Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 16:40

Judson Bible

လူ​အ​လုံး​အ​ရင်း​ကို​လည်း ခေါ်​သ​ဖြင့်၊ သူ​တို့​သည် ခဲ​နှင့်​ပစ်၍၊ ဓား​နှင့်​ခုတ်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ခါ​လ​ဒဲ​ရှင်​ဘု​ရင်​ကို စစ်​ချီ​စေ​တော်​မူ၏။ ထို​ရှင်​ဘု​ရင်​သည် သန့်​ရှင်း​ရာ​ဌာ​န​အိမ်​တော်၌ လူ​ပျို​တို့​ကို ဓား​နှင့်​သတ်၏။ ယောက်ျား​ပျို၊ မိန်း​မ​ပျို၊ လူ​အို၊ အ​သက်​ကြီး၍ ကျော​ကုန်း​သော သူ​တို့​ကို​ပင် မ​သ​နား၊ ရှိ​သ​မျှ​တို့​ကို ထို​ရှင်​ဘု​ရင်​လက်​သို့ အပ်​တော်​မူ၏။

ဤ​ပြည်​နှင့် ပြည်​သား​များ​ကို​လည်း​ကောင်း၊ ပတ်​ဝန်း​ကျင်၌​ရှိ​သော လူ​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း စစ်​တိုက်​စေ​ခြင်း​ငှာ၊ ငါ၏​ကျွန် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​အ​စ​ရှိ​သော မြောက်​ပြည်​သား အ​မျိုး​မျိုး​အ​ပေါင်း​တို့​ကို ငါ​မှာ​လိုက်၍ ဆောင်​ခဲ့​ပြီး​လျှင်၊ ရှင်း​ရှင်း​ဖျက်​ဆီး၍၊ ဤ​ပြည်​သား​တို့​ကို အံ့​ဩ​ဖွယ်​ရာ၊ ကဲ့​ရဲ့​သံ​ကို​ကြား​ရာ၊ အ​စဉ်​အ​မြဲ လူ​ဆိတ်​ညံ​ရာ ဖြစ်​စေ​မည်။

သူ​တို့​သည် အ​ဝတ်​ကို ချွတ်​ကြ၏။ သူ၏​သား​သ​မီး​တို့​ကို သိမ်း​သွား၍၊ သူ့​ကို ဓား​နှင့် ကွပ်​မျက်​ကြ၏။ ထို​သို့ အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​သော​အား​ဖြင့်၊ မိန်း​မ​တ​ကာ​တို့​တွင် ကျော်​စော​သော​မိန်း​မ​ဖြစ်​လေ၏။

သူ​တို့​သည် သင့်​ကို မ​ယုံ​မည်​အ​ကြောင်း၊ ငါ​ပြု၍ သင့်​ကို ကြမ်း​တမ်း​စွာ စီ​ရင်​ကြ​လိမ့်​မည်။ သင့်​နှာ​ခေါင်း၊ နား​ရွက်​တို့​ကို​ဖြတ်၍ အ​ကျန်​အ​ကြွင်း​ကို ဓား​နှင့် စဉ်း​ကြ​လိမ့်​မည်။ သင်၏​သား​သ​မီး​တို့​ကို သိမ်း​သွား၍၊ ကျန်​ကြွင်း​သော သူ​တို့​ကို မီး​ရှို့​ကြ​လိမ့်​မည်။

ထို​အ​လုံး​အ​ရင်း​သည် မိန်း​မ​တို့​ကို ခဲ​နှင့်​ပစ်၍၊ ဓား​နှင့်​ခုတ်​ကြ​လိမ့်​မည်။ သား​သ​မီး​တို့​ကို​သတ်၍ အိမ်​တို့​ကို​လည်း မီး​ရှို့​ကြ​လိမ့်​မည်။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​အား​ဆင့်​ဆို​ရ​မည်​မှာ၊ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န၊ သင်​တို့​အ​စွမ်း​သ​တ္တိ အထွတ်​အ​မြတ်၊ သင်​တို့​ကြည့်​ရှု​လို​ဖွယ်​သော​အ​ရာ၊ အ​လွန်​နှ​မြော​သော​အ​ရာ​ကို ငါ​ရှုတ်​ချ​မည်။ သင်​တို့​ဖွား​မြင်​သော သား​သ​မီး​တို့​သည် ဓား​ဖြင့်​ဆုံး​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ