Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 17:14

Judson Bible

ထို​နိုင်​ငံ​သည်​ယုတ်​ညံ့၍ နောက်​တစ်​ဖန်​မ​ထ​မ​ကြွ​ဘဲ၊ သ​စ္စာ​တော်​ကို စောင့်​သော​အား​ဖြင့်​သာ​တည်​စေ​ခြင်း​ငှာ၊ အား​ကြီး​သော​နိုင်​ငံ​သား​တို့​ကို​လည်း သိမ်း​သွား​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ယေ​ရ​မိ​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကိုယ်​တော်​သည် ဗာ​ဗု​လုန် ရှင်​ဘု​ရင်၏​မှူး​မတ်​တို့​ထံ​သို့ အ​မှန်​ထွက်​သွား​လျှင် အ​သက်​ချမ်း​သာ​ရ​တော်​မူ​မည်။ ဤ​မြို့​သည်​လည်း မီး​ရှို့​ခြင်း​နှင့် လွတ်​လိမ့်​မည်။ ကိုယ်​တော်​နှင့်​တ​ကွ ဆွေ​တော်​မျိုး​တော်​တို့​သည် အ​သက်​ချမ်း​သာ​ရ​ကြ​လိမ့်​မည်။

မွတ်​သိပ်​ခြင်း​အ​ရှိန်​ကြောင့် အ​ကျွန်ုပ်​တို့၏​အ​ရေ​သည် မီး​ဖို​ကဲ့​သို့ မည်း​ပါ၏။

အ​ရပ်​နိမ့်​လျက် ရှည်​လျား​စွာ​နွယ်​သော စ​ပျစ်​နွယ်​ပင်​ပေါက်၍၊ မိ​မိ​အ​ခက်​အ​လက်​တို့​ကို ရွှေ​လင်း​တ​ရှိ​ရာ​သို့ ညွှတ်​လျက်၊ သူ့​အောက်​သို့ အ​မြစ်​ထိုး​သ​ဖြင့်၊ အ​ကိုင်း​အ​ခက် အ​လက်​အ​ညွန့်​တို့​နှင့် ပြည့်​စုံ​သော စ​ပျစ်​နွယ်​ပင်​ဖြစ်​လေ၏။

သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော အဲ​ဂု​တ္တု​လူ​တို့​ကို ငါ​တစ်​ဖန်​ဆောင်​ခဲ့၍ သူ​တို့​နေ​ရင်း​ပြည်၊ ပါ​သ​ရု​ပြည်​သို့ ပြန်​စေ​မည်။ ထို​ပြည်၌ ယုတ်​သော​နိုင်​ငံ ဖြစ်​ရ​လိမ့်​မည်။

တစ်​ပါး​သော​လူ​မျိုး​တို့​ကို နောက်​တစ်​ဖန်​အ​စိုး​မ​ရ။ နိုင်​ငံ​တ​ကာ​တို့​တွင် အ​ယုတ်​ဆုံး​ဖြစ်​ရ​လိမ့်​မည်။ တစ်​ပါး​သော​လူ​မျိုး​တို့​ကို နောက်​တစ်​ဖန် အ​စိုး​မ​ရ​စေ​ခြင်း​ငှာ ငါ​ရှုတ်​ချ​မည်။

သင်​နှင့်​အ​တူ​နေ​သော တစ်​ပါး​အ​မျိုး​သား​သည်​မြင့်​လျက်၊ သင့်​အ​ပေါ်​သို့ တက်​လိမ့်​မည်။ သင်​မူ​ကား၊ အောက်​သို့​ဆင်း၍ နေ​ရ​လိမ့်​မည်။

ထို​သို့​ပြု​သော​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင့်​အ​မျိုး၊ သင့်​အ​ဘ၏​အ​မျိုး​သည် ငါ့​ရှေ့​မှာ​အ​စဉ် သွား​လာ​ရ​လိမ့်​မည်​ဟု ငါ​ဆို​မိ​သော်​လည်း၊ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​က​တိ​သည် ငါ​နှင့်​ဝေး​ပါ​စေ။ ငါ့​ကို ချီး​မြှောက်​သော သူ​တို့​ကို ငါ​ချီး​မြှောက်​မည်။ ငါ့​ကို မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့​သည် ဂုဏ်​အ​သ​ရေ​ပျက်​ရ​ကြ​လိမ့်​မည်။

ဆင်း​ရဲ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ရ​တတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​ပြု၍၊ နှိမ့်​ချ​သော​အ​ခွင့်၊ ချီး​မြှောက်​သော​အ​ခွင့် ရှိ​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ