Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 17:19

Judson Bible

ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း အ​ကယ်​စင်​စစ် ငါ၏​သ​စ္စာ​ကို​မ​ရို​မ​သေ​ပြု၍ ငါ၏​ပ​ဋိ​ညာဉ်​ကို ဖျက်​သော​အ​ပြစ်​ကို သူ၏​ခေါင်း​ပေါ်​သို့ ငါ​သက်​ရောက်​စေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သူ​သည် မိ​မိ​ထက်​သာ၍ ဖြောင့်​မတ်​ကောင်း​မြတ်​သော​သူ၊ ဣ​သ​ရေ​လ​ဗိုလ်​ချုပ် နေ​ရ၏​သား​အာ​ဗ​နာ​နှင့် ယု​ဒ​ဗိုလ်​ချုပ် ယေ​သာ၏​သား​အာ​မ​သ​ကို ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်​မ​သိ​ဘဲ​တိုက်၍ ဓား​နှင့်​သတ်​သော​အ​ပြစ်​ကို ထာ​ဝ​ရ​ဘု​ရား​သည် သူ၏​ခေါင်း​ပေါ်​သို့ သက်​ရောက်​စေ​တော်​မူ​မည်။

ထို​သူ​တို့၏ အ​သွေး​သည် ယွာ​ဘ​ခေါင်း၊ သား​မြေး​တို့၏ ခေါင်း​ပေါ်​မှာ အ​စဉ်​သက်​ရောက်​ပါ​စေ။ ဒါ​ဝိဒ်​နှင့် သူ၏​ဆွေ​တော်​မျိုး​တော်၊ နန်း​တော်၊ ရာ​ဇ​ပ​လ္လင်​တော်၌ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ငြိမ်​ဝပ်​ခြင်း​အ​မြဲ​သက်​ရောက်​ပါ​စေ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ၏​အ​စေ​ကို​မ​ခံ၊ သူ၏​ထမ်း​ပိုး​ကို မ​ထမ်း​လို​သော တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​ကို၊ သူ၏​လက်၌​ဆုံး​ရှုံး​စေ​ခြင်း​ငှာ၊ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​ဖြင့် ငါ​အ​ပြစ်​ပေး​မည်။

ဇေ​ဒ​ကိ​မင်း​ကြီး​သည် လူ​ကို​စေ​လွှတ်၍ ယေ​ရ​မိ​ကို​နုတ်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ရှိ​သ​လော​ဟု နန်း​တော်၌ တိတ်​ဆိတ်​စွာ​မေး​မြန်း​လျှင်၊ ယေ​ရ​မိ​က၊ နှုတ်​က​ပတ်​တော်​ရှိ​ပါ၏။ ကိုယ်​တော်​သည် ဗာ​ဗု​လုန် ရှင်​ဘု​ရင်​လက်​သို့ ရောက်​ပါ​လိမ့်​မည်​ဟု ပြန်​လျှောက်၏။

သူ​တို့​က၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​ဟု ဆို​သော်​လည်း၊ အ​ကယ်​စင်​စစ် မ​ဟုတ်​မ​မှန် ကျိန်​ဆို​တတ်​ကြ၏။

ထို​သို့​သော​အ​ပြစ်​တို့​ကို ငါ​သည် မ​စစ်​ကြော​ဘဲ​နေ​ရ​မည်​လော။ ထို​သို့​သော​အ​မျိုး​ကို ဒဏ်​ပေး၍၊ ငါ့​စိတ်​ချင်​ရဲ​မ​ပြေ​ဘဲ နေ​ရ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင်​သည် အ​သက်​ငယ်​သော​ကာ​လ​ကို မ​အောက်​မေ့၊ အ​ရာ​ရာ၌ ငါ့​စိတ်​ကို နှောင့်​ယှက်​သော​ကြောင့်၊ သင့်​အ​ပြစ်​ကို သင့်​ခေါင်း​ပေါ်​သို့ ငါ​သက်​ရောက်​စေ​မည်။ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​ရှိ​သ​မျှ​တို့​အ​ပေါ်​မှာ ဆိုး​ညစ်​သော​အ​ကြံ​ကို ထပ်၍ ထို​အ​ကြံ​အ​တိုင်း​မ​ပြု​ရ။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ဝန်​ခံ​ခြင်း​ပ​ဋိ​ညာဉ်​ကို ဖျက်​လို​သော​ငှာ၊ သ​စ္စာ​က​တိ​ကို မ​ရို​မ​သေ​ပြု​သည်​နှင့်​အ​ညီ သင်၌​ငါ​ပြု​မည်။

အ​ကြောင်း​မူ​ကား၊ ယေ​ရု​ရှ​လင်​မင်း​သည် လက်​ချင်း​ရိုက်​ပြီး​မှ၊ သ​စ္စာ​တော်​ကို​မ​ရို​မ​သေ​ပြု၍ ပ​ဋိ​ညာဉ်​ကို​ဖျက်​လျက်၊ ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို ပြု​သော​ကြောင့် ဘေး​မှ​မ​လွတ်​ရ။

ငါ​သည် ပိုက်​ကွန်​နှင့်​အုပ်၍၊ ငါ၏​ကျော့​ကွင်း​နှင့် ကျော့​ပြီး​လျှင်၊ ဗာ​ဗု​လုန်​မြို့​သို့ ဆောင်​သွား​မည်။ ငါ့​ကို​ပြစ်​မှား​သော​အ​ပြစ်​ကြောင့် ထို​မြို့၌ ငါ​စစ်​ကြော​စီ​ရင်​မည်။

ထို​ကြောင့်၊ ငါ​သည်​နှ​မြော​စုံ​မက်​ခြင်း​မ​ရှိ​ဘဲ၊ သူ​တို့​အ​ကျင့်​တို့၏ အ​ကျိုး​အ​ပြစ်​ကို သူ​တို့​ခေါင်း​ပေါ်​သို့ သက်​ရောက်​စေ​မည်​ဟု ငါ့​အား​မိန့်​တော်​မူ၏။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို မု​သား​နှင့်​ဆိုင်၍ မ​မြွက်​မ​ဆို​နှင့်။ အ​ကြောင်း​မူ​ကား၊ နာ​မ​တော်​ကို မု​သား​နှင့်​ဆိုင်၍ မြွက်​ဆို​သော​သူ​ကို အ​ပြစ်​မ​ရှိ​ဟု ထာ​ဝ​ရ​ဘု​ရား​မှတ်​တော်​မ​မူ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ