သင်သည် လင်နှင့် သားသမီးကို ရွံရှာသောမိန်းမ၏သမီးဖြစ်၏။ လင်နှင့် သားသမီးကို ရွံရှာသော မိန်းမ၏ ညီမလည်းဖြစ်၏။ သင့်အမိသည် ဟိတ္တိအမျိုး၊ သင့်အဘသည် အာမောရိလူဖြစ်၏။
ဆိုးယုတ်သောအမျိုး၊ ဒုစရိုက်ဝန်ကို ထမ်းရွက်သောလူစု၊ မတရားသဖြင့်ပြုသောအနွယ်၊ ဖောက်ပြန်သော သားသမီးပါတကား။ ထာဝရဘုရားကို စွန့်ကြပြီ။ ဣသရေလအမျိုး၏သန့်ရှင်းသောဘုရားကို မရိုမသေပြု၍ ပယ်ကြပြီ။ ကျောခိုင်း၍ ခွာသွားကြပြီ။
သို့ရာတွင်၊ သင်သည် ကိုယ်လှသောအဆင်းကိုကိုးစား၍၊ ဂုဏ်အသရေ ကျော်စောသောကြောင့်၊ ပြည့်တန်ဆာလုပ်၍၊ ခရီးသွားသောသူ အပေါင်းတို့နှင့် မတရားသောမေထုန်ကို အနှံ့အပြားပြုသဖြင့်၊ ယောက်ျားတိုင်း အခွင့်ရ၏။
ထာဝရဘုရားသည် ယေရုရှလင်မြို့အား မိန့်တော်မူသောစကားကို သင်ဆင့်ဆိုရမည်မှာ၊ သင်၏မူလ၊ သင်၏မွေးဖွားရာဌာနသည် ခါနာန်ပြည်၌ရှိ၏။ သင်၏ အဘသည် အာမောရိလူ၊ သင်၏အမိသည်ဟိတ္တိအမျိုးဖြစ်၏။
တစ်ဖန် ငါသည်လျှောက်သွား၍ သင့်ကိုမြင်သောအခါ၊ သင်၌ ချစ်လိုဖွယ်သော အချိန်အရွယ်ရှိသောကြောင့်၊ ငါသည် ကိုယ်အဝတ်စွန်းကို ဖြန့်၍၊ သင်၌ အချည်းစည်းရှိခြင်းကို ဖုံးအုပ်၏။ ကျိန်ဆိုခြင်းကိုလည်း ပြု၍၊ သင်နှင့် ပဋိညာဉ်ဖွဲ့သဖြင့်၊ သင်သည် ငါ၏ခင်ပွန်း ဖြစ်လေ၏။
အချင်းလူသား၊ အမိမကွဲပြားသော ညီအစ်မနှစ်ယောက် ရှိ၏။
သိုးထိန်းသုံးယောက်ကိုလည်း တစ်လတွင် ငါပယ်ဖြတ်၏။ သူတို့ကြောင့် ငါ့စိတ်ငြီးငွေ့၏။ သူတို့သည်လည်း ငါ့ကို ရွံရှာကြ၏။
သင်သည်ငါတို့ကို ဤတော၌သေစေခြင်းငှာ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ မုန့်မရှိ၊ ရေလည်းမရှိ၊ ဤပေါ့ပျက်သောစားစရာကိုလည်း ငါတို့သည်အလွန်ရွံရှာ၏ဟု ဘုရားသခင်နှင့်မောရှေကို ဆန့်ကျင်ဘက်ပြု၍ ဆိုကြ၏။
သူတို့ပြုသကဲ့သို့၊ သင်၏ ဘုရားသခင်ထာဝရဘုရားအား သင်မပြုရ။ သူတို့သည်၊ ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူသမျှတို့ကို သူတို့ဘုရား၌ ပြုကြပြီ။ ကိုယ်သားသမီးကိုပင် သူတို့ဘုရားအားဝတ်ပြု၍ မီးရှို့ကြပြီ။
ဦးမချ၊ ဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင်၊ ငါထာဝရဘုရားသည် သင်၌အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ကိုမုန်းသောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘတို့၏အပြစ်ကို သားတို့၌ ဆပ်ပေးစီရင်သောဘုရား၊