ယေဇကျေလ 16:36Judson Bibleအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်၏ရည်းစားများ စက်ဆုပ်ရွံရှာဖွယ်သော ရုပ်တုအပေါင်းတို့နှင့် မှားယွင်းခြင်းအားဖြင့်လည်းကောင်း၊ သူတို့အားပေးသော သားသမီးတို့၏အသွေးအားဖြင့်လည်းကောင်း သင်သည် ကိုယ်ရှက်ကြောက်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်းကို ထင်ရှားစွာဖော်ပြသောကြောင့်၊ အခန်းကိုကြည့်ပါ။ |
သူ၌ မစင်ကြယ်သော လက္ခဏထင်ရှားသော်လည်း၊ နောက်ခံရသောအပြစ်ကို မအောက်မေ့။ ထိုကြောင့်၊ မျက်နှာပေးသောသူ မရှိဘဲ အံ့ဩဖွယ်သော အခြင်းအရာနှင့် နှိမ့်ချခြင်းသို့ရောက်လေ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်ဆင်းရဲခြင်းကို ကြည့်ရှုတော်မူပါ။ ရန်သူသည် ကိုယ်ကို ချီးမြှောက်ပါပြီ။
သူတို့သည် မုန်းသည်အတိုင်းပြုလျက်၊ သင်ကြိုးစား၍ ဆည်းပူးသမျှသော ဥစ္စာတို့ကိုသိမ်းယူ၍၊ သင့်ကိုယ်၌ အဝတ်မရှိ၊ အချည်းစည်း ရှိရစ်စေကြလိမ့်မည်။ သင်မှားယွင်း၍ အချည်းစည်းရှိခြင်း၊ အဓမ္မအမှုကိုပြုခြင်း၊ မတရားသောမေထုန်သို့ လိုက်ခြင်းအရာသည် ထင်ရှားရလိမ့်မည်။
သင်သည် ဥစ္စာရတတ်ခြင်းငှာ၊ မီးနှင့်ချွတ်ပြီးသော ရွှေကိုလည်းကောင်း၊ အဝတ်အချည်းစည်းရှိ၍၊ သူတစ်ပါး ရှေ့တွင် မရှက်စေခြင်းငှာ ခြုံစရာဖို့၊ ဖြူသောအဝတ်ကိုလည်းကောင်း ငါ့ထံမှာဝယ်လော့။ သင်၏မျက်စိမြင်စေခြင်းငှာ၊ မျက်စိ၌ မျက်စဉ်းခတ်လော့ဟု သင့်အားငါသည် အကြံပေး၏။-