Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 21:20

Judson Bible

အ​မ္မုန်​ပြည်၌ ရ​ဗ္ဗတ်​မြို့​သို့​လည်း​ကောင်း၊ ယု​ဒ​ပြည်၌ ခိုင်​ခံ့​သော ယေ​ရု​ရှ​လင်​မြို့​သို့​လည်း​ကောင်း၊ ဓား​ရောက်​ရာ​လမ်း​ကို မှတ်​သား​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ယွာ​ဘ​သည်​လည်း အ​မ္မုန်​ပြည်၊ ရ​ဗ္ဗာ​မြို့​ကို​တိုက်၍ မြို့​တော်​ကို​ရ​ပြီး​မှ၊

ထို​နောက် ဒါ​ဝိဒ်​သည် ရဲ​တိုက်၌​နေ၍ ဒါ​ဝိဒ်​မြို့​ဟူ​သော​အ​မည်​ဖြင့် သ​မုတ်​လေ၏။ မိ​လ္လော​အ​ရပ် ပတ်​လည်၌​လည်း​ကောင်း၊ အ​တွင်း​ဘက်၌​လည်း​ကောင်း တည်​ဆောက်​လေ၏။

ဩ​ဇိ​မင်း​သည် ယေ​ရု​ရှ​လင်​မြို့​ထောင့်​တံ​ခါး၊ ချိုင့်​တံ​ခါး၊ မြို့​ရိုး​ကွေ့​တံ​ခါး၌ ရဲ​တိုက်​တို့​ကို တည်၍​ခိုင်​ခံ့​စေ၏။

ဟေ​ဇ​ကိ​သည်​လည်း ကိုယ်​ကို ခိုင်​ခံ့​စေ၏။ ပြို​သော​မြို့​ရိုး​ရှိ​သ​မျှ​ကို ပြု​ပြင်၍၊ ရဲ​တိုက်​တို့​နှင့် တ​ညီ​တည်း​တည်၏။ ပြင်​မြို့​ရိုး​ကို​လည်း တည်၏။ ဒါ​ဝိဒ်​မြို့၌ မိ​လ္လော​ရဲ​တိုက်​ကို​လည်း ပြု​ပြင်၍၊ များ​စွာ​သော လှံ​လက်​နက်​ဒိုင်း လွှား​တို့​ကို​လည်း လုပ်​လေ၏။

ထို​နောက်၊ ဒါ​ဝိဒ်​မြို့​ပြင်၊ ဂိ​ဟုန်​မြို့​အ​နောက်​ဘက်၊ ချိုင့်​ထဲ​မှာ ငါး​တံ​ခါး​ဝ​တိုင်​အောင်​လည်း​ကောင်း၊ ဩ​ဖေ​လ​ရဲ​တိုက် ပတ်​လည်၌​လည်း​ကောင်း၊ အ​လွန်​မြင့်​သော​မြို့​ရိုး​ကို တည်၏။ ယု​ဒ​ပြည်​တွင် ခိုင်​ခံ့​သော​မြို့​ရှိ​သ​မျှ​တို့၌ တပ်​မှူး​တို့​ကို ခန့်​ထား၏။

ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော အိမ်​များ​ကို ရေ​တွက်​ကြ​လိမ့်​မည်။ မြို့​ရိုး​ကို​ပြု​ပြင်​လို​သော​ငှာ၊ အိမ်​များ​ကို ဖြို​ဖျက်​ကြ​လိမ့်​မည်။

ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​မ္မုန်​အ​မျိုး​သား​တို့​နေ​ရာ ရ​ဗ္ဗာ​မြို့၌ စစ်​တိုက်​ခြင်း​အ​သံ​ကို ငါ​ကြား​စေ​သော​အ​ချိန် ရောက်​လိမ့်​မည်။ ထို​မြို့​သည် ပျက်​စီး​ရာ​ပုံ​ဖြစ်၍၊ သူ၏​သ​မီး​တို့​သည်​လည်း မီး​ရှို့​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး၏ နေ​ရာ​ကို၊ သိမ်း​ယူ​သော​သူ​တို့၏​နေ​ရာ​ကို၊ ဣ​သ​ရေ​လ​သည် တစ်​ဖန်​သိမ်း​ယူ​ရ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ရန်​ပြု​သော​သူ​နှင့် စစ်​တိုက်​သော​သူ​သည် ယေ​ရု​ရှ​လင်​မြို့ တံ​ခါး​အ​တွင်း​သို့ ဝင်​နိုင်​သည်​ဟု၊ လော​ကီ​ရှင်​ဘု​ရင်​နှင့် လော​ကီ​သ​တ္တ​ဝါ တစ်​စုံ​တစ်​ယောက်​မျှ မ​ယုံ​ကြ။

ရ​ဗ္ဗာ​မြို့​ကို ကု​လား​အုတ်​တင်း​ကုပ်၊ အ​မ္မုန်​ပြည်​ကို သိုး​ကျက်​စား​ရာ​ငါ​ဖြစ်​စေ​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့ သိ​ရ​ကြ​လိမ့်​မည်။

ရ​ဗ္ဗာ​မြို့​ရိုး​ကို​မီး​ရှို့၍ ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။ စစ်​တိုက်​သော​နေ့၌ အော်​ဟစ်​ခြင်း၊ မိုး​သက်​မုန်​တိုင်း ရောက်​သော​နေ့၌ လွင့်​သွား​ခြင်း​ရှိ​လိမ့်​မည်။

အ​လွန်​ကြီး​မား​သော​လူ​မျိုး​မှ ဆင်း​သက်​သော ဗာ​ရှန်​ရှင်​ဘု​ရင် ဩ​ဃ​တစ်​ယောက်​တည်း​သာ ကျန်​ကြွင်း၏။ လူ​အ​တောင်​အား​ဖြင့် အ​လျား​ကိုး​တောင်၊ အ​နံ​လေး​တောင်​ရှိ​သော သူ၏​သံ​ခု​တင်​သည် အ​မ္မုန်​ပြည်၊ ရ​ဗ္ဗတ်​မြို့၌​ရှိ​သည်​မ​ဟုတ်​လော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ