Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 16:21

Judson Bible

သင်​သည် မ​တ​ရား​သော​မေ​ထုန်​ကို​ပြု၍ စိတ်​မ​ပြေ​သော​ကြောင့် ငါ၏​သား​သ​မီး​တို့​ကို သတ်၍ ရုပ်​တု​တို့​အား မီး​ဖြင့်​ပူ​ဇော်​ရ​မည်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သား​သ​မီး​တို့​ကို မီး​ဖြင့်​ပူ​ဇော်​ကြ၏။ နတ်​ဝိ​ဇ္ဇာ​အ​တတ်၊ ပြု​စား​သော​အ​တတ်​ကို သုံး​ဆောင်၍ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ၊ ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​မည်​ဟု ကိုယ်​ကို​ရောင်း​ကြ၏။

မိ​မိ​သား​ကို မီး​ဖြင့်​ပူ​ဇော်၏။ ကာ​လ​ဗေ​ဒင်​ကို ကြည့်​တတ်၏။ ပြု​စား​သော​အ​တတ်​ကို​သုံး​ဆောင်၍ စုန်း​နှင့် နတ်​ဝင်​တို့​ကို​လည်း အ​ခွင့်​ပေး၏။ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ ရှေ့​တော်၌ များ​စွာ​သော​ဒု​စ​ရိုက်​ကို​ပြု၏။

အ​ဘယ်​သူ​မျှ မိ​မိ​သား​သ​မီး​ကို မော​လုတ်​ဘု​ရား​အား မီး​ဖြင့်​မ​ပူ​ဇော်​နိုင်​မည်​အ​ကြောင်း၊ ဟိ​န္နုံ​သား၏ ချိုင့်၌​ရှိ​သော တော​ဖက်​အ​ရပ်​ကို​လည်း ညစ်​ညူး​စေ​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှ နှင်​ထုတ်​တော်​မူ​သော တစ်​ပါး​အ​မျိုး​သား​တို့၏ ရွံ​ရှာ​ဖွယ် ထုံး​စံ​အ​တိုင်း၊ ဟိ​န္နုံ​သား​ချိုင့်၌ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ မိ​မိ​သား​တို့​ကို​လည်း မီး​ဖြင့်​ပူ​ဇော်၏။

ကိုယ်​သား​သ​မီး​တို့​ကို နတ်​ဆိုး​တို့​အား ယဇ်​ပူ​ဇော်​ကြ၏။

လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ၊ သား​ဦး​အ​ပေါင်း​တို့​ကို ငါ့​အ​ဖို့​သန့်​ရှင်း​စေ​လော့။ ငါ့​ဥ​စ္စာ​ဖြစ်​ကြ​သည်​ဟု မိန့်​တော်​မူ၏။

ငါ​မ​စီ​ရင်​မ​မှာ​ထား၊ ငါ​အ​လျှင်း​အ​လို​မ​ရှိ​သော​ဝတ်​တည်း​ဟူ​သော၊ ဗာ​လ​ဘု​ရား​ရှေ့​မှာ မိ​မိ​သား​တို့​ကို မီး​ရှို့၍၊ ပူ​ဇော်​ရာ​ဝတ်​ပြု​ခြင်း​ငှာ၊ ဗာ​လ​ဘု​ရား​ဖို့ ကုန်း​တို့​ကို တည်​လုပ်​ကြ​ပြီ။

ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ကို သူ​တို့​သည် သိ​မည်​အ​ကြောင်း၊ သူ​တို့​ကို​ဖျက်​ဆီး​ခြင်း​ငှာ၊ သူ​တို့​သည် သား​ဦး​အ​ပေါင်း​တို့​ကို မီး​ဖြင့် ပူ​ဇော်​ရာ​တွင်၊ သူ​တို့​ပူ​ဇော်​သ​ကာ​များ​အား​ဖြင့် ငါ​ညစ်​ညူး​စေ၏။

သင်၏​သား​သ​မီး​တို့​ကို၊ မော​လုတ်​ဘု​ရား​အား မီး​ဖြင့်​မ​ပူ​ဇော်​ရ။ သင်၏​ဘု​ရား​သ​ခင်​နာ​မ​တော်​ကို မ​ရှုတ်​မ​ချ​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

သင်​တို့​တွင် မိ​မိ​သား​သ​မီး​ကို မီး​ဖြင့်​ပူ​ဇော်​သော​သူ၊ ဖြစ်​လ​တ္တံ့​သော​အ​မှု​ကို ကိုယ်​ဉာဏ်​နှင့် ဟော​ပြော​သော​သူ၊ ကာ​လ​ဗေ​ဒင်​ကို ကြည့်​သော​သူ၊ မ​ကောင်း​သော​အ​တတ်​ကို ပြု​စု​သော​သူ၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ