Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 12:14

Judson Bible

သူ့​ကို​မ​စ​ခြင်း​ငှာ ဝိုင်း​သော​သူ​တို့​နှင့် တပ်​သား​အ​ပေါင်း​တို့​ကို အ​ရပ်​ရပ်​သို့ ဖြန့်​ကြဲ​မည်။ သူ​တို့​နောက်၌​လည်း ဓား​ကို​လွှတ်​လိုက်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​ကြောက်​သော ဓား​ဘေး​သည် အဲ​ဂု​တ္တု​ပြည်၌ သင်​တို့​ကို​မီ​လိ​မ့်​မည်။ သင်​တို့​ကြောက်​သော မွတ်​သိပ်​ခြင်း​ဘေး​သည်​လည်း၊ အဲ​ဂု​တ္တု​ပြည်၌ သင်​တို့​ကို​ကျပ်​ကျပ်​လိုက်၍၊ ထို​ပြည်၌ သင်​တို့​သည် သေ​ကြ​လိ​မ့်​မည်။

ထို​ကြောင့် သင်​တို့​သည်​သွား၍ တည်း​ခို​ချင်​သော​အ​ရပ်၌ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​တို့​ဖြင့် သေ​ကြ​လိမ့်​မည်​အ​ကြောင်း​ကို အ​မှန်​သိ​မှတ်​ကြ​လော့​ဟု ယေ​ရ​မိ​သည် ပြန်​ပြော​လေ၏။

သူ​တို့​ကု​လား​အုတ် အ​စ​ရှိ​သော​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​သည် လု​ယူ​ရာ ဖြစ်​ကြ​လိမ့်​မည်။ ပါး​မုန်း​ကို​ရိတ်​တတ်​သော လူ​မျိုး​ကို အ​ရပ်​ရပ်​သို့ ငါ​ကွဲ​ပြား​စေ​မည်။ အ​ရပ်​ရပ်​တို့​မှ သူ​တို့၌ ဘေး​ဥ​ပဒ်​ကို ငါ​ရောက်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သို့​မ​ဟုတ်၊ အို​ဓား၊ ထို​ပြည်​ကို​လုပ်​ကြံ​လော့​ဟု ငါ​ဆို​လျက်၊ ဓား​ဘေး​ကို ရောက်​စေ​သော​ကြောင့်၊ လူ​နှင့် တိ​ရ​စ္ဆာန်​တို့​ကို ပယ်​ဖြတ်​လျှင်၊

ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ယေ​ရု​ရှ​လင်​မြို့၌ လူ​နှင့်​တိ​ရ​စ္ဆာန်​တို့​ကို ပယ်​ဖြတ်​ခြင်း​ငှာ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ဖျက်​ဆီး​တတ်​သော သား​ရဲ​ဘေး၊ ကာ​လ​နာ​ဘေး​တည်း​ဟူ​သော၊ အ​လွန်​ဆိုး​သော ဘေး​လေး​ပါး​တို့​ကို ငါ​စေ​လွှတ်​သော​အ​ခါ၊ ထို​မျှ​မ​က လွှတ်​ခဲ​လိမ့်​မည်​မ​ဟုတ်​လော။

သူ့​ထံ​မှ​ပြေး​သော​သူ​များ​နှင့် သူ​ရဲ​များ​အ​ပေါင်း​တို့​သည် ဓား​ဖြင့် ဆုံး​ခြင်း​သို့​ရောက်၍၊ ကျန်​ကြွင်း​သော သူ​တို့​သည် အ​ရပ်​ရပ်​သို့ ကွဲ​ပြား​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

မြို့​ကို ဝိုင်း​ထား​ရာ ကာ​လ​စေ့​သော​အ​ခါ၊ ဆံ​ပင်​နှင့် မုတ်​ဆိတ် သုံး​စု​တစ်​စု​ကို မြို့​ထဲ​မှာ မီး​ရှို့​လော့။ တစ်​စု​ကို ဓား​နှင့် ခုတ်​ဖြတ်​လော့။ တစ်​စု​ကို လေ​တိုက်​ရာ၌ လွှင့်​လော့။ ငါ​သည်​လည်း ထို​အ​စု​နောက်​သို့ ဓား​ကို​လွှတ်​လိုက်​မည်။

သာ​သ​နာ​ပ​လူ​တို့​တွင် သင်​တို့​ကို အ​ရပ်​ရပ်​ငါ​ကွဲ​ပြား​စေ၍၊ ဓား​မိုး​လျက်​လိုက်​မည်။ သင်​တို့​ပြည်​သည်​လည်း လူ​ဆိတ်​ညံ​လျက်၊ မြို့​သည်​လည်း ပျက်​စီး​လျက်​ရှိ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ