Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 14:1

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ချို့​တို့​သည်​လာ၍ ငါ့​ရှေ့​မှာ ထိုင်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဧ​လိ​ရှဲ​သည် မိ​မိ​အိမ်၌​ထိုင်၍ အ​သက်​ကြီး​သူ​တို့​သည် သူ​နှင့်​အ​တူ ထိုင်​ကြ​စဉ်၊ ရှင်​ဘု​ရင်​သည် မိ​မိ​ရှေ့​မှာ လူ​တစ်​ယောက်​ကို စေ​လွှတ်၏။ ထို​တ​မန်​မ​ရောက်​မီ ဧ​လိ​ရှဲ​က၊ လူ​သတ်၏​သား​သည် ငါ့​လည်​ပင်း​ကို ဖြတ်​စေ​ခြင်း​ငှာ၊ စေ​လွှတ်​သည်​ကို သိ​မြင်​ကြ​သ​လော။ ထို​တ​မန်​ရောက်​သော​အ​ခါ၊ တံ​ခါး​ကို​ပိတ်၍၊ တံ​ခါး​နား​မှာ​သူ့​ကို ဆီး​တား​ကြ​လော့။ သူ့​နောက်​မှာ​သူ့​သ​ခင် ခြေ​သံ​မ​မြည်​သ​လော​ဟု၊

ကင်း​စောင့်​က​လည်း၊ နံ​နက်​သည် လာ၏။ ည​လည်း​လာ၏။ သင်​တို့​သည် မေး​မြန်း​လို​လျှင် မေး​မြန်း​ကြ။ ပြန်​သွား​ကြ။ တစ်​ဖန် လာ​ကြ​ဟု ဆို​လေ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​လူ​မျိုး​သည် နှုတ်​နှင့် ငါ့​ထံ​သို့ ချဉ်း​ကပ်၍၊ နှုတ်​ခမ်း​နှင့် ငါ့​ကို​ရို​သေ​ကြ၏။ စိတ်​နှ​လုံး​မူ​ကား ငါ​နှင့် ဝေး​လှ၏။ လူ​တို့​စီ​ရင်​သော ပ​ညတ်​တို့​ကို အ​မှီ​ပြု၍ ငါ့​ကို​ကြောက်​ရွံ့​ကြ၏။

ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊

သ​က္က​ရာဇ် ခု​နစ်​ခု၊ ပ​ဥ္စ​မ​လ​ဆယ်​ရက်​နေ့​တွင်၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​ခြင်း​ငှာ​လာ၍ ငါ့​ရှေ့​မှာ​ထိုင်​နေ​ကြ၏။

အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​သည် ငါ့​ထံ၌ မေး​လျှောက်​ခြင်း​ငှာ လာ​ကြ​သ​လော။ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း သင်​တို့ မေး​လျှောက်​ခြင်း​ကို ငါ​မ​ခံ။

ငါ၏​လူ​ကဲ့​သို့ သင့်​ထံ​သို့​လာ၍၊ ငါ၏​လူ​ကဲ့​သို့ သင့်​ရှေ့​မှာ​ထိုင်​လျက်၊ သင်၏​စ​ကား​ကို ကြား​သော်​လည်း၊ နား​မ​ထောင်​ဘဲ​နေ​ကြ၏။ အ​လွန်​ချစ်​ဖွယ်​သော​လ​က္ခ​ဏာ​ကို နှုတ်​နှင့်​ပြ​သော်​လည်း၊ စိတ်​နှ​လုံး​မူ​ကား လော​ကီ​ဥ​စ္စာ​ကို စွဲ​လမ်း​လျက်​ရှိ၏။

သင်၏​စ​ကား​သည်၊ ကောင်း​မွန်​စွာ​တီး၍ သာ​ယာ​သော​အ​သံ​နှင့် ပြည့်​စုံ​သော​သူ​ဆို​သော၊ နှစ်​သက်​ဖွယ်​သော သီ​ချင်း​ကဲ့​သို့ သူ​တို့၌​ဖြစ်၍၊ သူ​တို့​သည် ကြား​ရ​သော်​လည်း နား​မ​ထောင်​တတ်​ကြ။

သ​က္က​ရာဇ်​ခြောက်​ခု၊ ဆ​ဋ္ဌ​မလ၊ ငါး​ရက်​နေ့​တွင်၊ ငါ​သည်​ကိုယ်​အိမ်၌​ထိုင်၍၊ ယု​ဒ​အ​မျိုး​အ​သက်​ကြီး​သူ​တို့​သည် ငါ​ရှေ့​မှာ​ထိုင်​ကြ​စဉ်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ငါ့​အ​ပေါ်​သို့ သက်​ရောက်​လေ၏။

ထို​မိန်း​မ၌ မာ​ရိ​အ​မည်​ရှိ​သော ညီ​မ​တစ်​ယောက်​ရှိ၏။ ထို​မာ​ရိ​သည် ယေ​ရှု၏​ခြေ​တော်​ရင်း၌ ထိုင်၍ စ​ကား​တော်​ကို နား​ထောင်​လျက်​နေ၏။-

ပေါ​လု​က​လည်း၊ အ​ကျွန်ုပ်​သည် ကိ​လိ​ကိ​ပြည် တာ​ရှု​မြို့၌ မွေး​ဖွား​သော ယု​ဒ​လူ​ဖြစ်​ပါ၏။ ဤ​မြို့​မှာ​လည်း၊ ဂါ​မ​လျေ​လ​အ​မည်​ရှိ​သော ဆ​ရာ၏​ခြေ​ရင်း၌ ကျွေး​မွေး​ခြင်း​ကို​ခံ၍ မိ​စဉ်​ဘ​ဆက်​ကျင့်​သော တ​ရား​ကို သေ​ချာ​စွာ​သိ​နား​လည်​ခြင်း​ငှာ နည်း​ဥ​ပ​ဒေ​သ​ကို​ခံ​ပါ​ပြီ။ သင်​တို့ ရှိ​သ​မျှ​သည် ယ​နေ့​တိုင်​အောင် ဘု​ရား​သ​ခင်​ဘက်၌ စိတ်​အား​ကြီး​သည်​နည်း​တူ၊ အ​ကျွန်ုပ်​လည်း စိတ်​အား​ကြီး​သ​ဖြင့်၊-

နက်​ဖြန်​နေ့​ရောက်​သော် မင်း​အ​ရာ​ရှိ၊ လူ​အ​ကြီး​အ​ကဲ၊ ကျမ်း​ပြု​ဆ​ရာ​တို့​နှင့်၊-

ထို​အ​ခါ​ပေ​တ​ရု​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​လျက်၊ လူ​များ​ကို အ​စိုး​ရ​သော​မင်း​တို့​နှင့် ဣ​သ​ရေ​လ​အ​မျိုး​အ​ကြီး​အ​ကဲ​တို့၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ