Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 20:1

Judson Bible

သ​က္က​ရာဇ် ခု​နစ်​ခု၊ ပ​ဥ္စ​မ​လ​ဆယ်​ရက်​နေ့​တွင်၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​ခြင်း​ငှာ​လာ၍ ငါ့​ရှေ့​မှာ​ထိုင်​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

ဧ​လိ​ရှဲ​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အား​လည်း၊ ငါ​သည်​သင်​နှင့် အ​ဘယ်​သို့ ဆိုင်​သ​နည်း။ သင့်​အ​ဘ၏​ပ​ရော​ဖက်၊ သင့်​အ​မိ၏ ပ​ရော​ဖက်​တို့​ထံ​သို့ သွား​လော့​ဟု ဆို​လျှင်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ မ​ဆို​ပါ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ရှင်​ဘု​ရင်​သုံး​ပါး​တို့​ကို မော​ဘ​လူ​တို့​လက်​သို့​အပ်​ခြင်း​ငှာ စု​ဝေး​စေ​တော်​မူ​သည်​တ​ကား​ဟု ဆို​သော်၊

ဧ​လိ​ရှဲ​သည် မိ​မိ​အိမ်၌​ထိုင်၍ အ​သက်​ကြီး​သူ​တို့​သည် သူ​နှင့်​အ​တူ ထိုင်​ကြ​စဉ်၊ ရှင်​ဘု​ရင်​သည် မိ​မိ​ရှေ့​မှာ လူ​တစ်​ယောက်​ကို စေ​လွှတ်၏။ ထို​တ​မန်​မ​ရောက်​မီ ဧ​လိ​ရှဲ​က၊ လူ​သတ်၏​သား​သည် ငါ့​လည်​ပင်း​ကို ဖြတ်​စေ​ခြင်း​ငှာ၊ စေ​လွှတ်​သည်​ကို သိ​မြင်​ကြ​သ​လော။ ထို​တ​မန်​ရောက်​သော​အ​ခါ၊ တံ​ခါး​ကို​ပိတ်၍၊ တံ​ခါး​နား​မှာ​သူ့​ကို ဆီး​တား​ကြ​လော့။ သူ့​နောက်​မှာ​သူ့​သ​ခင် ခြေ​သံ​မ​မြည်​သ​လော​ဟု၊

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​လူ​မျိုး​သည် နှုတ်​နှင့် ငါ့​ထံ​သို့ ချဉ်း​ကပ်၍၊ နှုတ်​ခမ်း​နှင့် ငါ့​ကို​ရို​သေ​ကြ၏။ စိတ်​နှ​လုံး​မူ​ကား ငါ​နှင့် ဝေး​လှ၏။ လူ​တို့​စီ​ရင်​သော ပ​ညတ်​တို့​ကို အ​မှီ​ပြု၍ ငါ့​ကို​ကြောက်​ရွံ့​ကြ၏။

သူ​တို့​သည် တ​ရား​ကျင့်​သော​အ​မျိုး၊ မိ​မိ​ဘု​ရား​သ​ခင်၏​ပ​ညတ်​တို့​ကို မ​စွန့်​သော​အ​မျိုး​ကဲ့​သို့၊ နေ့​တိုင်း​ငါ့​ကို​ရှာ၍ ငါ၏​တ​ရား​လမ်း၌ မွေ့​လျော်​ကြ​သည်​တ​ကား။ ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​ချက်​တို့​ကို ငါ့​ထံ​မှာ​အ​စဉ်​မေး​မြန်း၍၊ ဘု​ရား​သ​ခင့်​ထံ​သို့ ချဉ်း​ကပ်​ရာ၌ မွေ့​လျော်​ကြ​သည်​တ​ကား။

ဇေ​ဒ​ကိ​မင်း​ကြီး​သည် လူ​ကို​စေ​လွှတ်၍ ယေ​ရ​မိ​ကို​နုတ်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ရှိ​သ​လော​ဟု နန်း​တော်၌ တိတ်​ဆိတ်​စွာ​မေး​မြန်း​လျှင်၊ ယေ​ရ​မိ​က၊ နှုတ်​က​ပတ်​တော်​ရှိ​ပါ၏။ ကိုယ်​တော်​သည် ဗာ​ဗု​လုန် ရှင်​ဘု​ရင်​လက်​သို့ ရောက်​ပါ​လိမ့်​မည်​ဟု ပြန်​လျှောက်၏။

မိုး​ကောင်း​ကင်​ပွင့်၍ ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တို့​ကို​မြင်​ရ၏။

ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊

သ​က္က​ရာဇ်​ကိုး​ခု၊ ဒ​သ​မ​လ​ဆယ်​ရက်​နေ့​တွင်၊ တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊

သ​က္က​ရာဇ်​ဆယ်​တစ်​ခု၊ ပ​ထ​မ​တစ်​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊

သ​က္က​ရာဇ်​ဆယ်​ခု၊ ဒ​သ​မ​လ တစ်​ဆယ်​တစ်​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊

သ​က္က​ရာဇ် နှစ်​ဆယ်​ခု​နစ်​ခု၊ ပ​ထ​မ​လ တစ်​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊

သ​က္က​ရာဇ် တစ်​ဆယ်​တစ်​ခု၊ ပ​ထ​မ​လ ခု​နစ်​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊

သ​က္က​ရာဇ် တစ်​ဆယ်​တစ်​ခု၊ တ​တိ​ယ​လ တစ်​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊

သ​က္က​ရာဇ် တစ်​ဆယ်​နှစ်​ခု၊ ဒွါ​ဒ​သ​မ​လ တစ်​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊

ငါ​တို့​သည် သိမ်း​သွား​ခြင်း​ကို​ခံ​ရာ သ​က္က​ရာဇ်​နှစ်​ဆယ်​ငါး​ခု၊ ပ​ထ​မ​လ​ဆယ်​ရက်​နေ့၊ မြို့​တော်​ကို လုပ်​ကြံ၍၊ တစ်​ဆယ်​လေး​နှစ် စေ့​သော​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ငါ့​အ​ပေါ်​မှာ​ရှိ၍ ထို​မြို့​သို့​ဆောင်​သွား​တော်​မူ၏။

သ​က္က​ရာဇ်​ခြောက်​ခု၊ ဆ​ဋ္ဌ​မလ၊ ငါး​ရက်​နေ့​တွင်၊ ငါ​သည်​ကိုယ်​အိမ်၌​ထိုင်၍၊ ယု​ဒ​အ​မျိုး​အ​သက်​ကြီး​သူ​တို့​သည် ငါ​ရှေ့​မှာ​ထိုင်​ကြ​စဉ်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ငါ့​အ​ပေါ်​သို့ သက်​ရောက်​လေ၏။

သူ​တို့​ရှေ့​မှာ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ ခု​နစ်​ကျိပ်​တို့​နှင့်​တ​ကွ၊ ယာ​ဇ​ညာ​သား​ရှာ​ဖန်​သည် သူ​တို့​အ​လယ်၌​ရပ်၍၊ ထို​သူ​အ​ပေါင်း​တို့​သည် အ​သီး​အ​သီး လင်​ပန်း​ကို​ကိုင်​လျက်၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ​သ​ဖြင့်၊ မီး​ခိုး​သည် ထူ​ထပ်​စွာ​တက်​လေ၏။

မိ​မိ​တ​ပည့်​တို့​နှင့် ဟေ​ရုဒ်​တ​ပည့်​တို့​ကို အ​ထံ​တော်​သို့ စေ​လွှတ်၍ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည် သ​စ္စာ​ရှိ​ပါ၏။ အ​ဘယ်​သူ​ကို​မျှ​မ​ကြောက်၊ လူ​မျက်​နှာ​ကို​မ​ထောက်​ဘဲ ဘု​ရား​သ​ခင်၏ တ​ရား​လမ်း​ကို ဟုတ်​မှန်​စွာ ပြ​တော်​မူ​သည်​ကို အ​ကျွန်ုပ်​တို့ သိ​ကြ​ပါ၏။-

ထို​မိန်း​မ၌ မာ​ရိ​အ​မည်​ရှိ​သော ညီ​မ​တစ်​ယောက်​ရှိ၏။ ထို​မာ​ရိ​သည် ယေ​ရှု၏​ခြေ​တော်​ရင်း၌ ထိုင်၍ စ​ကား​တော်​ကို နား​ထောင်​လျက်​နေ၏။-

သူ​ငယ်​မူ​ကား၊ ဗိ​မာန်​တော်၌ ဆ​ရာ​များ​အ​လယ်​မှာ​ထိုင်၍ ထို​သူ​တို့​နှင့် ဆွေး​နွေး​မေး​မြန်း​လျက်​ရှိ​သည်​ကို မိ​ဘ​တို့​သည် သုံး​ရက်​ကြာ​မှ တွေ့​ကြ၏။-

လူ​များ​တို့​သည် ထို​အ​မှု​အ​ရာ​ကို ကြည့်​ရှု​အံ့​သော​ငှာ ထွက်​လာ​ကြ၏။ အ​ထံ​တော်​သို့ ရောက်​သော​အ​ခါ နတ်​ဆိုး​ထွက်​သွား​သော​သူ​သည် အ​ဝတ်​ကို​ဝတ်၍ ပ​က​တိ​စိတ်​နှင့် ယေ​ရှု၏​ခြေ​တော်​ရင်း၌ ထိုင်​နေ​သည်​ကို မြင်​လျှင်၊ ကြောက်​ရွံ့​ခြင်း​သို့ ရောက်​ကြ၏။-

ပေါ​လု​က​လည်း၊ အ​ကျွန်ုပ်​သည် ကိ​လိ​ကိ​ပြည် တာ​ရှု​မြို့၌ မွေး​ဖွား​သော ယု​ဒ​လူ​ဖြစ်​ပါ၏။ ဤ​မြို့​မှာ​လည်း၊ ဂါ​မ​လျေ​လ​အ​မည်​ရှိ​သော ဆ​ရာ၏​ခြေ​ရင်း၌ ကျွေး​မွေး​ခြင်း​ကို​ခံ၍ မိ​စဉ်​ဘ​ဆက်​ကျင့်​သော တ​ရား​ကို သေ​ချာ​စွာ​သိ​နား​လည်​ခြင်း​ငှာ နည်း​ဥ​ပ​ဒေ​သ​ကို​ခံ​ပါ​ပြီ။ သင်​တို့ ရှိ​သ​မျှ​သည် ယ​နေ့​တိုင်​အောင် ဘု​ရား​သ​ခင်​ဘက်၌ စိတ်​အား​ကြီး​သည်​နည်း​တူ၊ အ​ကျွန်ုပ်​လည်း စိတ်​အား​ကြီး​သ​ဖြင့်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ