ယေဇကျေလ 19:14Judson Bibleအခက်အလက်တံဖျာတစ်ခုထဲက မီးထွက်၍ အသီးကို ကျွမ်းလောင်ပြီး၊ အစိုးရသော ရာဇလှံတံဖို့ ခိုင်ခံ့သောတံဖျာ တစ်စုံတစ်ခုမျှ မကျန်ကြွင်း။ ဤရွေ့ကား၊ ငိုကြွေးမြည်တမ်းခြင်းအကြောင်းဖြစ်၏။ ငိုကြွေးမြည်တမ်းစရာအကြောင်းလည်း ဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်တို့အပြစ်ကြောင့်၊ အကျွန်ုပ်တို့အပေါ်မှာ ခန့်ထားတော်မူသော ရှင်ဘုရင်တို့သည် ဤပြည်၌ ကြွယ်ဝစွာဖြစ်သော အသီးအနှံကို သိမ်းစားမြဲရှိကြပါ၏။ အကျွန်ုပ်တို့၏ကိုယ်နှင့် တိရစ္ဆာန်များကို သူတို့သည် ကိုယ်အလိုအလျောက် အစိုးပိုင်၍၊ အကျွန်ုပ်တို့သည် အလွန်ဆင်းရဲခံလျက်နေရပါသည်ဟု မြွက်ဆိုကြ၏။
အရှင်ထာဝရဘုရား၏အမိန့်တော်ကို တောင်ပြည်၌ရှိသောတောအား ဆင့်ဆိုရမည်မှာ၊ ငါသည် သင်၌ မီးကိုညှိမည်။ သင်၌ စိမ်းလန်းသောအပင်၊ သွေ့ခြောက်သောအပင်ရှိသမျှ လောင်လိမ့်မည်။ တောက်သော မီးလျှံသည်မငြိမ်းရ။ တောင်ဘက်မှသည် မြောက်ဘက်သို့တိုင်အောင် မြေတစ်ပြင်လုံးလောင်လိမ့်မည်။
ထိုသူကိုထုတ်ပါ။ ထုတ်ပါ။ လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု လူများဟစ်ကြော်ကြ၏။ ပိလတ်မင်းကလည်း၊ သင်တို့၏ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားရမည်လောဟု မေးပြန်လျှင်၊ ယဇ်ပုရာဟိတ်အကြီးတို့က၊ အကျွန်ုပ်တို့၌ ကဲသာဘုရင်မှတစ်ပါး အဘယ်ရှင်ဘုရင်မျှမရှိဟု ပြန်ပြောကြ၏။-