Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 14:11

Judson Bible

ထို​သို့​ဖြစ်​လျှင်၊ နောက်​တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သည် ငါ့​ကို​မ​စွန့်​ပစ်၊ လမ်း​မ​လွှဲ၊ မှား​ယွင်း​ခြင်း​အ​ပြစ်​ရှိ​သ​မျှ​တို့​နှင့် နောက်​တစ်​ဖန် မ​ညစ်​ညူး​ဘဲ၊ ငါ၏​လူ ဖြစ်​ရ​ကြ​လိမ့်​မည်။ ငါ​သည်​လည်း သူ​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​သင်၏​ဘု​ရား၊ သင့်​နောက်၌ သင့်​အ​မျိုး​အ​နွယ်၏​ဘု​ရား​ဖြစ်​မည်​ဟု၊ သင်​နှင့် သင်၏​အ​မျိုး​အ​နွယ်​အ​စဉ်​အ​ဆက်​တို့၌၊ ငါ့​ပ​ဋိ​ညာဉ်​ကို ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ဖြစ်​စေ​မည်။

အ​ကျွန်ုပ်​သည် ဆင်း​ရဲ​မ​ခံ​မီ လမ်း​လွဲ​ပါ၏။ ယ​ခု​မူ​ကား၊ ဗျာ​ဒိတ်​တော်​အ​တိုင်း ကျင့်​စောင့်​ပါ၏။

ဤ​လူ​မျိုး​ကို လမ်း​ပြ​သော​သူ​တို့​သည် လမ်း​လွဲ​စေ​ခြင်း​ငှာ ပြ​ကြ၏။ လိုက်​သော​သူ​တို့​သည်​လည်း ပျက်​စီး​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်။

ထို​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​တို့​အ​မှု၌ မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​ကို ဒေါ​န​နှင့် ငါ​ကျွေး​မည်။ ဆေး​ခါး​ကို​လည်း သောက်​စေ​မည်။ ယေ​ရု​ရှ​လင်​မြို့​သား​ပ​ရော​ဖက်​တို့​သည် မူ​လ​အ​မြစ်​ဖြစ်၍၊ အ​ဓ​မ္မ​အ​မှု​သည် တစ်​ပြည်​လုံး​ကို နှံ့​ပြား​လေ​ပြီ။

ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို၊ သူ​တို့​သိ​နိုင်​သော စိတ်​နှ​လုံး​ကို ငါ​ပေး​မည်။ သူ​တို့​သည် ငါ၏​လူ​ဖြစ်​ကြ၍၊ ငါ​သည်​လည်း သူ​တို့၏​ဘု​ရား​သ​ခင် ဖြစ်​လိမ့်​မည်။ ငါ့​ထံ​သို့ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​နှင့် ပြန်​လာ​ကြ​လိမ့်​မည်။

နောင်​ကာ​လ​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ငါ​ပေး​အံ့​သော ပ​ဋိ​ညာဉ်​တ​ရား​ဟူ​မူ​ကား၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​ပ​ညတ်​တ​ရား​ကို သူ​တို့​အ​တွင်း​ထဲ​သို့ သွင်း​မည်။ သူ​တို့​နှ​လုံး​ပေါ်​မှာ ရေး​ထား​မည်။ ငါ​သည် သူ​တို့၏​ဘု​ရား​ဖြစ်​မည်။ သူ​တို့​သည်​လည်း ငါ၏​လူ ဖြစ်​ကြ​လိမ့်​မည်။

သူ​တို့​သည် ငါ၏​လူ​ဖြစ်​ကြ​လိမ့်​မည်။ ငါ​သည်​လည်း သူ​တို့၏ ဘု​ရား​သ​ခင် ဖြစ်​မည်။

ငါ၏​လူ​တို့​သည် ပျောက်​သော​သိုး​ဖြစ်​ကြ​ပြီ။ သိုး​ထိန်း​တို့​သည် တောင်​များ​ပေါ်​မှာ လမ်း​လွဲ​စေ​ကြ​ပြီ။ သူ​တို့​သည် တောင်​တစ်​လုံး​မှ​တစ်​လုံး​သို့ လမ်း​လွဲ​သွား၍၊ ငြိမ်​ဝပ်​သော​အ​ရပ်​ကို မေ့​လျော့​ကြ​ပြီ။

သူ​တို့​သည်​လည်း အ​ပြစ်​နှင့်​အ​လျောက် ဒဏ်​ခံ​ရ​ကြ​မည်။ ပ​ရော​ဖက်​ခံ​ရ​သော​ဒဏ်​သည် ပ​ရော​ဖက်​ကို ဆည်း​ကပ်​သော​သူ ခံ​ရ​သော​ဒဏ်​နှင့် တူ​ရ​လိမ့်​မည်။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊

နောက်​တစ်​ဖန် သူ​တို့​ရုပ်​တု​များ၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​များ၊ လွန်​ကျူး​ခြင်း​အ​မှု​များ​နှင့် ကိုယ်​ကို မ​ညစ်​ညူး​စေ​ရ​ကြ။ သူ​တို့​ပြစ်​မှား​လေ​ရာ​ရာ အ​ရပ်​တို့​မှ ငါ​ကယ်​နုတ်၍ သန့်​ရှင်း​စေ​မည်။ သူ​တို့​သည် ငါ၏​လူ​ဖြစ်​ကြ​လိမ့်​မည်။ ငါ​သည်​လည်း သူ​တို့၏​ဘု​ရား​သ​ခင် ဖြစ်​မည်။

ငါ၏​ဗိ​မာန်​တော်​သည်​လည်း သူ​တို့၌​ရှိ၍၊ ငါ​သည် သူ​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​မည်။ သူ​တို့​သည်​လည်း ငါ၏​လူ​ဖြစ်​လိမ့်​မည်။

ငါ​သည်​သူ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထို​နေ့​မှ​စ၍ သိ​ရ​ကြ​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငါ့​ထံ​မှ​ထွက်၍ လမ်း​လွှဲ​ပြီး​လျှင်၊ မိ​မိ​တို့​ရုပ်​တု​များ​နောက်​သို့ လိုက်​သွား​သော​အ​ခါ၊ ငါ့​ထံ​မှ​ထွက်၍ လမ်း​လွှဲ​သော လေ​ဝိ​သား​တို့​သည်​လည်း ကိုယ်​အ​ပြစ်​ကို​ခံ​ရ​ကြ​မည်။

ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ငါ့​ထံ​မှ​ထွက်၍ လမ်း​လွှဲ​သော​အ​ခါ၊ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို စောင့်​နေ​သော လေ​ဝိ​အ​မျိုး​ဖြစ်​သော ဇာ​ဒုတ်​သား၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ငါ့​အ​မှု​ကို​ဆောင်​ခြင်း​ငှာ ငါ့​ထံ​သို့ ချဉ်း​ကပ်​ရ​ကြ​မည်။ ငါ့​အား ဆီ​ဥ​နှင့်​အ​သွေး​ကို​ပူ​ဇော်​ခြင်း​ငှာ အ​ရှေ့​မှာ ရပ်​ရ​ကြ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် လမ်း​လွှဲ​သော​အ​ခါ လေ​ဝိ​လူ​ကဲ့​သို့ လမ်း​မ​လွှဲ။ ငါ့​အ​မှု​ကို​အ​စဉ်​ဆောင်၍ သန့်​ရှင်း​သော ဇာ​ဒုတ်​သား ယဇ်​ပု​ရော​ဟိတ်​တို့​အ​ဖို့ ဖြစ်​ရ​မည်။

ထို​တစ်​စု​ကို မီး​အ​လယ်​သို့ ငါ​လျှောက်​သွား​စေ​မည်။ ငွေ​ကို ချွတ်​သ​ကဲ့​သို့ ချွတ်​မည်။ ရွှေ​ကို စုံ​စမ်း​သ​ကဲ့​သို့ စုံ​စမ်း​မည်။ သူ​တို့​သည် ငါ့​နာ​မ​ကို ပ​တ္ထ​နာ​ပြု၍ ငါ​နား​ထောင်​မည်။ သူ​တို့​ကို ငါ၏​လူ​မျိုး​ဟူ၍ ငါ​ခေါ်​ဝေါ်​မည်။ သူ​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏​ဟု ဝန်​ခံ​ကြ​လိမ့်​မည်။

ထို​သ​တင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကြား၍၊ ထို​သို့​သော အ​ဓ​မ္မ​အ​မှု​ကို သင်​တို့​တွင် နောက်​တစ်​ဖန်​မ​ပြု​ဝံ့​ဘဲ နေ​ကြ​လိမ့်​မည်။

ကြွင်း​သော​သူ​တို့​သည်​လည်း ထို​သ​တင်း​ကို​ကြား၍ ကြောက်​သော​ကြောင့်၊ နောက်​တစ်​ဖန် ထို​သို့​သော ဒု​စ​ရိုက်​ကို မ​ပြု​ဘဲ​နေ​ကြ​လိမ့်​မည်။

ထို​ပြည်​ကို​မ​အောက်​မေ့​ဘဲ၊ ကောင်း​ကင်​ပြည် တည်း​ဟူ​သော သာ၍​မြတ်​သော​ပြည်​ကို တောင့်​တ​ခြင်း​ရှိ​ကြ၏။ ထို​ကြောင့်၊ ဘု​ရား​သ​ခင်​သည် သူ​တို့၏​ဘု​ရား​ဟူ၍ ခေါ်​ဝေါ်​ခြင်း​ကို​ရှက်​တော်​မ​မူ၊ သူ​တို့​နေ​စ​ရာ​ဖို့ မြို့​ကို တည်​ထောင်​တော်​မူ​ပြီ။

နောင်​ကာ​လ​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ငါ​ပေး​အံ့​သော ပ​ဋိ​ညာဉ်​တ​ရား​ဟူ​မူ​ကား၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ပ​ညတ်​တို့​ကို သူ​တို့​စိတ်​ဝိ​ညာဉ်​ထဲ​သို့ သွင်း​မည်။ သူ​တို့​နှ​လုံး​ပေါ်​မှာ ရေး​ထား​မည်။ ငါ​သည် သူ​တို့၏ ဘု​ရား​ဖြစ်​မည်။ သူ​တို့​သည်​လည်း ငါ၏​လူ​ဖြစ်​ကြ​လိမ့်​မည်။-

ဖြောင့်​မတ်​သော​လမ်း​ထဲ​က​ထွက်၍ လွှဲ​သွား​သ​ဖြင့်၊ ဗော​သော်၏​သား​ဗာ​လမ်၏​လမ်း​ကို လိုက်​ကြ၏။-

အောင်​မြင်​သော​သူ​သည် ဤ​အ​ရာ​တို့​ကို အ​မွေ​ခံ​ရ​လိမ့်​မည်။ ငါ​သည် သူ၏ ဘု​ရား​သ​ခင် ဖြစ်​မည်။ သူ​သည်​လည်း ငါ၏​သား​ဖြစ်​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ