Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 20:23

Judson Bible

တစ်​ဖန် ငါ​သည် သူ​တို့​ကို အ​တိုင်း​တိုင်း​အ​ပြည်​ပြည် အ​ရပ်​ရပ်​တို့​သို့ ကွဲ​ပြား​စေ​ခြင်း​ငှာ တော၌​ကျိန်​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​အ​မျိုး​အ​နွယ်​ကို တစ်​ပါး​အ​မျိုး​သား​တို့​တွင်​လှဲ၍၊ အ​ပြည်​ပြည်​အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သူ​တို့​တစ်​ဖက်၌ ကျိန်​ဆို​တော်​မူ၏။

ဟင်း​လျာ​ဖြစ်​သော​သိုး​များ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို အပ်​လိုက်၍၊ တစ်​ပါး​အ​မျိုး​သား​တို့​တွင် အ​ရပ်​ရပ် ကွဲ​ပြား​စေ​တော်​မူ၏။

ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇက်​သား မ​နာ​ရှေ​မင်း​သည် ယေ​ရု​ရှ​လင်​မြို့၌​ပြု​သော​အ​မှု​ကြောင့်၊ ထို​သူ​တို့​ကို မြေ​ကြီး​ပေါ်​မှာ​အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့၌ အ​နှောင့်​အ​ယှက်​ကို​ခံ​စေ​မည်။

ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်၏​အ​မျိုး​သား​ချင်း​တို့​ကို တစ်​ပါး​အ​မျိုး​သား​တို့ နေ​ရာ​ဝေး​သော​အ​ရပ်​သို့ ငါ​ပြောင်း​စေ၍၊ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့၌ ဖြန့်​ကြဲ​သော်​လည်း၊ သူ​တို့​ရောက်​သော​ပြည်​တို့၌ ငါ​သည်​သူ​တို့​အ​ဖို့ သန့်​ရှင်း​ရာ​ဌာ​န​ကဲ့​သို့ ခ​ဏ​ဖြစ်​လိမ့်​မည်။

တစ်​ဖန်၊ ပြည်​တ​ကာ​တို့၏ အထွတ်​ဖြစ်၍ နို့​နှင့် ပျား​ရည်​စီး​သော​ပြည်၊ သူ​တို့​အား​ငါ​ပေး​သော​ပြည်​သို့ မ​ပို့​ဆောင်​ခြင်း​ငှာ၊ တော၌ ငါ​ကျိန်​ဆို၏။

သင့်​ကို​လည်း အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့​တွင်၊ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​မည်။ သင်၏​အ​ညစ်​အ​ကြေး​ကို​လည်း ပယ်​ရှင်း​မည်။

သူ​တို့​သည် ရုပ်​တု​တို့​ရှေ့​မှာ လူ​များ​အ​မှု​ကို ဆောင်​ရွက်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​ထိ​မိ၍ ဒု​စ​ရိုက် အ​ပြစ်​ထဲ​သို့ လဲ​စ​ရာ​အ​ကြောင်း ဖြစ်​ဖူး​သော​ကြောင့်၊ သူ​တို့​တစ်​ဖက်၌ ငါ​ကျိန်​ဆို၍၊ သူ​တို့​သည် ကိုယ်​အ​ပြစ်​ကို​ခံ​ရ​ကြ​မည်။

သာ​သ​နာ​ပ​လူ​တို့​တွင် သင်​တို့​ကို အ​ရပ်​ရပ်​ငါ​ကွဲ​ပြား​စေ၍၊ ဓား​မိုး​လျက်​လိုက်​မည်။ သင်​တို့​ပြည်​သည်​လည်း လူ​ဆိတ်​ညံ​လျက်၊ မြို့​သည်​လည်း ပျက်​စီး​လျက်​ရှိ​လိမ့်​မည်။

ငါ​သည် အ​စဉ်​အ​မြဲ​အ​သက်​ရှင်​ပေ၏​ဟု ငါ့​လက်​ကို ကောင်း​ကင်​သို့​ချီ၍ ကျိန်​ဆို၏။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ သင်​တို့​ကို​တစ်​ပါး​အ​မျိုး​သား​တို့​တွင် အ​ရပ်​ရပ်​ကွဲ​ပြား​စေ၍၊ နှင်​ထုတ်​တော်​မူ​သော သာ​သ​နာ​ပ​လူ​တို့​တွင် သင်​တို့​သည် နည်း​နည်း​ကျန်​ကြွင်း​ရ​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ