Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 13:12

Judson Bible

ထို​အုတ်​ရိုး​သည် ပြို​လဲ​ပြီး​မှ၊ သင်​တို့​မွမ်း​မံ​သော အင်္ဂ​တေ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု သင်​တို့​အား သူ​တစ်​ပါး​မေး​လိမ့်​မည် မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဧ​လိ​ရှဲ​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အား​လည်း၊ ငါ​သည်​သင်​နှင့် အ​ဘယ်​သို့ ဆိုင်​သ​နည်း။ သင့်​အ​ဘ၏​ပ​ရော​ဖက်၊ သင့်​အ​မိ၏ ပ​ရော​ဖက်​တို့​ထံ​သို့ သွား​လော့​ဟု ဆို​လျှင်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ မ​ဆို​ပါ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ရှင်​ဘု​ရင်​သုံး​ပါး​တို့​ကို မော​ဘ​လူ​တို့​လက်​သို့​အပ်​ခြင်း​ငှာ စု​ဝေး​စေ​တော်​မူ​သည်​တ​ကား​ဟု ဆို​သော်၊

နောက်​တစ်​ဖန်​ဝှက်၍​မ​ထား​နိုင်​သော​အ​ခါ၊ ဂ​မာ​ကိုင်း​ပင်​ဖြင့် ရက်​သော​ပု​ခက်​ကို​ယူ၍ ရေ​ညှိ​နှင့်​သစ်​စေး​ဖြင့်​လူး​ပြီး​လျှင်၊ ပု​ခက်​ထဲ​တွင် သူ​ငယ်​ကို​ထည့်​၍ မြစ်​ကမ်း​နား​ကိုင်း​တော၌ ထား​လေ​၏။

ကိုယ်​အ​ဖို့ သင်​လုပ်​သော​ဘု​ရား​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း။ အ​မှု​ရောက်​သော​အ​ခါ သူ​တို့​သည် တတ်​နိုင်​လျှင် ထ၍ ကယ်​ကြ​ပါ​လေ​စေ။ အို ယု​ဒ​ပြည်၊ သင်​သည် မြို့​များ​အ​ရေ​အ​တွက်​ရှိ​သည်​အ​တိုင်း၊ သင်၏​ဘု​ရား​များ ရှိ​ပါ​သည်​တ​ကား။

ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် သင်​တို့​နှင့် ဤ​ပြည်​ကို​မ​တိုက်​မ​လာ​ရ​ဟု ဟော​ပြော​သော သင်​တို့၏​ပ​ရော​ဖက်​တို့​သည် ယ​ခု​အ​ဘယ်​မှာ ရှိ​ကြ​သ​နည်း။

ထို​အုတ်​ရိုး​သည် ပြို​လဲ​မည်​ဟု အင်္ဂ​တေ​နှင့် မွမ်း​မံ​သော​သူ​တို့​အား ပြော​လော့။ မိုး​ရေ​လွှမ်း​မိုး​လိမ့်​မည်။ ကြီး​စွာ​သော​မိုး​သီး ကျ​လိမ့်​မည်။ မိုး​သက်​မုန်​တိုင်း​တိုက်​ဖျက်​လိမ့်​မည်။

ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည်​အ​မျက်​ထွက်၍၊ သင်​တို့​အုတ်​ရိုး​ကို မိုး​သက်​မုန်​တိုင်း​အား​ဖြင့်​တိုက်၍ ဖျက်​မည်။ ငါ၏​ဒေါ​သ​အ​ရှိန်​ကြောင့် မိုး​ရေ​လွှမ်း​မိုး၍၊ ကြီး​စွာ​သော​မိုး​သီး​နှင့် ဆုံး​စေ​မည်။

သူ​တို့​ဘု​ရား၊ သူ​တို့​ခို​လှုံ​သော​ကျောက်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။

သင်​တို့ ရွေး​ယူ​သော​ဘု​ရား​တို့​ကို သွား၍ ဟစ်​ကြော်​ကြ​လော့။ အ​မှု​ရောက်​သော ယ​ခု​ကာ​လ၌ သူ​တို့​သည် ကယ်​နုတ်​ကြ​စေ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မိန့်​တော်​မူ၏။

ဇေ​ဗု​လ​က၊ ငါ​တို့​သည် အ​ဘိ​မ​လက်​အ​မှု​ကို ထမ်း​ရ​မည်​အ​ကြောင်း၊ အ​ဘိ​မ​လက်​သည် အ​ဘယ်​သူ​နည်း​ဟု သင်​ဆို​သော​နှုတ်​သည် ယ​ခု​အ​ဘယ်​မှာ ရှိ​သ​နည်း။ ထို​လူ​တို့​သည် သင်​မ​ထီ​မဲ့​မြင်​ပြု​သော သူ​မ​ဟုတ်​လော။ ထွက်၍ သူ​တို့​ကို စစ်​တိုက်​ပါ​လော့​ဟု ဆို​သော်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ