Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 16:44

Judson Bible

စ​ကား​ပုံ​ကို​သုံး​တတ်​သော သူ​အ​ပေါင်း​တို့​က၊ အ​မိ​ကဲ့​သို့ သ​မီး​ဖြစ်၏​ဟု သင့်​ကို​ရည်​မှတ်၍ စ​ကား​ပုံ​ကို ပြော​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

နာ​ဗုတ်​သေ​ကြောင်း​ကို အာ​ဟပ်​သည် ကြား​လျှင်၊ ယေ​ဇ​ရေ​လ​မြို့ သား​နာ​ဗုတ်၏ စ​ပျစ်​ဥ​ယျာဉ်​ကို သိမ်း​ယူ​ခြင်း​ငှာ ထ​သွား၏။

သူ​တို့​ရှေ့​မှ ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော်​မူ​သော တစ်​ပါး​အ​မျိုး​သား​ပြု​သ​ကဲ့​သို့ မြင့်​သော​အ​ရပ်​ရှိ​သ​မျှ​အ​ပေါ်​မှာ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ အ​ဓ​မ္မ​အ​မှု​တို့​ကို ပြု​ကြ၏။

စီ​ရင်​တော်​မူ​ချက်၊ ဘိုး​ဘေး​တို့​နှင့် ဖွဲ့​တော်​မူ​သော​ပ​ဋိ​ညာဉ်၊ သူ​တို့၌ သက်​သေ​ခံ​တော်​မူ​သော သက်​သေ​တို့​ကို​ပယ်၍ အ​န​တ္တ​တ​ရား​ကို ကျင့်​လျက် အ​ချည်း​နှီး​သက်​သက် ဖြစ်​ကြ၏။ အ​ကြင်​တစ်​ပါး​အ​မျိုး​သား​ကျင့်​သ​ကဲ့​သို့ မ​ကျင့်​ကြ​နှင့်​ဟု ထာ​ဝ​ရ​ဘု​ရား​ပ​ညတ်​တော်​မူ၏၊ ပတ်​လည်၌​နေ​သော ထို​အ​မျိုး​သား​နောက်​သို့​လိုက်​ကြ၏။

သူ​တို့​သည် နား​မ​ထောင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မူ​သော လူ​မျိုး​တို့​ပြု​သည်​ထက် သာ၍ ဒု​စ​ရိုက်​ကို​ပြု​စေ​ခြင်း​ငှာ မ​နာ​ရှေ​သည် သွေး​ဆောင်​လေ၏။

ထို​အ​မှု​ပြီး​မှ၊ အ​ကြီး​အ​ကဲ​တို့​သည် ငါ့​ထံ​သို့​လာ၍ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​အ​စ​ရှိ​သော ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ဤ​ပြည်​သား​ရင်း​တို့​နှင့် ပေါင်း​ဖော်​သ​ဖြင့်၊ ခါ​နာ​နိ​လူ၊ ဟိ​တ္တိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ယေ​ဗု​သိ​လူ၊ အ​မ္မုန်​လူ၊ မော​ဘ​လူ၊ အဲ​ဂု​တ္တု​လူ၊ အာ​မော​ရိ​လူ​တို့ ရွံ​ရှာ​ဖွယ်​သော​အ​ကျင့်​ကို ကျင့်​ကြ​ပါ၏။

အ​ချင်း​လူ​သား၊ နေ့​ရက်​ကာ​လ ရွေ့​လျက်​ရှိ၍၊ ခပ်​သိမ်း​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​လည်း ပျက်​ကြ​ပြီ​ဟု၊ ဣ​သ​ရေ​လ​ပြည်၌ သုံး​တတ်​သော စ​ကား​ပုံ​ကား အ​ဘယ်​သို့​နည်း။

သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ထို​စ​ကား​ပုံ​ကို ငါ​ပျောက်​စေ​မည်။ နောက်​တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​၌ မ​သုံး​ရ​ကြ။ နေ့​ရက်​ကာ​လ​နီး​ပြီ။ ခပ်​သိမ်း​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​လည်း ပြည့်​စုံ​ကြ​လိမ့်​မည်​ဟု ပြော​လော့။

ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရု​ရှ​လင်​မြို့​အား မိန့်​တော်​မူ​သော​စ​ကား​ကို သင်​ဆင့်​ဆို​ရ​မည်​မှာ၊ သင်၏​မူ​လ၊ သင်၏​မွေး​ဖွား​ရာ​ဌာ​န​သည် ခါ​နာန်​ပြည်၌​ရှိ၏။ သင်၏ အ​ဘ​သည် အာ​မော​ရိ​လူ၊ သင်၏​အ​မိ​သည်​ဟိ​တ္တိ​အ​မျိုး​ဖြစ်၏။

သင်​သည် လင်​နှင့် သား​သ​မီး​ကို ရွံ​ရှာ​သော​မိန်း​မ၏​သ​မီး​ဖြစ်၏။ လင်​နှင့် သား​သ​မီး​ကို ရွံ​ရှာ​သော မိန်း​မ၏ ညီ​မ​လည်း​ဖြစ်၏။ သင့်​အ​မိ​သည် ဟိ​တ္တိ​အ​မျိုး၊ သင့်​အ​ဘ​သည် အာ​မော​ရိ​လူ​ဖြစ်၏။

ရှေး​ပုံ​စ​ကား​လာ​သည်​အ​တိုင်း၊ ဆိုး​သော​သူ​လက်​မှ ဆိုး​သော​အ​မှု​ထွက်​တတ်၏။ သို့​ရာ​တွင် ကျွန်​တော်​လက်​သည် ကိုယ်​တော်​အ​ပေါ်​သို့ မ​ရောက်​ပါ​စေ​နှင့်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ