Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 14:18

Judson Bible

ထို​သူ​သုံး​ယောက်​ရှိ​သော်​လည်း၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း ကိုယ်​သား​သ​မီး​ကို မ​ကယ်​မ​နုတ်​ရ၊ ကိုယ်​တိုင်​သာ ချမ်း​သာ​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​ဗျာ​ဒိတ်​တော်​ကို​ခံ၍၊ ပ​ရော​ဖက်​မှန်​လျှင်၊ ဗိ​မာန်​တော်၌​လည်း​ကောင်း၊ နန်း​တော်၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့၌​လည်း​ကောင်း ကျန်​ကြွင်း​သေး​သော တန်​ဆာ​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ ယူ၍​မ​သွား​ရ​မည်​အ​ကြောင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​အား တောင်း​ပန်​ကြ​လော့။

လူ​အ​မျိုး​မျိုး​တို့​တွင် ကွဲ​ပြား​စေ၍၊ အ​တိုင်း​တိုင်း အ​ပြည်​ပြည်​သို့​ဖြန့်​ကြဲ​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်။

နော​ဧ၊ ဒံ​ယေ​လ၊ ယော​ဘ၊ ဤ​သုံး​ယောက်​ရှိ​သော်​လည်း၊ ကိုယ်​ဖြောင့်​မတ်​ခြင်း​အား​ဖြင့် ကိုယ်​အ​သက်​ဝိ​ညာဉ်​ကို​သာ ကယ်​နုတ်​ရ​သော​အ​ခွင့် ရှိ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ထို​သူ​သုံး​ယောက် ရှိ​သော်​လည်း၊ ငါ၏​အ​သက်​ရှင်​သည်​အ​တိုင်း ကိုယ်​သား​သ​မီး​ကို မ​ကယ်​နုတ်​ရ။ ကိုယ်​တိုင်​သာ​ချမ်း​သာ​ရ​ကြ၍၊ ပြည်​သည် လူ​ဆိတ်​ညံ​လျက်​ရှိ​ရ​လိမ့်​မည်။

သို့​မ​ဟုတ်၊ အို​ဓား၊ ထို​ပြည်​ကို​လုပ်​ကြံ​လော့​ဟု ငါ​ဆို​လျက်၊ ဓား​ဘေး​ကို ရောက်​စေ​သော​ကြောင့်၊ လူ​နှင့် တိ​ရ​စ္ဆာန်​တို့​ကို ပယ်​ဖြတ်​လျှင်၊

သို့​မ​ဟုတ်၊ ထို​ပြည်၌ ကာ​လ​နာ​ကို ငါ​စေ​လွှတ်​သော​ကြောင့်၊ လူ​နှင့် တိ​ရ​စ္ဆာန်၏​အ​သက်​ကို သတ်​ဖြတ်​ပယ်​ရှင်း​ခြင်း​ငှာ ငါ၏​ဒေါ​သ​အ​ရှိန်​ကို သွန်း​လောင်း​လျှင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ