Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 16:48

Judson Bible

ငါ​အ​သက်​ရှင်​သည်​အ​တိုင်း၊ သင်​သည် ကိုယ်​သ​မီး​တို့​နှင့်​တ​ကွ ပြု​သ​ကဲ့​သို့၊ ညီ​မ​သော​ဒုံ​နှင့် သူ၏​သ​မီး​တို့​သည် မ​ပြု​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သင့်​အစ်​မ​သည် မိ​မိ​သ​မီး​တို့​နှင့်​တ​ကွ သင့်​လက်​ဝဲ​ဘက်၌​နေ​သော ရှ​မာ​ရိ​မြို့​ဖြစ်၏။ သင့်​ထက် အ​သက်​ငယ်​သော သင်၏​ညီ​မ​သည် မိ​မိ​သ​မီး​တို့​နှင့်​တ​ကွ သင့်​လက်​ယာ​ဘက်၌​နေ​သော သော​ဒုံ​မြို့​ဖြစ်၏။

သို့​ရာ​တွင်၊ သင်​သည် သူ​တို့​ထုံး​စံ​ကို​မ​လိုက်၊ သူ​တို့​ပြု​သော ရွံ​ရှာ​ဖွယ်​အ​မှု​မျှ​သာ ပြု​သည်​မ​ဟုတ်၊ ထို​အ​မှု​ကို သာ​မ​ည​အ​မှု​ဟူ၍ ထင်​မှတ်​သ​ဖြင့်၊ သင်​သည်​အ​ရာ​ရာ၌ သူ​တို့​ထက်​သာ၍ ဆိုး​ညစ်​ပေ၏။

သင်​သည် ညီ​အစ်​မ​တို့​ကို အ​ပြစ်​တင်၍ စီ​ရင်​လျက်​ပင်၊ သူ​တို့​ပြု​သည်​ထက် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​တို့​ကို သာ၍​ပြု​သော​ကြောင့်၊ အ​ရှက်​ကွဲ​ခြင်း​ကို​ခံ​လော့။ သူ​တို့​သည် သင့်​ထက်​သာ၍ အ​ပြစ်​နည်း​ကြ၏။ သင်​မူ​ကား၊ ညီ​အစ်​မ​တို့၏​အ​ပြစ်​ကို မ​ထင်​ရှား​စေ​သည်​တိုင်​အောင်​ပြု​သော​ကြောင့် စိတ်​ပျက်၍ အ​ရှက်​ကွဲ​ခြင်း​ကို ခံ​လော့။

ပတ်​လည်၌​ရှိ​သော တိုင်း​သူ​ပြည်​သား​တို့​သည် ငါ၏​စီ​ရင်​ထုံး​ဖွဲ့​ချက်​ပ​ညတ်​တ​ရား​ကို လွန်​ကျူး​သည်​ထက်၊ ထို​မြို့​သား​တို့​သည် သာ၍ မ​တ​ရား​သ​ဖြင့် လွန်​ကျူး​ကြ​ပြီ။ ထို​ပ​ညတ်​တ​ရား​တော်​လမ်း​သို့ မ​လိုက်​ဘဲ ငြင်း​ပယ်​ကြ​ပြီ။

ငါ​အ​မှန်​ဆို​သည်​ကား၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့၌ ထို​မြို့​သည် သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ထက် သာ၍ ခံ​ရ​လ​တ္တံ့။-

အ​ကြင်​သူ​တို့​သည် သင်​တို့​ကို လက်​မ​ခံ၊ သင်​တို့၏ စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ၏။ ထို​သူ​တို့​နေ​ရာ အ​ရပ်​မှ ထွက်​သွား​စဉ်၊ သူ​တို့​တစ်​ဖက်၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ သင်​တို့၏​ခြေ​ဖ​ဝါး​မှ မြေ​မှုန့်​ကို ခါ​လိုက်​ကြ​လော့။ ငါ​အ​မှန်​ဆို​သည်​ကား၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့၌ ထို​မြို့​သည် သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ထက် သာ၍ ခံ​ရ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။-

ငါ​ဆို​သည်​ကား၊ နောက်​ဆုံး​သော​နေ့၌ ထို​မြို့​သည် သော​ဒုံ​မြို့​ထက် သာ၍​ခံ​ရ​လ​တ္တံ့။

သင်​တို့​ဘိုး​ဘေး​များ​သည် အ​ဘယ်​ပ​ရော​ဖက်​ကို​မျှ မ​ညှဉ်း​ဆဲ​ဘဲ နေ​သ​နည်း။ ဖြောင့်​မတ်​သော​သူ ကြွ​လာ​တော်​မူ​မည်​အ​ကြောင်း​အ​ရာ​ကို ဟော​ပြော​ပြ​ညွှန်​သော သူ​တို့​ကို ကွပ်​မျက်​ကြ၏။ ထို​ဖြောင့်​မတ်​သော​သူ​ကို​ပင် ယ​ခု​လည်း သင်​တို့​သည် အပ်​နှံ၍ အ​သေ​သတ်​ကြ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ