Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 20:31

Judson Bible

ပူ​ဇော်​သ​ကာ ပြု​သ​ဖြင့်​လည်း​ကောင်း၊ ကိုယ်​သား​တို့​ကို​မီး​ဖြင့် ပူ​ဇော်​သ​ဖြင့်​လည်း​ကောင်း၊ ယ​နေ့​တိုင်​အောင် ရုပ်​တု​အ​ပေါင်း​တို့​နှင့် ညစ်​ညူး​လျက်​ရှိ​ကြ​စဉ်​တွင်၊ ငါ​သည် သင်​တို့​မေး​လျှောက်​ခြင်း​ကို ခံ​ရ​မည်​လော။ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း သင်​တို့​မေး​လျှောက်​ခြင်း​ကို ငါ​မ​ခံ။

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​သည် အ​န​န္တ​တန်​ခိုး​ရှင်၌ မွေ့​လျော်​လိမ့်​မည်​လော။ ဘု​ရား​သ​ခင်​ကို အ​စဉ်​ပ​တ္ထ​နာ​ပြု​လိမ့်​မည်​လော။

အ​ဓ​မ္မ​လူ​သည် ဆုံး​ခြင်း​သို့​ရောက်၍၊ အ​သက်​ဝိ​ညာဉ်​ကို ဘု​ရား​သ​ခင်​နုတ်​တော်​မူ​သော​အ​ခါ အ​ဘယ်​မျှော်​လင့်​စ​ရာ​ရှိ​သေး​သ​နည်း။

ငါ​သည် စိတ်​နှ​လုံး​ထဲ​မှာ ဒု​စ​ရိုက်​ကို​ငဲ့​ကွက်​လျှင်၊ ဘု​ရား​ရှင်​သည် နား​ထောင်​တော်​မ​မူ။

တ​ရား​မ​နာ၊ လွှဲ​သွား​သော​သူ​သည် ဆု​တောင်း​သော်​လည်း၊ သူ၏​ပ​တ္ထ​နာ​စ​ကား​သည် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်၏။

သင်​တို့​သည်​လက်​ဝါး​တို့​ကို ဖြန့်​ကြ​သော​အ​ခါ၊ ငါ​သည်​မျက်​စိ​ကို​လွှဲ​မည်။ များ​စွာ​သော​ပ​တ္ထ​နာ​ကို​ပြု​ကြ​သော​အ​ခါ၊ ငါ​သည်​နား​မ​ထောင်။ သင်​တို့​လက်​တို့​သည် အ​သွေး​နှင့် ပြည့်​ကြ​၏။

စိမ်း​သော သစ်​ပင်​ရှိ​သ​မျှ​အောက်​မှာ ရုပ်​တု​ဆင်း​တု၌ တပ်​မက်​သော​သူ၊ ချိုင့်​ထဲ၊ ကျောက်​စောင်း​အောက်​မှာ သူ​ငယ်​ကို သတ်​သော​သူ မ​ဟုတ်​လော။

သူ​တို့​သည် အ​စာ​ရှောင်​ခြင်း​အ​ကျင့်​ကို​ကျင့်​သော​အ​ခါ၊ သူ​တို့​အော်​ဟစ်​သံ​ကို ငါ​နား​မ​ထောင်။ မီး​ရှို့​ရာ​ယဇ်​ကို သော်​လည်း​ကောင်း၊ ပူ​ဇော်​သ​ကာ​ကို​သော်​လည်း​ကောင်း၊ ဆက်​ကပ်​သော​အ​ခါ ငါ​လက်​မ​ခံ။ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​ဖြင့်၊ သူ​တို့​ကို ငါ​ဆုံး​စေ​မည်​ဟု​မိန့်​တော်​မူ​လျှင်၊

ငါ​မ​စီ​ရင်​မ​မှာ​ထား၊ ငါ​အ​လျှင်း​အ​လို​မ​ရှိ​သော​ဝတ်​တည်း​ဟူ​သော၊ ဗာ​လ​ဘု​ရား​ရှေ့​မှာ မိ​မိ​သား​တို့​ကို မီး​ရှို့၍၊ ပူ​ဇော်​ရာ​ဝတ်​ပြု​ခြင်း​ငှာ၊ ဗာ​လ​ဘု​ရား​ဖို့ ကုန်း​တို့​ကို တည်​လုပ်​ကြ​ပြီ။

ငါ​မ​မှာ​ထား၊ ငါ​အ​လျှင်း​အ​လို​မ​ရှိ​သော်​လည်း၊ သူ​တို့​သား​သ​မီး​များ​ကို မီး​ရှို့​ခြင်း​ငှာ ဟိ​န္နုံ​သား၏​ချိုင့်၌​ရှိ​သော တော​ဖက်​ကုန်း​တို့​ကို တည်​ကြ​ပြီ။

ထို​မှ​တစ်​ပါး၊ သင်​ဖွား​သော ငါ၏​သား​သ​မီး​တို့​ကို​ယူ၍၊ ထို​ရုပ်​တု​တို့​အား ကျွေး​မွေး​ခြင်း​ငှာ ယဇ်​ပူ​ဇော်​လေ​ပြီ။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်၏​ရည်း​စား​များ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော ရုပ်​တု​အ​ပေါင်း​တို့​နှင့် မှား​ယွင်း​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ သူ​တို့​အား​ပေး​သော သား​သ​မီး​တို့၏​အ​သွေး​အား​ဖြင့်​လည်း​ကောင်း သင်​သည် ကိုယ်​ရှက်​ကြောက်​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း​ကို ထင်​ရှား​စွာ​ဖော်​ပြ​သော​ကြောင့်၊

ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ကို သူ​တို့​သည် သိ​မည်​အ​ကြောင်း၊ သူ​တို့​ကို​ဖျက်​ဆီး​ခြင်း​ငှာ၊ သူ​တို့​သည် သား​ဦး​အ​ပေါင်း​တို့​ကို မီး​ဖြင့် ပူ​ဇော်​ရာ​တွင်၊ သူ​တို့​ပူ​ဇော်​သ​ကာ​များ​အား​ဖြင့် ငါ​ညစ်​ညူး​စေ၏။

အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​သည် ငါ့​ထံ၌ မေး​လျှောက်​ခြင်း​ငှာ လာ​ကြ​သ​လော။ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း သင်​တို့ မေး​လျှောက်​ခြင်း​ကို ငါ​မ​ခံ။

အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် မျောက်​မ​ထား​ကြ​ပြီ။ လူ​အ​သက်​ကို သတ်​သော​အ​ပြစ်​ရှိ​ကြ၏။ ရုပ်​တု​တို့​နှင့်​ပင် မျောက်​မ​ထား​ကြ​ပြီ။ ငါ့​အ​ဖို့ ဖွား​မြင်​သော​သား​တို့​ကို​ပင် ရုပ်​တု​စား​စ​ရာ​ဖို့ မီး​ဖြင့်​ပူ​ဇော်​ကြ​ပြီ။

ထို​မှ​တစ်​ပါး၊ အ​ချင်း​လူ​သား၊ သင်၏​အ​မျိုး​သား​ချင်း​တို့​က၊ ငါ​တို့​သွား​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​သို့ ဗျာ​ဒိတ်​ပေး​တော်​မူ​သည်​ကို ကြား​ကြ​ကုန်​အံ့​ဟု၊ ထ​ရံ​နား၊ အိမ်​တံ​ခါး​နား​မှာ သင့်​ကို​ရည်​မှတ်၍ တစ်​ယောက်​ကို​တစ်​ယောက် ပြော​တတ်​ကြ၏။

လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို​ရှာ​လျက်၊ ပင်​လယ်​တစ်​ပါး​မှ​သည် ပင်​လယ်​တစ်​ပါး​တိုင်​အောင် လှည့်​လည်၍၊ တောင်​မြောက် ပြေး​သွား​သော်​လည်း မ​တွေ့​ရ​ကြ။

ငါ​ဟစ်​ခေါ်၍ သူ​တို့​သည်​နား​မ​ထောင်​သ​ကဲ့​သို့၊ တစ်​ဖန် သူ​တို့​သည်​ဟစ်​ခေါ်၍ ငါ​လည်း နား​မ​ထောင်​ဘဲ​နေ​ပြီ​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ