Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 16:19

Judson Bible

ငါ​ပေး​သော​ဘော​ဇဉ်၊ သင့်​ကို​ငါ​ကျွေး​သော မုန့်​ညက်၊ ဆီ၊ ပျား​ရည်​ကို​လည်း သူ​တို့​ရှေ့​မှာ မွှေး​ကြိုင်​စ​ရာ​ဖို့ တင်​ထား​လေ​ပြီ​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ မွှေး​ကြိုင်​သော အ​နံ့​ကို​ခံ​ယူ၍၊ ငါ​သည် နောက်​တစ်​ဖန်​လူ​တို့​အ​တွက် မြေ​ကြီး​ကို​မ​ကျိန်။ အ​ကြောင်း​မူ​ကား၊ လူ​တို့​သည် ငယ်​သော​အ​ရွယ်​မှ​စ၍၊ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ဆိုး​ကြ၏။ ငါ​သည် ယ​ခု​တစ်​ခါ ပြု​ပြီး​သ​ကဲ့​သို့၊ အ​သက်​ရှင်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို နောက်​တစ်​ဖန်​ဒဏ်​မ​ခတ်။

ရှက်​ဖွယ်​သော​အ​ရာ​သည် အ​ကျွန်ုပ်​တို့၏ ဘိုး​ဘေး​ဥ​စ္စာ​တည်း​ဟူ​သော သူ​တို့ သိုး​နွား၊ သား​သ​မီး​များ​ကို အ​ကျွန်ုပ်​တို့ ငယ်​သော​အ​ရွယ်​က​ပင် စား၍​ကုန်​ပါ​ပြီ။

ထို​သို့ သင်​သည် ရွှေ​ငွေ​နှင့်​တ​ကွ၊ ဖဲ၊ ပိတ်​ချော၊ ချယ်​လှယ်​သော အ​ဝတ်​တန်​ဆာ​တို့​ကို ဆင်​လျက်၊ မုန့်​ညက်၊ ပျား​ရည်၊ ဆီ​ကို​စား​လျက်၊ အ​လွန်​တ​ရာ​လှ​သော​အ​ဆင်း​နှင့် ပြည့်​စုံ၍၊ မိ​ဖု​ရား​အ​ရာ​ကို ခံ​ရ၏။

ချယ်​လှယ်​သော​အ​ဝတ်​ကို​လည်း ယူ၍၊ ထို​ရုပ်​တု​တို့​ကို​ခြုံ​ပြီး​လျှင်၊ ငါ့​ဆီ​နှင့် ငါ့​နံ့​သာ​ပေါင်း​ကို သူ​တို့​ရှေ့​မှာ တင်​ထား​လေ​ပြီ။

သူ​တို့၌ တင့်​တယ်​သော တန်​ဆာ​အား​ဖြင့် သူ​တို့​မာ​န​ကို တိုး​ပွား​စေ၍၊ သူ​တို့၌ စက်​ဆုပ်​ဖွယ်​သော ရုပ်​တု​ဆင်း​တု​တို့​ကို​လည်း​ကောင်း၊ ရွံ​ရှာ​ဖွယ်​သော အ​ရာ​တို့​ကို​လည်း​ကောင်း လုပ်​ကြ​သော​ကြောင့်၊ ထို​တန်​ဆာ​ကို ညစ်​ညူး​သော​အ​ရာ ဖြစ်​စေ​ခြင်း​ငှာ ငါ​စီ​ရင်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ