သားဆုံးရှုံးကြောင်းကို အမိသည်မြင်၍ စိတ်ပျက်သောအခါ၊ သားတစ်ကောင်ကို ယူပြန်၍ ခြင်္သေ့ပျိုဖြစ်စေခြင်းငှာ ပြုသဖြင့်၊
ယုဒသည် ခြင်္သေ့ပျိုဖြစ်၏။ ငါ့သား၊ သင်သည်ဖမ်းယူကိုက်စားရာမှ တက်လာတတ်၏။ ဝပ်လျက်နေ၏။ ခြင်္သေ့ကဲ့သို့လည်းကောင်း၊ ခြင်္သေ့မကဲ့သို့လည်းကောင်း ဝပ်တွားတတ်၏။ အဘယ်သူနှိုးဆော်ဝံ့မည်နည်း။
ခမည်းတော်နှင့် သူ၏လူတို့သည် ခွန်အားကြီးသောသူဖြစ်ကြောင်းကိုလည်းကောင်း၊ ယခုမူကား တော၌ သားငယ်ပျောက်သော ဝံမကဲ့သို့ ပြင်းထန်သောစိတ်ရှိကြောင်းကိုလည်းကောင်း ကိုယ်တော်သိတော်မူ၏။ ခမည်းတော်သည်လည်း စစ်သူရဲဖြစ်၍ လူများတို့နှင့်အတူ မအိပ်တတ်။
ကျွေးမွေးသော သားတစ်ကောင်သည် ခြင်္သေ့ပျိုဖြစ်၍၊ တောတိရစ္ဆာန်တို့ကို ဖမ်းဆီးခြင်းငှာ၊ သင်၏ လူတို့ကိုလည်း ကိုက်စားတတ်၏။
လူမျိုးတို့သည် ကြား၍ မြေတွင်း၌ ထိုခြင်္သေ့ပျိုကို ဖမ်းပြီးလျှင်၊ သံကြိုးနှင့်ချည်နှောင်၍ အဲဂုတ္တုပြည်သို့ ယူသွားကြ၏။
သူသည်လည်း၊ ခြင်္သေ့တို့နှင့်ပေါင်းဖော်၍ ခြင်္သေ့ပျိုဖြစ်လျက်၊ တောတိရစ္ဆာန်တို့ကို ဖမ်းဆီးခြင်းငှာ၊ သင်၏လူတို့ကိုလည်း ကိုက်စား၏။