ယေဇကျေလ 16:38Judson Bibleမျောက်မထားသော မိန်းမနှင့်၊ လူအသက်ကိုသတ်သော မိန်းမတို့ကိုစီရင်သကဲ့သို့ သင့်ကိုငါစီရင်၍၊ ပြင်းစွာသော ဒေါသအမျက်အသွေးကို ငါတိုက်မည်။ အခန်းကိုကြည့်ပါ။ |
ထိုကြောင့်၊ သူတို့ကို ဓားဘေးသို့လည်းကောင်း၊ သူတို့သားသမီးများကို မွတ်သိပ်ခြင်းသို့လည်းကောင်း အပ်တော်မူပါ။ သူတို့မိန်းမတို့သည် သားများဆုံး၍ မုဆိုးမဖြစ်ကြပါစေသော။ လူကြီးတို့သည် အသေသတ်ခြင်းကို ခံရ၍၊ လူပျိုတို့လည်း စစ်တိုက်ပွဲ၌ ဓားဖြင့် ဆုံးကြပါစေသော။
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်၏ရည်းစားများ စက်ဆုပ်ရွံရှာဖွယ်သော ရုပ်တုအပေါင်းတို့နှင့် မှားယွင်းခြင်းအားဖြင့်လည်းကောင်း၊ သူတို့အားပေးသော သားသမီးတို့၏အသွေးအားဖြင့်လည်းကောင်း သင်သည် ကိုယ်ရှက်ကြောက်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်းကို ထင်ရှားစွာဖော်ပြသောကြောင့်၊