Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 16:30

Judson Bible

အ​စိုး​တ​ရ​ပြု၍ သီ​လ​ပျက်​သော​မိန်း​မ​ပြု​တတ်​သ​မျှ​သော ဤ​အ​မှု​တို့​ကို သင်​သည်​ပြု​မိ​လျက်၊ သင့်​စိတ်​နှ​လုံး​သည် အ​လွန်​မိုက်​ပါ​သည်​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​စိတ်​သ​ဘော​မူ​ကား၊ ရှေ့​တော်၌ မ​ဖြောင့်၊ သ​စ္စာ​တော်​ကို မ​စောင့်​ဘဲ​နေ​ကြ၏။

ချစ်​ဖွယ်​သော စ​ကား​နှင့် ထို​သူ​ကို သွေး​ဆောင်၍ ချော့​မော့​တတ်​သော နှုတ်​ခမ်း​နှင့် နိုင်​သ​ဖြင့်၊

မိုက်​သော​မိန်း​မ​သည် စ​ကား​သံ​ကျယ်၍ ဉာဏ်​တိမ်​သ​ဖြင့် အ​လျှင်း​မ​သိ​တတ်။

နွား​သော်​လည်း မိ​မိ​အ​ရှင်​ကို​သိ​၏။ မြည်း​သော်​လည်း မိ​မိ​သ​ခင်​၏​မြည်း​ဇောင်း​ကို​သိ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား၊ ငါ့​ကို​မ​သိ​ကြ။ ငါ​၏​လူ​မျိုး​မူ​ကား၊ မ​ဆင်​ခြင်​တတ်​ပါ​တ​ကား။

သူ​တို့​မျက်​နှာ​အ​နေ​အ​ထား​သည် သူ​တို့​တစ်​ဖက်၌ သက်​သေ​ခံ၏။ မိ​မိ​ဒု​စ​ရိုက်​ကို မ​ဝှက်၊ သော​ဒုံ​မြို့​သား​ကဲ့​သို့ ထင်​ရှား​စွာ​ပြု​ကြ၏။ သူ​တို့​ဝိ​ညာဉ်၌ အ​မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ မ​ကောင်း​ကျိုး​ကို မိ​မိ​တို့၌​ဆပ်​ပေး​ကြ​ပြီ။

ယောက်ျား​စွန့်​ပစ်​သော မိန်း​မ​သည် ထွက်​သွား၍၊ အ​ခြား​သော​သူ၏ မ​ယား​ဖြစ်​ပြီး​မှ၊ အ​ရင်​လင်​သည် ထို​မိန်း​မ​ကို ပြန်၍​ယူ​သင့်​သ​လော။ ထို​သို့​ပြု​သော​ပြည်​သည် ညစ်​ညူး​သည်​မ​ဟုတ်​လော​ဟု ဆို​လေ့​ရှိ​လျက်​နှင့်၊ သင်​သည် များ​စွာ​သော ရည်း​စား​တို့၌ မှီ​ဝဲ၍ မှား​ယွင်း​သော်​လည်း၊ ငါ့​ထံ​သို့ ပြန်​လာ​ပါ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။

မိုး​ခေါင်၍ နောက်​မိုး​တိုင်​အောင် မ​ရွာ​သော်​လည်း၊ သင်​သည် ပြည့်​တန်​ဆာ​န​ဖူး​ရှိ၍၊ ရှက်​ခြင်း​သ​ဘော​ကို ပယ်​ရှား​ပြီ။

အ​ကယ်​စင်​စစ် ငါ၏​လူ​တို့​သည် ထိုင်း​မှိုင်း၍ ငါ့​ကို​မ​သိ​ကြ။ မိုက်​သော​သူ​ငယ်​ဖြစ်၍ ဉာဏ်​မ​ရှိ​ကြ။ မ​ကောင်း​သော​အ​မှု​တို့၌ လိ​မ္မာ​ကြ၏။ ကောင်း​သော​အ​မှု​တို့​ကို မ​ပြု​တတ်​ကြ။

ထို​မှ​တစ်​ပါး၊ ခါ​နာန်​ပြည်​မှ​သည် ခါ​လ​ဒဲ​ပြည်​တိုင်​အောင်၊ မ​တ​ရား​သော​မေ​ထုန်​အ​မှု​တို့​ကို များ​ပြား​စေ​သော်​လည်း စိတ်​မ​ပြေ​နိုင်။

အို ဣ​သ​ရေ​လ​အ​မျိုး၊ တစ်​ပါး​အ​မျိုး​သား​ကဲ့​သို့ ဝမ်း​မြောက်​ရွှင်​မြူး​သော​စိတ်​ရှိ၍ မ​ခုန်​နှင့်။ ကိုယ်​ဘု​ရား​သ​ခင်၌ မ​ဆည်း​ကပ်၊ အ​ခြား​သော​ဘု​ရား​နှင့် မှား​ယွင်း​ပြီ။ ကောက်​နယ်​တ​လင်း​ရှိ​သ​မျှ​တို့၌ မှား​ယွင်း​ခ​ကို နှစ်​သက်​တတ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ