Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 16:26

Judson Bible

ဆူ​ဖြိုး​သော သင်၏​အိမ်​နီး​ချင်း​အဲ​ဂု​တ္တု​လူ​တို့​နှင့် မှား​ယွင်း၍၊ ငါ့​အ​မျက်​ကို​နှိုး​ဆော်​လျက်၊ မ​တ​ရား​သော မေ​ထုန်​အ​မှု​တို့​ကို များ​ပြား​စေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

သူ​တစ်​ပါး​နှင့်​တိုင်​ပင်၍ ရွှေ​နွား​သ​ငယ်​နှစ်​ကောင်​ကို​လုပ်​ပြီး​လျှင်၊ သင်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ရ​သော​အ​မှု​ခက်​လှ၏။ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော​ဘု​ရား​တို့​ကို ကြည့်​ရှု​ကြ​လော့​ဟု ဆို​လျက်၊

အာ​ရုန်​သည်​လည်း​လက်​ခံ၍၊ နွား​သ​ငယ်​ရုပ်​ပုံ​သ​ဏ္ဌာန်​ကို က​ညစ်​နှင့်​ရေး​သား​ပြီး​လျှင် သွန်း​လေ၏။ လူ​များ​တို့​က​လည်း အို​ဣ​သ​ရေ​လ​အ​မျိုး၊ ဤ​ဘု​ရား​သည် သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​သော သင်၏​ဘု​ရား​ဖြစ်​တော်​မူ​သည်​ဟု ဆို​ကြ၏။

သင်​သည် လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့ လမ်း​လွဲ​လျှင်၊ ဤ​မည်​သော​လမ်း​သည် မှန်၏။ ဤ​လမ်း၌​သွား​လော့​ဟု သင့်​နောက်၌ ပြော​သော​စ​ကား​သံ​ကို ကိုယ်​နား​နှင့် ကြား​ရ​လိမ့်​မည်။

ယောက်ျား​စွန့်​ပစ်​သော မိန်း​မ​သည် ထွက်​သွား၍၊ အ​ခြား​သော​သူ၏ မ​ယား​ဖြစ်​ပြီး​မှ၊ အ​ရင်​လင်​သည် ထို​မိန်း​မ​ကို ပြန်၍​ယူ​သင့်​သ​လော။ ထို​သို့​ပြု​သော​ပြည်​သည် ညစ်​ညူး​သည်​မ​ဟုတ်​လော​ဟု ဆို​လေ့​ရှိ​လျက်​နှင့်၊ သင်​သည် များ​စွာ​သော ရည်း​စား​တို့၌ မှီ​ဝဲ၍ မှား​ယွင်း​သော်​လည်း၊ ငါ့​ထံ​သို့ ပြန်​လာ​ပါ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။

သူ​တို့​သည် အ​သက်​ငယ်​စဉ်​အ​ခါ၊ အဲ​ဂု​တ္တု​ပြည်၌ မ​တ​ရား​သော​မေ​ထုန်​ကို ပြု​ကြ၏။ ထို​ပြည်၌ သူ​တို့၏​သား​မြတ်​ကို ပွတ်​နယ်၍ အ​ပျို​မ​အ​သ​ရေ​ကို ရှုတ်​ချ​ကြ၏။

အ​သက်​ငယ်​စဉ်​အ​ခါ အဲ​ဂု​တ္တု​ပြည်၌ သူ​နှင့်​သင့်​နေ၍၊ အ​ပျို​မ​အ​သ​ရေ​ကို ရှုတ်​ချ​သ​ဖြင့်၊ အ​ထပ်​ထပ် မ​တ​ရား​သော​မေ​ထုန်​ကို ပြု​ကြ​သည်​နှင့်​အ​ညီ၊ အဲ​ဂု​တ္တု​မေ​ထုန်​ကို​လည်း မ​စွန့်​ပစ်၊ မှီ​ဝဲ​လျက်​နေ၏။

ငါ​သည် ဝင်၍​ကြည့်​ရှု​သော​အ​ခါ၊ တံ​တိုင်း​ရိုး အ​တွင်း​ပတ်​လည်၌၊ တွား​တတ်​သော အ​ကောင်​မှ​စ၍ ရွံ​ရှာ​ဖွယ်​သော တိ​ရ​စ္ဆာန်​အ​မျိုး​မျိုး​နှင့် ဣ​သ​ရေ​လ​အ​မျိုး​ကိုး​ကွယ်​သော ရုပ်​တု​ဆင်း​တု​ရှိ​သ​မျှ​တို့၏ ပုံ​သ​ဏ္ဌာန်​သည် ရေး​ထား​လျက်​ရှိ၏။

ဗိ​မာန်​တော်​မြောက်​တံ​ခါး​ဝ​သို့ ဆောင်​သွား၍၊ ထို​အ​ရပ်၌ မိန်း​မ​တို့​သည် တ​မ္မု​ဇ​နတ်​အ​ဖို့ ငို​ကြွေး​လျက် ထိုင်​ကြ၏။

တစ်​ဖန်​တုံ၊ အ​ချင်း​လူ​သား၊ ထို​အ​မှု​ကို မြင်​ပြီ​လော။ ယု​ဒ​အ​မျိုး​သည် ဤ​အ​ရပ်၌ စက်​ဆုပ်​ရွံ​ရှာ​ဖွယ် အ​မှု​တို့​ကို ပြု​သော​အ​ပြစ် ပေါ့​သ​လော။ သူ​တို့​သည် အ​ဓ​မ္မ​မှု​ဖြင့် တစ်​ပြည်​လုံး​ကို ပြည့်​စေ၍ ငါ၏​အ​မျက်​ကို အ​ထပ်​ထပ် နှိုး​ဆော်​ကြ​ပြီ။ သစ်​ခက်​ကို​လည်း မိ​မိ​တို့​နှာ​ခေါင်း​ဝ၌ ကပ်၍​ကိုင်​ကြ၏။

အ​စဉ်​ယို​သည်​ဖြစ်​စေ၊ တစ်​ခါ​တ​လေ​ရပ်​သည်​ဖြစ်​စေ၊ ထို​သူ​သည် မ​စင်​ကြယ်။

ယ​ခု​မှာ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့၍ ကြည်​ဖြူ​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း​နှင့်​တ​ကွ ဝတ်​ပြု​ကြ​လော့။ မြစ်​ကြီး​တစ်​ဖက်၌​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်၌​လည်း​ကောင်း၊ ဘိုး​ဘေး​တို့​ဝတ်​ပြု​သော ဘု​ရား​များ​ကို​ပယ်၍ ထာ​ဝ​ရ​ဘု​ရား​ကို​သာ ဝတ်​ပြု​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ