Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 14:19

Judson Bible

သို့​မ​ဟုတ်၊ ထို​ပြည်၌ ကာ​လ​နာ​ကို ငါ​စေ​လွှတ်​သော​ကြောင့်၊ လူ​နှင့် တိ​ရ​စ္ဆာန်၏​အ​သက်​ကို သတ်​ဖြတ်​ပယ်​ရှင်း​ခြင်း​ငှာ ငါ၏​ဒေါ​သ​အ​ရှိန်​ကို သွန်း​လောင်း​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

29 ပူးပေါင်းရင်းမြစ်များ  

ဂဒ်​သည် ဒါ​ဝိဒ်​ထံ​သို့​သွား၍၊ ပြည်​တော်၌ သုံး​နှစ်​ပတ်​လုံး အ​စာ​အာ​ဟာ​ရ ခေါင်း​ပါး​စေ​ရ​မည်​လော။ သို့​မ​ဟုတ် ရန်​သူ​တို့​သည် သုံး​လ​ပတ်​လုံး​လိုက်၍ ကိုယ်​တော်​ပြေး​တော်​မူ​ရ​မည်​လော။ သို့​မ​ဟုတ် ပြည်​တော်၌ သုံး​ရက်​ပတ်​လုံး ကာ​လ​နာ​ရောက်​စေ​ရ​မည်​လော။ အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​သော​သူ​အား အ​ကျွန်ုပ်​သည် အ​ဘယ်​သို့​ပြန်​လျှောက်​ရ​မည်​ကို စဉ်း​စား​ဆင်​ခြင်​တော်​မူ​ပါ​ဟု လျှောက်​လေ၏။

ထို​နေ့​နံ​နက်​မှ​စ၍ ချိန်း​ချက်​သော​အ​ချိန်​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ကာ​လ​နာ​ကို လွှတ်​လိုက်​တော်​မူ၍၊ ဒန်​မြို့​မှ​သည် ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် လူ​ခု​နစ်​သောင်း​သေ​ကြ၏။

ပြည်​တော်၌ အ​စာ​အာ​ဟာ​ရ​ခေါင်း​ပါး​သော်​လည်း​ကောင်း၊ လေ​ထိ၍ အ​ပင်​သေ​သော်​လည်း​ကောင်း၊ အ​ရည်​ယို၍ သေ​သော်​လည်း​ကောင်း၊ အ​ရာ​ဘ​ကျိုင်း၊ ခါ​သိ​လ​ကျိုင်း ကိုက်​စား​သော်​လည်း​ကောင်း၊ ရန်​သူ​တိုက်​လာ၍ မြို့​ကို ဝိုင်း​ထား​သော်​လည်း​ကောင်း၊ ဘေး​ဥ​ပဒ်၊ အ​နာ​ရော​ဂါ​တစ်​စုံ​တစ်​ခု ရောက်​သော​အ​ခါ၊

အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ဓား​ဘေး၊ ဒဏ်​ခတ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​တစ်​စုံ​တစ်​ခု​ရောက်၍၊ နာ​မ​တော်​ဖြင့်​သ​မုတ်​သော ဤ​အိမ်​တော်၊ အ​ထံ​တော်​သို့ အ​ကျွန်ုပ်​တို့​သည် ချဉ်း​ကပ်၍၊ ဆင်း​ရဲ​ဒု​က္ခ​ကြောင့် အော်​ဟစ်​ကြ​သော​အ​ခါ၊ နား​ထောင်၍​ကယ်​မ​တော်​မူ​ပါ​ဟု လျှောက်​ထား​ကြ​ပါ​ပြီ။

ပြည်​တော်၌ အ​စာ​အာ​ဟာ​ရ ခေါင်း​ပါး​သော်​လည်း​ကောင်း၊ လေ​ထိ၍ အ​ပင်​သေ​သော်​လည်း​ကောင်း၊ အ​ရည်​ယို၍ သေ​သော်​လည်း​ကောင်း၊ အ​ရာ​ဘ​ကျိုင်း၊ ခါ​သိ​လ​ကျိုင်း ကိုက်​စား​သော်​လည်း​ကောင်း၊ ရန်​သူ​တိုက်​လာ၍ မြို့​ကို​ဝိုင်း​ထား​သော်​လည်း​ကောင်း၊ ဘေး​ဥ​ပဒ် အ​နာ​ရော​ဂါ​တစ်​စုံ​တစ်​ခု​ရောက်​သော​ခါ၊

မိုး​မ​ရွာ​စေ​ခြင်း​ငှာ ငါ​သည် မိုး​ခေါင်​စေ​သော်​လည်း​ကောင်း၊ ကျိုင်း​တို့​သည် မြေ​အ​သီး​အ​နှံ​ကို ကိုက်​စား​စေ​ခြင်း​ငှာ ငါ​မှာ​ထား​သော်​လည်း​ကောင်း၊ ငါ့​လူ​တို့၌ ကာ​လ​နာ​ကို​စေ​လွှတ်​သော်​လည်း​ကောင်း၊

အ​ကယ်​စင်​စစ် မု​ဆိုး၏​ကျော့​ကွင်း​နှင့်​လည်း​ကောင်း၊ သေ​တတ်​သော အ​နာ​နှင့်​လည်း​ကောင်း၊ သင့်​ကို ကင်း​လွတ်​စေ​တော်​မူ​မည်။

မှောင်​မိုက်​ထဲ​မှာ လည်​တတ်​သော ကာ​လ​နာ​ကို​လည်း​ကောင်း၊ မွန်း​တည့်​အ​ချိန်၌ ဖျက်​ဆီး​တတ်​သော ဥ​ပဒ်​ကို​လည်း​ကောင်း၊ သင်​သည်​မ​ကြောက်​ရ။

သူ​တို့​တွင် အ​သေ​ခံ​ရ​သော သူ​တို့​ကို ပြင်​သို့​ပစ်​လိုက်​သ​ဖြင့်၊ အ​သေ​ကောင်​တို့​သည် နံ​စော်၍၊ သူ​တို့၏​အ​သွေး​ဖြင့် တောင်​တို့​သည် အ​ရည်​ဖြစ်​ကြ​လိမ့်​မည်။

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် ထွက်၍၊ အာ​ရှု​ရိ​တပ်​တွင် လူ​တစ်​သိန်း​ရှစ်​သောင်း ငါး​ထောင်​တို့​ကို ဒဏ်​ခတ်​လေ၏။ နံ​နက်​စော​စော ထ​ချိန်​ရောက်​သော​အ​ခါ၊ ထို​သူ​အ​ပေါင်း​တို့​သည် အ​သေ​ကောင် ဖြစ်​ကြ၏။

သူ​တို့​သည် အ​စာ​ရှောင်​ခြင်း​အ​ကျင့်​ကို​ကျင့်​သော​အ​ခါ၊ သူ​တို့​အော်​ဟစ်​သံ​ကို ငါ​နား​မ​ထောင်။ မီး​ရှို့​ရာ​ယဇ်​ကို သော်​လည်း​ကောင်း၊ ပူ​ဇော်​သ​ကာ​ကို​သော်​လည်း​ကောင်း၊ ဆက်​ကပ်​သော​အ​ခါ ငါ​လက်​မ​ခံ။ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​ဖြင့်၊ သူ​တို့​ကို ငါ​ဆုံး​စေ​မည်​ဟု​မိန့်​တော်​မူ​လျှင်၊

ဤ​မြို့၌​နေ​သော လူ​သ​တ္တ​ဝါ တိ​ရ​စ္ဆာန်​တို့​ကို ငါ​သည်​ဒဏ်​ခတ်၍၊ ပြင်း​စွာ​သော​ကာ​လ​နာ​ဖြင့် သေ​ရ​ကြ​လိမ့်​မည်။

ဤ​မြို့​ထဲ​မှာ​နေ​သော သူ​သည် ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ နာ​ခြင်း​ဘေး​ဖြင့် သေ​လိမ့်​မည်။ မြို့​ပြင်​သို့​ထွက်၍၊ မြို့​ပြင်​မှာ တပ်​စွဲ​လျက်​နေ​သော ခါ​လ​ဒဲ​လူ​တို့​ဘက်​သို့ ဝင်​စား​သော​သူ​သည် အ​သက်​ချမ်း​သာ၍ လု​ယူ​ရ​သော​ဥ​စ္စာ​ကဲ့​သို့ ကိုယ်​အ​သက်​ကို ရ​လိမ့်​မည်။

သူ​တို့​နှင့် သူ​တို့၏ ဘိုး​ဘေး​တို့​အား ငါ​ပေး​သော​ပြည်​မှ၊ သူ​တို့​ကို မ​ပယ်​ရှင်း​မီ​တိုင်​အောင် ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​ကို သူ​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​သူ​သုံး​ယောက်​ရှိ​သော်​လည်း၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း ကိုယ်​သား​သ​မီး​ကို မ​ကယ်​မ​နုတ်​ရ၊ ကိုယ်​တိုင်​သာ ချမ်း​သာ​ရ​ကြ​လိမ့်​မည်။

နော​ဧ၊ ဒံ​ယေ​လ၊ ယော​ဘ​တို့​ရှိ​သော်​လည်း၊ ငါ အ​သက်​ရှင်​သည်​အ​တိုင်း ကိုယ်​သား​သ​မီး​ကို မ​ကယ်​မ​နုတ်၊ ကိုယ်​ဖြောင့်​မတ်​ခြင်း​အား​ဖြင့် ကိုယ်​အ​သက်​ဝိ​ညာဉ်​ကို​သာ ကယ်​နုတ်​ရ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ယေ​ရု​ရှ​လင်​မြို့၌ လူ​နှင့်​တိ​ရ​စ္ဆာန်​တို့​ကို ပယ်​ဖြတ်​ခြင်း​ငှာ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ဖျက်​ဆီး​တတ်​သော သား​ရဲ​ဘေး၊ ကာ​လ​နာ​ဘေး​တည်း​ဟူ​သော၊ အ​လွန်​ဆိုး​သော ဘေး​လေး​ပါး​တို့​ကို ငါ​စေ​လွှတ်​သော​အ​ခါ၊ ထို​မျှ​မ​က လွှတ်​ခဲ​လိမ့်​မည်​မ​ဟုတ်​လော။

သင့်​အ​ပေါ်​သို့ ငါ့​အ​မျက်​ကို​ငါ​သွန်း​လောင်း​မည်။ ငါ့​ဒေါ​သ​မီး​ဖြင့် သင့်​ကို​မှုတ်​မည်။ ကြမ်း​တမ်း​သော​သ​ဘော​ရှိ၍ ဖျက်​ဆီး​တတ်​သော လူ​တို့​လက်​သို့ အပ်​မည်။

ထို​ပြည်၌ လူ​အ​သက်​ကို​သတ်​သော​အ​ပြစ်၊ ရုပ်​တု​တို့​နှင့် ညစ်​ညူး​စေ​သော​အ​ပြစ်​ကြောင့်၊ ငါ​သည် ဒေါ​သ​အ​မျက်​ကို သွန်း​လောင်း​ပြီ။

ငါ​သည် ကာ​လ​နာ​ဘေး၊ အ​သေ​သတ်​ခြင်း​ဘေး​အား​ဖြင့် သူ့​ကို​ဒဏ်​ပေး​မည်။ သူ​နှင့် သူ၌​ပါ​သော​တပ်​များ၊ အ​လုံး​အ​ရင်း​များ​အ​ပေါ်​မှာ လွှမ်း​မိုး​သော​မိုး​ရေ၊ ကြီး​သော​မိုး​သီး၊ ကန့်​နှင့်​ရော​သော မီး​မိုး​ကို​ရွာ​စေ​မည်။

သင်၏​သုံး​စု​တို့​တွင်၊ တစ်​စု​သည် နာ​ဘေး​ဖြင့်​သေ၍၊ သင်၏​အ​လယ်၌ မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် ဆုံး​ရ​လိမ့်​မည်။ တစ်​စု​သည် သင့်​ပတ်​လည်၌ ဓား​ဘေး​ဖြင့်​လဲ၍ သေ​ရ​လိမ့်​မည်။ တစ်​စု​ကို အ​ရပ်​ရပ်​တို့​က​လာ​သော လေ​ရှေ့​မှာ ငါ​လွှင့်၍၊ သူ့​နောက်​သို့ ဓား​ကို​လွှတ်​လိုက်​မည်။

ငါ​သည် မ​ကြာ​မ​မြင့်​မီ သင်၏​အ​ပေါ်​သို့ ငါ၏​ဒေါ​သ​အ​ရှိန်​ကို သွန်း​လောင်း​မည်။ သင်၌​ငါ့​အ​မျက်​အ​လို​ကို ပြည့်​စုံ​စေ​မည်။ သင်၏​အ​ကျင့်​အ​တိုင်း စီ​ရင်​မည်။ သင်​ပြု​မိ​သ​မျှ​သော ရွံ​ရှာ​ဖွယ်​အ​မှု​တို့၏ အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​မည်။

အဲ​ဂု​တ္တု​ပြည်​ခံ​ရ​သော ကာ​လ​နာ​ဘေး​ကို သင်​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​လေ​ပြီ။ လု​လင်​တို့​ကို ဓား​ဖြင့် ကွပ်​မျက်​စေ​ပြီ။ မြင်း​တို့​ကို သိမ်း​သွား​စေ​ပြီ။ သင်​တို့​တပ်၌ ပုပ်​စပ်​သော​အ​နံ့​ကို သင်​တို့​နှာ​ခေါင်း၌ လှိုင်​စေ​ပြီ။ သို့​သော်​လည်း၊ ငါ့​ထံ​သို့ ပြန်၍​မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သူ​တို့​ကို ကာ​လ​နာ​ဘေး​ဖြင့် ငါ​သည်​ဒဏ်​ခတ်၍ သား၏​အ​ရာ​ကို​နုတ်​မည်။ သူ​တို့​ထက် သင့်​ကို​သာ၍​စည်​ပင်​သော​အ​မျိုး၊ သာ၍​တန်​ခိုး​ကြီး​သော​အ​မျိုး ဖြစ်​စေ​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

လူ​တစ်​မျိုး​နှင့် တစ်​မျိုး တစ်​နိုင်​ငံ​နှင့်​တစ်​နိုင်​ငံ ရန်​ဘက်​ပြု​ကြ​လိမ့်​မည်။ အ​ရပ်​ရပ်​တို့၌ အ​စာ​ခေါင်း​ပါး​ခြင်း၊ ကာ​လ​နာ​များ​ပြား​ခြင်း၊ မြေ​ကြီး​လှုပ်​ခြင်း​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ