Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 16:39

Judson Bible

သင့်​ကို သူ​တို့​လက်​သို့ ငါ​အပ်​သ​ဖြင့်၊ သူ​တို့​သည် သင်၏​ကု​ဋီ​တိုက်​ကို​ဖျက်၍၊ သင်၏​မြင့်​သော​အ​ရပ်​တို့​ကို ဖြို​ချ​ကြ​လိမ့်​မည်။ သင့်​အ​ဝတ်​တို့​ကို ချွတ်၍ လှ​သော​တန်​ဆာ​တို့​ကို လု​ယူ​ပြီး​လျှင်၊ သင့်​ကို အ​ဝတ်​မ​ပေး၊ အ​ချည်း​စည်း​ရှိ​စေ​ခြင်း​ငှာ ပစ်​ထား​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​သို့ ယာ​ကုပ်​အ​မျိုး​သည် ယဇ်​ပ​လ္လင်​ကျောက်​တို့​ကို ထုံး​ကျောက်​ကဲ့​သို့ ချိုး​ဖဲ့၍၊ အာ​ရှ​ရ​ပင်​နှင့် ရုပ်​တု​တို့​ကို လှဲ​သော​အ​ခါ၊ မိ​မိ​အ​ပြစ်​ပြေ၍၊ အ​ပြစ်​ပြေ​ရှင်း​ခြင်း အ​ကျိုး​ကျေး​ဇူး​ရှိ​သ​မျှ​ကို ခံ​ရ​လိမ့်​မည်။

သင်၏​ကု​ဋီ​တိုက်​ကို ခပ်​သိမ်း​သော​လမ်း၌​တည်၍၊ လမ်း​ရှိ​တိုင်း မြင့်​သော​အ​ရပ်​ကို လုပ်​သ​ဖြင့်၊ အ​ခ​ကို​ငြင်း​သော​ကြောင့် ပြည့်​တန်​ဆာ​နှင့် မ​တူ။

သင့်​အ​ဝတ်​ကို​လည်း ချွတ်၍၊ တင့်​တယ်​သော​တန်​ဆာ​တို့​ကို သိမ်း​ယူ​ကြ​လိမ့်​မည်။

သူ​တို့​သည် မုန်း​သည်​အ​တိုင်း​ပြု​လျက်၊ သင်​ကြိုး​စား၍ ဆည်း​ပူး​သ​မျှ​သော ဥ​စ္စာ​တို့​ကို​သိမ်း​ယူ၍၊ သင့်​ကိုယ်၌ အ​ဝတ်​မ​ရှိ၊ အ​ချည်း​စည်း ရှိ​ရစ်​စေ​ကြ​လိမ့်​မည်။ သင်​မှား​ယွင်း၍ အ​ချည်း​စည်း​ရှိ​ခြင်း၊ အ​ဓ​မ္မ​အ​မှု​ကို​ပြု​ခြင်း၊ မ​တ​ရား​သော​မေ​ထုန်​သို့ လိုက်​ခြင်း​အ​ရာ​သည် ထင်​ရှား​ရ​လိမ့်​မည်။

မ​ရှောင်​လျှင် သူ၏​အ​ဝတ်​ရှိ​သ​မျှ​ကို ငါ​ချွတ်၍၊ သူ​ဖွား​သော​နေ့၌ အ​ဝတ်​မ​ရှိ​သ​ကဲ့​သို့ အ​ဝတ်​မ​ပါ၊ ပြင်၌ ထုတ်​ထား​မည်။ လွင်​ပြင်​ကဲ့​သို့ သုတ်​သင်​မည်။ သွေ့​ခြောက်​သော မြေ​ကဲ့​သို့ ဖြစ်​စေ​လျက် ရေ​အ​ငတ်​ထား၍ သေ​စေ​မည်။

သူ​တို့​အ​မိ​သည် ပြည့်​တန်​ဆာ​ဖြစ်၏။ သူ​တို့​ကို ပ​ဋိ​သ​န္ဓေ​ယူ​သော​သူ​သည် ရှက်​ဖွယ်​သော​အ​မှု​ကို ပြု​ပြီ။ သူ​က​လည်း၊ ငါ့​မုန့်၊ ငါ့​ရေ၊ ငါ့​သိုး​မွေး၊ ငါ့​ပိုက်​ဆန်၊ ငါ့​ဆီ၊ ငါ​သောက်​သော​အ​ရည်​တို့​ကို ပေး​တတ်​သော ငါ့​ရည်း​စား​များ နောက်​သို့ ငါ​လိုက်​မည်​ဟု​ဆို​ပြီ။

သင်​တို့​မြင့်​သော​အ​ရပ်​များ​ကို ငါ​ဖြို​ဖျက်၍၊ ရုပ်​တု​ဆင်း​တု​များ​ကို ခုတ်​လှဲ​မည်။ သင်​တို့​အ​သေ​ကောင်​များ​ကို၊ ရုပ်​တု​ဆင်း​တု အ​သေ​ကောင်​အ​ပေါ်​မှာ ပစ်​ချ၍၊ သင်​တို့​ကို​စက်​ဆုပ်​ရွံ​ရှာ​မည်။

ယ​ခု​မြင်​သော ချို​ဆယ်​ချောင်း​နှင့် သား​ရဲ​သည် ပြည့်​တန်​ဆာ​ကို မုန်း၍ သူ၏​စည်း​စိမ်​ကို ဖျက်​ဆီး​လိမ့်​မည်။ သူ၏​အ​ဝတ်​တန်​ဆာ​ကို ချွတ်၍ သူ၏​အ​သား​ကို ကိုက်​စား​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ