Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 12:24

Judson Bible

နောက်​တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​၌ အ​ချည်း​နှီး​သော ရူ​ပါ​ရုံ​မ​ရှိ​ရ။ ချော့​မော့​စွာ ပ​ရော​ဖက်​ပြု​ခြင်း​လည်း မ​ရှိ​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

မိ​က္ခာ​က၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သိုး​ထိန်း​မ​ရှိ​သော​သိုး​ကဲ့​သို့၊ တောင်​များ​အ​ပေါ်​မှာ အ​ရပ်​ရပ်​ကွဲ​ပြား​လျက် ရှိ​ကြ​သည်​ကို ငါ​မြင်​ပြီ။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​သူ​အ​ပေါင်း​တို့​သည် အ​ရှင်​မ​ရှိ​သော​ကြောင့် အ​သီး​အ​သီး ကိုယ်​နေ​ရာ​သို့ ပြန်​ကြ​ပါ​လေ​စေ​ဟု မိန့်​တော်​မူ​ကြောင်း​ကို လျှောက်​ဆို၏။

မု​သား​ပြော​တတ်​သော​သူ​သည် မိ​မိ​ညှဉ်း​ဆဲ​သော​သူ​တို့​ကို မုန်း​တတ်၏။ ချော့​မော့​တတ်​သော​သူ​သည်​လည်း ဖျက်​ဆီး​တတ်၏။

သင်၏ ပ​ရော​ဖက်​တို့​သည် အ​ချည်း​နှီး​သော​အ​ရာ၊ မိုက်​သော​အ​ရာ​တို့​ကို သင့်​အ​ဖို့​မြင်​ကြ​ပြီ။ သိမ်း​သွား​ချုပ်​ထား​သော အ​မှု​ကို ပြေ​စေ​ခြင်း​ငှာ၊ သင်၏​အ​ပြစ်​ကို​မ​ဖော်​မ​ပြ​ဘဲ မှား​သော​ရူ​ပါ​ရုံ၊ လမ်း​လွဲ​စ​ရာ​အ​ရာ​ကို သင့်​အ​ဖို့ မြင်​ကြ​ပြီ။

နောက်​တစ်​ဖန် သင်​တို့​သည် အ​ချည်း​နှီး​သော​အ​ရာ​ကို မ​မြင်​ရ​ကြ။ ပ​ရော​ဖက်​ပြု၍ မ​ဟော​ရ​ကြ။ ငါ၏​လူ​တို့​ကို သင်​တို့​လက်​မှ ငါ​ကယ်​နုတ်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အ​ချည်း​နှီး​သော​အ​ရာ​ကို မြင်​ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မ​မူ​ဘဲ၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ဟု ဆို​လျက်၊ လှည့်​စား၍ ပ​ရော​ဖက်​ပြု​ကြ​ပြီ။ ကိုယ်​စ​ကား​ပြည့်​စုံ​မည်​ဟု သူ​တစ်​ပါး​ယုံ​စေ​ခြင်း​ငှာ ပြု​ကြ​ပြီ။

အ​ကြောင်း​မူ​ကား ထို​သို့​သော​သူ​တို့​သည် ငါ​တို့​သ​ခင်​ခ​ရစ်​တော်၏ အ​မှု​ကို​မ​ဆောင်​ရွက်​ဘဲ​လျက်၊ မိ​မိ​တို့​ဝမ်း၏​အ​မှု​ကို​သာ ဆောင်​ရွက်၍၊ လော​က​ဝတ်​စ​ကား​နှင့် ချော့​မော့​သော​စ​ကား​အား​ဖြင့် စိတ်​ကောင်း​သော​သူ​တို့​ကို လှည့်​ဖြား​တတ်​ကြ၏။-

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်​တို့​သိ​ကြ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ချော့​မော့​သော​စ​ကား​ကို တစ်​ခါ​မျှ​မ​သုံး၊ ဝှက်​ထား​သော လော​ဘ​စိတ်​အ​လျှင်း​မ​ရှိ​ကြောင်း​ကို ဘု​ရား​သ​ခင်​သည် ငါ​တို့​သက်​သေ ဖြစ်​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ