ယေဇကျေလ 20:9Judson Bibleသို့ရာတွင်၊ သူတို့နေသော တစ်ပါးအမျိုးသားတို့ရှေ့မှာ၊ ငါ၏နာမအသရေကို မပျက်စေခြင်းငှာ၊ ငါသည် နာမတော်အတွက် စီရင်၍၊ တစ်ပါးအမျိုးသားတို့ရှေ့မှာ ထင်ရှားလျက်၊ သူတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်လေ၏။ အခန်းကိုကြည့်ပါ။ |
အဲဂုတ္တုလူတို့ကလည်း၊ ဘုရားသခင်သည် မကောင်းသောအကြံရှိသဖြင့်၊ သူတို့ကိုတောတောင်များ၌သတ်၍ မြေကြီးပေါ်က သုတ်သင်ပယ်ရှင်းခြင်းအလိုငှာသာ၊ နုတ်ဆောင်လေသည်ဟု အဘယ်ကြောင့်ဆိုဖွယ်အကြောင်း ရှိရပါမည်နည်း။ ပြင်းစွာသောအမျက်တော်ကို ပယ်တော်မူပါ။ ကိုယ်တော်၏လူတို့၌ ဤသို့အပြစ်ပေးမည်အကြံကို နောင်တရတော်မူပါ။
သင်တို့သည် အဲဂုတ္တုပြည်မှထွက်လာသောအခါ၊ ဧဒုံပင်လယ်ရေကို ထာဝရဘုရား ခန်းခြောက်စေတော်မူကြောင်းကိုလည်းကောင်း၊ ယော်ဒန်မြစ်တစ်ဖက်၌နေ၍ သင်တို့ ရှင်းရှင်းဖျက်ဆီးသော အာမောရိရှင်ဘုရင်ရှိဟုန်နှင့် ဩဃတို့၌ သင်တို့ပြုသောအမှုကိုလည်းကောင်း၊ အကျွန်ုပ်တို့ကြားရကြပြီ။