Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 18:5

Judson Bible

လူ​မည်​သည်​ကား၊ သ​ဘော​ဖြောင့်၍ တ​ရား​သော​အ​မှု၊ ဟုတ်​မှန်​သော​အ​မှု​ကို ပြု​လျှင်​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ သူ​သည် မိ​မိ​နောက်၌​ဖြစ်​သော​သား​များ၊ အိမ်​သူ​များ​တို့​အား ပ​ညတ်​မည်​အ​ရာ​ကို ငါ​သိ၏။ သူ​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​လမ်း​သို့​လိုက်၍၊ ဟုတ်​မှန်​ဖြောင့်​မတ်​စွာ ကျင့်​ကြ​လိမ့်​မည်။ သို့​ဖြစ်၍ က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြ​ဟံ၌​ပြု​ရ​သော အ​ခွင့်​ရှိ​လိမ့်​မည်​ဟု အ​ကြံ​တော်​ရှိ၏။

ယဇ်​ပူ​ဇော်​ခြင်း​ကို နှစ်​သက်​သည်​ထက် ဖြောင့်​မတ်​စွာ​ပြု​ခြင်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည် သာ၍ နှစ်​သက်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် အာ​ရဇ်​သစ်​သား၏​ဂုဏ်​ကို ကိုး​စား​သော​ကြောင့် စိုး​စံ​ရ​မည်​လော။ သင်၏​အ​ဘ​သည် ဝ​စွာ​စား​သောက်​ရ​သည် မ​ဟုတ်​လော။ တ​ရား​သ​ဖြင့် စီ​ရင်​ဆုံး​ဖြတ်​သည် မ​ဟုတ်​လော။ ထို​သို့​ပြု၍ ကောင်း​စား​ခြင်း​ရှိ၏။

သင်​တို့​ဘာ​သာ​ဓ​လေ့​နှင့် သင်​တို့​အ​ကျင့်​များ​တို့​ကို စုံ​လင်​စွာ ပြု​ပြင်​လျှင်​လည်း​ကောင်း၊ အ​မှု​သည်​ချင်း​တို့​ကို သေ​ချာ​စွာ တ​ရား​သ​ဖြင့် စီ​ရင်​လျှင်​လည်း​ကောင်း၊

ဝိ​ညာဉ်​အ​ပေါင်း​တို့​ကို​ငါ​ပိုင်၏။ အ​ဘ၏​ဝိ​ညာဉ်​ကို ငါ​ပိုင်​သ​ကဲ့​သို့ သား၏​ဝိ​ညာဉ်​ကို​လည်း ငါ​ပိုင်၏။ ပြစ်​မှား​သော​ဝိ​ညာဉ်​သည် အ​သက်​သေ​ရ​မည်။

တောင်​ပေါ်​မှာ​မ​စား၊ ဣ​သ​ရေ​လ​အ​မျိုး ကိုး​ကွယ်​သော ရုပ်​တု​တို့​ကို မ​ဖူး​မ​မျှော်၊ သူ့​မ​ယား​ကို မ​ပြစ်​မှား၊ ဥ​တု​ရောက်​သော မိန်း​မ​ကို မ​ချဉ်း​ကပ်၊

တစ်​ဖန်​ဆိုး​သော​သူ​အား သင်​သည် စင်​စစ်​အ​သေ​ခံ​ရ​လိမ့်​မည်​ဟု ငါ​ဆို​သော်​လည်း၊ ထို​သူ​သည် မိ​မိ​ဒု​စ​ရိုက်​ကို​ရှောင်၍၊ တ​ရား​သော​အ​မှု၊ ဖြောင့်​မတ်​သော​အ​မှု​ကို ပြု​လျက်၊

ဘု​ရား​သ​ခင်​သည် ဖြောင့်​မတ်​တော်​မူ​သည်​ကို သင်​တို့​သည်​သိ​လျှင်၊ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ကျင့်​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင် ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ ဖြစ်​သည်​ကို သိ​ရ​ကြ၏။

ထို​သ​ခင်​ကို ကိုယ်​တိုင်​သိ​ကျွမ်း​သည်​ကို အ​ဘယ်​သို့ သိ​ရ​သ​နည်း​ဟူ​မူ​ကား၊ ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​လျှင် သိ​ရ​သ​တည်း။-

ချစ်​သား​တို့၊ သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​လှည့်​ဖြား​စေ​နှင့်။ အ​ကြင်​သူ​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ကျင့်၏။ ကိုယ်​တော် ဖြောင့်​မတ်​တော်​မူ​သည်​နည်း​တူ၊ ထို​သူ​သည် ဖြောင့်​မတ်​ခြင်း​ရှိ၏။-

အ​သက်​ပင်​နှင့်​ဆိုင်၍၊ မြို့​တံ​ခါး​အ​တွင်း​သို့ ဝင်​အံ့​သော​ငှာ ပ​ညတ်​တော်​တို့​ကို ကျင့်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ