Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 21:14

Judson Bible

သို့​ဖြစ်၍၊ အ​ချင်း​လူ​သား၊ ပ​ရော​ဖက်​ပြု၍​လက်​ခုပ်​တီး​လော့။ ဓား​တော်​သည် နှစ်​ခေါက်၊ သုံး​ခေါက်​ရောက်​ရ၏။ သူ​ရဲ​ဓား၊ အား​ကြီး​သော သူ​ရဲ​ဓား​ဖြစ်၏။ သူ​တို့​ကို​ဝန်း​ရံ​သော​ဓား​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ကျန်​သော​သူ​တို့​သည် အာ​ဖက်​မြို့​သို့​ပြေး၍ မြို့​ရိုး​လဲ​သ​ဖြင့် နှစ်​သောင်း​ခု​နစ်​ထောင်​ကို ဖိ​လေ၏။ ဗင်္ဟာ​ဒဒ်​သည် ပြေး၍ မြို့​ထဲ​အ​တွင်း​အ​ခန်း၌ ပုန်း​လျက်​နေ၏။

မိ​က္ခာ​က၊ သင်​သည်​ပုန်း​ရှောင်၍ နေ​ခြင်း​ငှာ အ​တွင်း​ခန်း​ထဲ​သို့ ဝင်​သော​နေ့၌ သင်​မြင်​လိမ့်​မည်​ဟု ဆို၏။

ယော​ယ​ကိမ်​မင်း​လက်​ထက် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ချီ​လာ၍၊ ယော​ယ​ကိမ်​သည် သုံး​နှစ်​ကျွန်​ခံ​ပြီး​မှ တစ်​ဖန်​လှန်​ပြန်၍ ပုန်​ကန်​လေ၏။

အာ​ရှ​ကေ​လုန်​မြို့​နှင့် ပင်​လယ်​ကမ်း​အ​မှု၌ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သော​ကြောင့်၊ အ​ဘယ်​သို့ ငြိမ်​ဝပ်​စွာ​နေ​နိုင်​သ​နည်း။ ထို​အ​မှု​ကို ဆောင်​ရွက်​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ၏။

စုံ​စမ်း​ခြင်း​အ​မှု​ဖြစ်၏။ ဓား​တော်​သည် လှံ​တံ​ကို မ​ရို​မ​သေ​ပြု​လျှင် အ​ဘယ်​သို့​နည်း။ လှံ​တံ​ဆုံး​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ငါ​သည်​လည်း လက်​ချင်း​ရိုက်၍၊ ငါ့​ဒေါ​သ​အ​ရှိန်​ကို​ငြိမ်း​စေ​မည်။ ထို​သို့ ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။

သင့်​အ​ပေါ်​သို့ ကာ​လ​နာ​ဘေး​ကို​လည်း​ကောင်း၊ သင်၏​လမ်း​တို့၌ ဓား​ဘေး​ကို​လည်း​ကောင်း၊ ငါ​စေ​လွှတ်၍၊ ပတ်​လည်၌ တိုက်​သော​ဓား​ဖြင့် သူ​ရဲ​တို့​သည် သင့်​အ​လယ်၌​လဲ၍ သေ​ကြ​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​ပြု​မိ​သ​မျှ​သော ရွံ​ရှာ​ဖွယ်​အ​မှု​ဆိုး​တို့​ကြောင့်၊ အ​မင်္ဂ​လာ ရှိ​ပါ​သည်​တ​ကား​ဟု​ဆို​လျက်၊ လက်​ခုပ်​တီး​လော့။ ခြေ​နှင့်​ဆောင့်​လော့။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ နာ​ဘေး​တို့​ဖြင့်​လဲ၍ သေ​ကြ​လိမ့်​မည်။

တစ်​ဖန်​တုံ၊ အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ အ​သီး​အ​သီး​တို့​သည် မှောင်​မိုက်​ထဲ​မှာ ပုံ​ရေး​သော​အ​ခန်း​တို့၌ ပြု​သော​အ​မှု​ကို မြင်​ပြီ​လော။ သူ​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​မ​မြင်။ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​ကို စွန့်​ပစ်​လေ​ပြီ​ဟု ဆို​ကြ၏။

ထို​အ​ခါ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် ပြင်း​စွာ အ​မျက်​ထွက်​သ​ဖြင့်၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​ကို ကြည့်​ရှု၍ မျက်​နှာ​တော်​ပျက်​လျက်၊ မီး​ဖို​ကို အ​ရင်​ထက် ခု​နစ်​ဆ​တိုး၍ ပူ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊

သင်​တို့​သည် ငါ့​စ​ကား​ကို​နား​မ​ထောင်၊ ငါ့​ကို​ဆန့်​ကျင်​ဘက်​ပြု​လျှင်၊ သင်​တို့​အ​ပြစ်​အ​လျောက် ခု​နစ်​ဆ​သော​ဘေး​ကြီး​ကို ငါ​သက်​ရောက်​စေ​မည်။

ငါ​သည်​လည်း သင်​တို့​ကို​ဆန့်​ကျင်​ဘက်​ပြု၍၊ သင်​တို့​အ​ပြစ်​ကြောင့် ခု​နစ်​ဆ​သော​ဒဏ်​ကို​ပေး​ဦး​မည်။

မ​ရ​ဏ​နိုင်​ငံ​တိုင်​အောင် တွင်း​တူး​သော်​လည်း ငါ​နုတ်​ယူ​မည်။ မိုး​ကောင်း​ကင်​သို့ တက်​သော်​လည်း ငါ​ချ​မည်။

ထို​အ​ခါ ဗာ​လက်​မင်း​သည်၊ ဗာ​လမ်​ကို​အ​မျက်​ထွက်၍ လက်​ခုပ်​တီး​လျက်၊ ငါ၏​ရန်​သူ​တို့​ကို ကျိန်​ဆဲ​စေ​ခြင်း​ငှာ သင့်​ကို​ငါ​ခေါ်​ခဲ့၏။ သင်​သည် သုံး​ကြိမ်​တိုင်​အောင် အ​ကြွင်း​မဲ့ ကောင်း​ချီး​ပေး​လေ​ပြီ​တ​ကား။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ