သို့ရာတွင်၊ ထိုသူ၏သားသည် ဓားပြတိုက်သောသူ၊ လူအသက်ကို သတ်သောသူ၊ အရင်ဆိုခဲ့ပြီးသော ဒုစရိုက်တစ်စုံတစ်ခုကို ပြုသောသူ၊
လူကိုအသေသတ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။
သူခိုးသည် အိမ်ကိုထွင်းဖောက်စဉ်၊ သူတစ်ပါးတွေ့၍ သေအောင်သတ်သော်လည်း၊ သေစားမသေစေရ။
အရင်ဆိုခဲ့ပြီးသော သုစရိုက်ကိုမပြု၊ တောင်ပေါ်မှာစားခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊
ငါစီရင်ထုံးဖွဲ့သည် အတိုင်းကျင့်၍ သစ္စာစောင့်ခြင်းကို ပြုလျှင်လည်းကောင်း၊ ထိုသူသည် ဖြောင့်မတ်သောသူဖြစ်၏။ အကယ်စင်စစ် အသက်ရှင်ရလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
ဧဖရိမ်သည် အမျက်တော်ကို အလွန်နှိုးဆော်လေပြီ။ ထိုကြောင့်၊ လူအသက်ကို သတ်သောအပြစ်သည် သူ၌ ရောက်လိမ့်မည်။ သူကဲ့ရဲ့ခြင်းအပြစ်ကို သူ၏သခင်သည် ပြန်ပေးလိမ့်မည်။
ကိုယ်နှင့်စပ်ဆိုင်သောသူ၏ဥစ္စာကို မတရားသဖြင့်မသိမ်းရ။ အနိုင်အထက်ပြု၍ မယူရ။ သူငှားခံထိုက်သောအခကို တစ်ညလုံးနံနက်တိုင်အောင် မထားရ။
အသေခံထိုက်သောလူသတ်၏ အသက်ဖိုးငွေကို မခံမယူရ။ သူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။
တစ်ဖန် လူအပေါင်းတို့က၊ ဤသူကို မလွှတ်စေချင်ပါ၊ ဗာရဗ္ဗကို လွှတ်စေချင်ပါသည်ဟု အော်ဟစ်၍ လျှောက်ဆိုကြ၏။ ထိုဗာရဗ္ဗကား ဓားပြဖြစ်သတည်း။