Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 20:21

Judson Bible

သို့​သော်​လည်း၊ သူ​တို့၏​သား​မြေး​တို့​သည် ငါ့​ကို ပုန်​ကန်​ကြ၏။ ကျင့်​သော​သူ၌ အ​သက်​ရှင်​စ​ရာ အ​ကြောင်း​ဖြစ်​သော၊ ငါ၏​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို မ​စောင့်​ရှောက်၊ မ​ကျင့်​ကြံ​ဘဲ​နေ၍၊ ငါ၏​ဥ​ပုသ်​နေ့​တို့​ကို ရှုတ်​ချ​ကြ၏။ ထို​အ​ခါ ငါ​သည်​သူ​တို့၌ ဒေါ​သ​စိတ်​ကို ပြေ​စေ​ခြင်း​ငှာ၊ တော​ထဲ​မှာ ငါ၏​အ​မျက်​အ​ရှိန်​ကို သူ​တို့​အ​ပေါ်​သို့ သွန်း​လောင်း​မည်​ဟု အ​ကြံ​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​တွေ့​သော​ကျမ်း​စ​ကား​ကြောင့် ငါ့​အ​တွက် ဣ​သ​ရေ​လ​ပြည်​နှင့် ယု​ဒ​ပြည်၌ ကျန်​ကြွင်း​သေး​သော​သူ​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား၌ မေး​လျှောက်​ကြ​ပါ။ ဘိုး​ဘေး​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို နား​မ​ထောင်၊ ဤ​ကျမ်း​စာ၌​ရေး​ထား​သ​မျှ​အ​တိုင်း မ​ကျင့်​ဘဲ​နေ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၌​ပြင်း​စွာ အ​မျက်​ထွက်​တော်​မူ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ငါ့​ကို​စွန့်​ကြ​ပြီ။ မိ​မိ​လုပ်​သော အ​ရာ​တို့​ဖြင့် ငါ့​အ​မျက်​ကို​နှိုး​ဆော်​ခြင်း​ငှာ၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ရှေ့​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ​ပြီ။ ထို​ကြောင့် ဤ​အ​ရပ်၌ ငါ့​အ​မျက်​မီး​သည် မ​ငြိမ်း​ဘဲ​လောင်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ဘု​ရား​သ​ခင်၏​သ​စ္စာ​တော်​ကို မ​စောင့်။ တ​ရား​တော်​လမ်း၌ သွား​ခြင်း​ငှာ အ​လို​မ​ရှိ​ကြ။

သူ​တို့​သည် ဝင်၍ သိမ်း​ယူ​ကြ​သော်​လည်း၊ အ​မိန့်​တော်​ကို နား​မ​ထောင်၊ တ​ရား​တော်​လမ်း​သို့ မ​လိုက်၊ မှာ​ထား​တော်​မူ​သော အ​ကျင့်​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ကျင့်​ဘဲ​နေ​သော​ကြောင့်၊ ယ​ခု​ခံ​ရ​သ​မျှ​သော ဘေး​ဥ​ပဒ်​တို့​ကို သူ​တို့​အ​ပေါ်​သို့ ရောက်​စေ​တော်​မူ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​ကို စုံ​လင်​စေ​တော်​မူ​ပြီ။ ပြင်း​စွာ​သော အ​မျက်​တော်​အ​ရှိန်​ကို လွှတ်​တော်​မူ​ပြီ။ ဇိ​အုန်​မြို့​ကို မီး​ရှို့၍ မြို့​ရိုး​အ​မြစ်​တိုင်​အောင် လောင်​စေ​တော်​မူ​ပြီ။

ထို​သို့ အုတ်​ရိုး၌​လည်း​ကောင်း၊ အင်္ဂ​တေ​နှင့် မွမ်း​မံ​သော သူ​တို့၌​လည်း​ကောင်း၊ ငါ​သည်​ကိုယ်​အ​မျက်​ကို ဖြေ​မည်။ အုတ်​ရိုး​မ​ရှိ ဟူ၍​လည်း​ကောင်း၊ အင်္ဂ​တေ​နှင့် မွမ်း​မံ​သော​သူ​တည်း​ဟူ​သော၊

ကျင့်​သော​သူ၌ အ​သက်​ရှင်​စ​ရာ​အ​ကြောင်း​ဖြစ်​သော ငါ၏​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို ငါ​ဖော်​ပြ၏။

သို့​ရာ​တွင်၊ ဣ​သ​ရေ​လ​အ​မျိုး​သည် တော၌​ငါ့​ကို ပုန်​ကန်​ကြ၏။ ကျင့်​သော​သူ၌ အ​သက်​ရှင်​စ​ရာ​အ​ကြောင်း​ဖြစ်​သော ငါ၏​စီ​ရင်​ထုံး​ဖွဲ့​ချက်​ကို မ​စောင့်​ရှောက်၊ မ​ထီ​မဲ့​မြင်​ပြု၍ ငါ၏​ဥ​ပုသ်​နေ့​တို့​ကို အ​လွန်​ရှုတ်​ချ​ကြ၏။ ထို​အ​ခါ သူ​တို့​ကို​ဖျက်​ဆီး​ခြင်း​ငှာ၊ တော၌​သူ​တို့​အ​ပေါ်​သို့ ငါ့​အ​မျက်​အ​ရှိန်​ကို သွန်း​လောင်း​မည်​ဟု အ​ကြံ​ရှိ၏။

အဲ​ဂု​တ္တု​ပြည်​နှင့်​ဆိုင်​သော တော၌​သင်​တို့၏ ဘိုး​ဘေး​များ တ​ရား​တွေ့​သ​ကဲ့​သို့ သင်​တို့​နှင့် တ​ရား​တွေ့​မည်။

သူ​တို့​သည် နား​မ​ထောင်၊ ငါ့​ကို​ပုန်​ကန်​ကြ၏။ အ​သီး​အ​သီး​ဖူး​မြင်​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​ရာ​တို့​ကို​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ရုပ်​တု​တို့​ကို​လည်း​ကောင်း၊ မ​စွန့်​ပစ်​ဘဲ​နေ​ကြ၏။ ထို​ကြောင့်၊ သူ​တို့၌ ငါ့​ဒေါ​သ​စိတ်​ပြေ​မည်​အ​ကြောင်း၊ အဲ​ဂု​တ္တု​ပြည်​ထဲ​မှာ သူ​တို့​အ​ပေါ်​သို့ ငါ့​အ​မျက်​အ​ရှိန်​ကို သွန်း​လောင်း​မည်​ဟု ငါ​အ​ကြံ​ရှိ၏။

သင့်​အ​ပေါ်​သို့ ငါ့​အ​မျက်​ကို​ငါ​သွန်း​လောင်း​မည်။ ငါ့​ဒေါ​သ​မီး​ဖြင့် သင့်​ကို​မှုတ်​မည်။ ကြမ်း​တမ်း​သော​သ​ဘော​ရှိ၍ ဖျက်​ဆီး​တတ်​သော လူ​တို့​လက်​သို့ အပ်​မည်။

သင်​သည် ငါ၏​သန့်​ရှင်း​သော​အ​ရာ​တို့​ကို မ​ထီ​မဲ့​မြင်​ပြု​ပြီ။ ငါ၏ ဥ​ပုသ်​နေ့​တို့​ကို ရှုတ်​ချ​ပြီ။

ငါ​သည် မ​ကြာ​မ​မြင့်​မီ သင်၏​အ​ပေါ်​သို့ ငါ၏​ဒေါ​သ​အ​ရှိန်​ကို သွန်း​လောင်း​မည်။ သင်၌​ငါ့​အ​မျက်​အ​လို​ကို ပြည့်​စုံ​စေ​မည်။ သင်၏​အ​ကျင့်​အ​တိုင်း စီ​ရင်​မည်။ သင်​ပြု​မိ​သ​မျှ​သော ရွံ​ရှာ​ဖွယ်​အ​မှု​တို့၏ အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​မည်။

ရှင်​ဘု​ရင်​တစ်​ပါး​သည် မိ​မိ​အ​လို​အ​လျောက်​ပြု၍၊ ဘု​ရား​အ​ပေါင်း​တို့​ထက် ကိုယ်​ကို​ကိုယ် ချီး​ပင့်​မြှောက်​စား​လျက်၊ ဘု​ရား​တို့၏​ဘု​ရား​ကို ဆန့်​ကျင်​ဘက်​ပြု၍ အံ့​ဖွယ်​သော​စ​ကား​ကို ပြော​လိမ့်​မည်။ ဒေါ​သ​အ​မျက် စေ့​စုံ​သည် ကာ​လ​တိုင်​အောင် ကောင်း​စား​လိမ့်​မည်။ စီ​ရင်​ဆုံး​ဖြတ်​သ​မျှ​အ​တိုင်း ဖြစ်​ရ​လိမ့်​မည်။

သင်​သည်​ငါ​တို့​ကို ဤ​တော၌​သေ​စေ​ခြင်း​ငှာ၊ အဲ​ဂု​တ္တု​ပြည်​မှ အ​ဘယ်​ကြောင့် ဆောင်​ခဲ့​သ​နည်း။ မုန့်​မ​ရှိ၊ ရေ​လည်း​မ​ရှိ၊ ဤ​ပေါ့​ပျက်​သော​စား​စ​ရာ​ကို​လည်း ငါ​တို့​သည်​အ​လွန်​ရွံ​ရှာ၏​ဟု ဘု​ရား​သ​ခင်​နှင့်​မော​ရှေ​ကို ဆန့်​ကျင်​ဘက်​ပြု၍ ဆို​ကြ၏။

ငါ့​ကို​ကောင်း​မြတ်​သည်​ဟု အ​ဘယ်​ကြောင့်​ခေါ်​သ​နည်း။ ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​သာ ကောင်း​မြတ်​တော်​မူ၏။ အ​သက်​ရှင်​ခြင်း​သို့ ဝင်​စား​လို​လျှင် ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​လော့​ဟု မိန့်​တော်​မူ၏။-

အ​နှစ်​လေး​ဆယ်​မျှ​လောက်​သော ကာ​လ​ပတ်​လုံး တော၌ ကျွေး​မွေး​တော်​မူ၏။-

သင်​တို့​အ​မျိုး​သည် ပုန်​ကန်​တတ်​သော​သ​ဘော၊ ခိုင်​မာ​သော​သ​ဘော​ရှိ​ကြောင်း​ကို ငါ​သိ၏။ ငါ​အ​သက်​ရှင်၍၊ သင်​တို့​တွင်​နေ​စဉ်​အ​ခါ၊ ယ​နေ့​ပင် သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပုန်​ကန်​ကြ​ပြီ။ ငါ​သေ​သော​နောက် ထို​မျှ​မ​က​ပြု​ကြ​လိမ့်​မည်။

ဗိ​မာန်​တော်​ထဲ​က ကြီး​သော​အ​သံ​ကား၊ သွား​ကြ​လော့။ ဘု​ရား​သ​ခင်၏ အ​မျက်​တော်​ဖ​လား ခု​နစ်​လုံး​ကို မြေ​ကြီး​ပေါ်​သို့ သွန်း​လောင်း​ကြ​လော့​ဟု ကောင်း​ကင်​တ​မန် ခု​နစ်​ပါး​တို့​အား ပြော​ဆို​သည်​ကို ငါ​ကြား၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ