ယေဇကျေလ 20:35Judson Bibleလူအမျိုးမျိုးနှင့် ဆိုင်သောတောသို့ ဆောင်ခဲ့၍၊ ကိုယ်တိုင်ကိုယ်ကျ တရားတွေ့မည်။ အခန်းကိုကြည့်ပါ။ |
ကြာမြင့်စွာ ကာလလွန်ပြီးမှ သင်သည် အုပ်ချုပ်ရသောအခွင့် ရှိလိမ့်မည်။ ဓားဘေးနှင့်လွတ်၍ လူအမျိုးမျိုးထဲက နုတ်သောပြည်သား၊ ကြာမြင့်စွာ ဆိတ်ညံလျက်နေသော ဣသရေလတောင်တို့အပေါ်သို့၊ တစ်ဖန်ဆောင်ခဲ့သော ပြည်သားတို့ရှိရာသို့ နောင်ကာလ၌ သင်သည် စစ်ချီ၍လာလိမ့်မည်။ ထိုပြည်သားတို့သည် လူအမျိုးမျိုးထဲက နုတ်ဆောင်သောသူဖြစ်၍၊ တစ်ပြည်လုံး ငြိမ်ဝပ်လျက်ရှိနေသောအခါ၊
အို ဇိအုန်သတို့သမီး၊ သားဖွားသော မိန်းမကဲ့သို့ ဝေဒနာကိုခံ၍၊ သားကိုဖွားအံ့သောငှာ အားထုတ်လော့။ ယခုပင် သင်သည် မြို့ထဲကထွက်၍ လယ်ပြင်၌ နေရမည်။ ဗာဗုလုန်မြို့တိုင်အောင် သွားရမည်။ ထိုမြို့၌ လွတ်လိမ့်မည်။ ထိုမြို့၌ ထာဝရဘုရားသည် သင့်ကို ရန်သူတို့လက်မှ ရွေးနုတ်တော်မူလိမ့်မည်။