​သည် တက်​ကြ​ပြီ။ အ​ကယ်​စင်​စစ် ပြည်​စွန်း​တစ်​ဖက်​မှ တစ်​ဖက်​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား၏​ဓား​တော်​သည် ဖျက်​ဆီး​သ​ဖြင့်၊ အ​ဘယ်​သူ​မျှ​ချမ်း​သာ​မ​ရ။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​ရန်​သူ​တို့​ကို ဒဏ်​ပေး​ရ​သော​နေ့၊ အ​မျက်​တော်​ကို ဖြေ​ရ​သော​နေ့​ရက် ဖြစ်​သည်​နှင့်​အ​ညီ၊ ဓား​တော်​သည် ကိုက်​စား၍ ဝ​လိမ့်​မည်။ သူ​တို့​အ​သွေး​နှင့် ယစ်​မူး​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့၊ မြောက်​မျက်​နှာ၌ ဥ​ဖ​ရတ်​မြစ်​နား​မှာ ယဇ်​ပူ​ဇော်​စ​ရာ​အ​ကြောင်း​ရှိ၏။

သင့်​ပတ်​လည်၌ နေ​သော​သူ​တို့​ကို ဓား​တော်​သည် ကိုက်​စား​ပြီ။ ကိုယ်​ကို​ပြင်​ဆင်၍ မြဲ​မြံ​စွာ နေ​လော့​ဟု အဲ​ဂု​တ္တု​ပြည်၌ ကြွေး​ကြော်​ကြ​လော့။ မိ​ဂ​ဒေါ​လ​မြို့၌ သ​တင်း​ကြား​ကြ​လော့။ နော​ဖ​မြို့၊ တာ​ပ​နက်​မြို့၌​လည်း ကြား​ပြော​ကြ​လော့။

ဆွေ​တော်​မျိုး​တော်​ထဲ​က တစ်​ယောက်​ကို​ယူ၍ ပ​ဋိ​ညာဉ်​ဖွဲ့​လျက် သ​စ္စာ​တိုက်​လေ​ပြီ။

သို့​ရာ​တွင်၊ မြင်း​များ၊ လူ​များ​တို့​ကို​တောင်း​ခြင်း​ငှာ သံ​တ​မန်​ကို အဲ​ဂု​တ္တု​ပြည်​သို့​စေ​လွှတ်၍ ပုန်​ကန်​လေ​ပြီ။ ထို​သို့​ပြု​သော​သူ​သည် ကောင်း​စား​ရ​မည်​လော။ ဘေး​လွတ်​ရ​မည်​လော။ သ​စ္စာ​ဖျက်​ပြီး​မှ လွတ်​ရ​မည်​လော။

အ​မ္မုန်​ပြည်၌ ရ​ဗ္ဗတ်​မြို့​သို့​လည်း​ကောင်း၊ ယု​ဒ​ပြည်၌ ခိုင်​ခံ့​သော ယေ​ရု​ရှ​လင်​မြို့​သို့​လည်း​ကောင်း၊ ဓား​ရောက်​ရာ​လမ်း​ကို မှတ်​သား​လော့။

နောက်​တစ်​ဖန် အ​တိုင်း​တိုင်း​အ​ပြည်​ပြည် ကဲ့​ရဲ့​အ​ပြစ်​တင်​သော စ​ကား​ကို​မ​ကြား​ရ။ နောက်​တစ်​ဖန် ကိုယ်​အ​မျိုး​သား​တို့၌ လု​ယူ​ဖျက်​ဆီး​ခြင်း​ကို မ​ပြု​ရ​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဂိ​ဗာ​မြို့ လက်​ထက်​ကဲ့​သို့ သူ​တို့​သည် ကိုယ်​ကို အ​လွန်​ညစ်​ညူး​စေ​ကြ​ပြီ။ သူ​တို့​အ​ပြစ်​ကို အောက်​မေ့၍ ဒု​စ​ရိုက်​များ​ကို စစ်​ကြော​တော်​မူ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ