Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 11:16

Judson Bible

ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်၏​အ​မျိုး​သား​ချင်း​တို့​ကို တစ်​ပါး​အ​မျိုး​သား​တို့ နေ​ရာ​ဝေး​သော​အ​ရပ်​သို့ ငါ​ပြောင်း​စေ၍၊ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့၌ ဖြန့်​ကြဲ​သော်​လည်း၊ သူ​တို့​ရောက်​သော​ပြည်​တို့၌ ငါ​သည်​သူ​တို့​အ​ဖို့ သန့်​ရှင်း​ရာ​ဌာ​န​ကဲ့​သို့ ခ​ဏ​ဖြစ်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

လူ​တို့​ပြု​တတ်​သော​ပ​ရိ​ယာယ်​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ ကျိန်း​ဝပ်​တော်​မူ​ရာ​အ​တွင်း​အ​ရပ်၌ ထို​သူ​တို့​ကို ဝှက်​ထား​တော်​မူ​၏။ ရန်​တွေ့​ခြင်း​အ​သံ​ကို​ကွယ်​ကာ​လျက်၊ တဲ​တော်​တွင် သူ​တို့​ကို စောင့်​မ​တော်​မူ၏။

ဟင်း​လျာ​ဖြစ်​သော​သိုး​များ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို အပ်​လိုက်၍၊ တစ်​ပါး​အ​မျိုး​သား​တို့​တွင် အ​ရပ်​ရပ် ကွဲ​ပြား​စေ​တော်​မူ၏။

အို ဘု​ရား​ရှင်၊ ကိုယ်​တော်​သည်​ကာ​လ​အ​စဉ်​အ​ဆက် အ​ကျွန်ုပ်​တို့​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။

အ​မြင့်​ဆုံး​သော​ဘု​ရား၏ ကွယ်​ကာ​ရာ​ဌာ​န​တော်၌ နေ​သော​သူ​သည် အ​န​န္တ​တန်​ခိုး​ရှင်၏ အ​ရိပ်​ကို​ခို​ရ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​သည် ခိုင်​ခံ့​သော​ရဲ​တိုက်​ဖြစ်၍၊ ဖြောင့်​မတ်​သော​သူ​တို့​သည် ပြေး​ဝင်​သ​ဖြင့်၊ လုံ​ခြုံ​စွာ​နေ​ရ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ဇိ​အုန်​တောင်​မှာ ရှိ​သ​မျှ​သော​အိမ်​များ​နှင့် စည်း​ဝေး​ရာ ပ​ရိ​သတ်​များ​အ​ပေါ်​တွင်၊ နေ့​အ​ချိန်၌ မိုး​တိမ်​နှင့် မီး​ခိုး​ကို​လည်း​ကောင်း၊ ည​အ​ချိန်၌ မီး​လျှံ​အ​လင်း​ကို​လည်း​ကောင်း ဖန်​ဆင်း​တော်​မူ၍၊ မြတ်​သော​အ​ရာ အ​လုံး​စုံ​တို့​ကို လွှမ်း​မိုး​တော်​မူ​လိမ့်​မည်။

ထို​သို့​ပြု​လျှင်၊ ထို​ဘု​ရား​သည် သင်​တို့​ခို​လှုံ​ရာ ဖြစ်​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင် ဣ​သ​ရေ​လ​လူ​နှစ်​မျိုး​တို့ ထိ​မိ၍​လဲ​စ​ရာ​ကျောက်၊ မှား​ယွင်း​စ​ရာ​ကျောက်၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့၌ ကျော့​ကွင်း​နှင့် ထောင်​ချောက် ဖြစ်​တော်​မူ​လိမ့်​မည်။

ယဇ်​ပု​ရော​ဟိတ်​နှင့် ပ​ရော​ဖက်​တို့​က၊ ဤ​သူ​သည် အ​သေ​ခံ​ထိုက်​ပေ၏။ သင်​တို့​သည် ကိုယ်​နား​နှင့် ကြား​သည်​အ​တိုင်း၊ ဤ​မြို့​ကို ဆန့်​ကျင်​ဘက်​ပြု၍ ဟော​ပြော​ပါ​ပြီ​တ​ကား​ဟု မှူး​မတ်​အ​စ​ရှိ​သော လူ​များ​အ​ပေါင်း​တို့​အား ပြော​ဆို​ကြ၏။

ထို​စ​ကား​ကို ဗိ​မာန်​တော်၌ ယေ​ရ​မိ​ဟော​ပြော​သည်​ကို ယဇ်​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ၊ လူ​များ​အ​ပေါင်း​တို့​သည် ကြား​ကြ၏။

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​ကို အ​ကျိုး​နည်း​စေ​ခြင်း​ငှာ ကြံ​စည်​သော​အ​ကြံ​မ​ဟုတ်​ဘဲ၊ သင်​တို့​သည် မျှော်​လင့်​သော​အ​ကျိုး​ကို​ရ​မည်​အ​ကြောင်း၊ ငြိမ်​ဝပ်​စေ​ခြင်း​ငှာ​သာ၊ သင်​တို့​အ​ဖို့ ကြံ​စည်​သော အ​ကြံ​တို့​ကို ငါ​သိ၏။

ငါ​သည် သင်​တို့​ကို သိမ်း​သွား​စေ​သော မြို့​သည်​လည်း၊ ငြိမ်​သက်​ခြင်း​ရှိ​မည်​အ​ကြောင်း​ကို ပြု​စု၍၊ ထို​မြို့​အ​ဖို့​အ​လို​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​အား မေ​တ္တာ​ပို့​ကြ​လော့။ ထို​မြို့၏​ငြိမ်​သက်​ခြင်း​အား​ဖြင့်၊ သင်​တို့​သည်​လည်း ငြိမ်​သက်​ခြင်း ရှိ​ကြ​လိမ့်​မည်။

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ သင့်​ကို ကယ်​တင်​ခြင်း​ငှာ သင်​နှင့်​အ​တူ​ငါ​ရှိ၏။ ငါ​သည် သင့်​ကို ငါ​ကွဲ​ပြား​စေ​သော တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့​ကို ဆုံး​စေ​သော်​လည်း၊ သင့်​ကို​မ​ဆုံး​စေ။ သို့​ရာ​တွင်၊ အ​ပြစ်​ကို ရှင်း​ရှင်း​မ​လွှတ်​ဘဲ၊ အ​တော်​အ​တန်​ဆုံး​မ​မည်။

အို လူ​မျိုး​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ ဝေး​သော​အ​ရပ်​ရပ်​တို့၌ ကြွေး​ကြော်၍၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​သော​သူ​သည် တစ်​ဖန် စု​သိမ်း​ပြီး​လျှင်၊ သိုး​ထိန်း​သည် မိ​မိ​သိုး​စု​ကို​စောင့်​တတ်​သ​ကဲ့​သို့ စောင့်​တော်​မူ​မည်​ဟု ကြား​ပြော​ကြ​လော့။

သင်​တို့​ကြောက်​တတ်​သော ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ကို မ​ကြောက်​ကြ​နှ​င့်။ ထာ၀​ရ​ဘု​ရား​မိ​န့်​တော်​မူ​သည်​ကား၊ ထို​ရှင်​ဘု​ရင်​ကို မ​ကြောက်​ကြ​နှ​င့်။ ငါ​သည် သင်​တို့​ကို​ကယ်​တင်၍၊ ထို​မင်း​လက်​မှ နုတ်​ယူ​ခြင်း​ငှာ သင်​တို့​ဘက်၌​ရှိ၏။

တစ်​ဖန် ငါ​သည် သူ​တို့​ကို အ​တိုင်း​တိုင်း​အ​ပြည်​ပြည် အ​ရပ်​ရပ်​တို့​သို့ ကွဲ​ပြား​စေ​ခြင်း​ငှာ တော၌​ကျိန်​ဆို၏။

သို့​ရာ​တွင် ရန်​သူ​ပြည်၌​နေ​ကြ​သော​အ​ခါ၊ သူ​တို့​ကို​ရှင်း​ရှင်း​ဖျက်​ဆီး၍၊ သူ​တို့​နှင့် ငါ​ပြု​သော​ပ​ဋိ​ညာဉ်​ကို ပယ်​သည်​တိုင်​အောင် သူ​တို့​ကို​ငါ​မ​စွန့်​ပစ်၊ မ​ရွံ​ရှာ။ ငါ​သည် သူ​တို့၏​ဘု​ရား​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

အ​ချင်း​တို့၊ အ​ချင်း​တို့၊ မြောက်​မျက်​နှာ​အ​ရပ်​မှ ပြေး​လာ​ကြ​လော့​ဟု၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ မိုး​ကောင်း​ကင်​အောက် လေး​မျက်​နှာ​တို့၌ သင်​တို့​ကို ငါ​နှံ့​ပြား​စေ​ပြီ​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ သင်​တို့​ကို​တစ်​ပါး​အ​မျိုး​သား​တို့​တွင် အ​ရပ်​ရပ်​ကွဲ​ပြား​စေ၍၊ နှင်​ထုတ်​တော်​မူ​သော သာ​သ​နာ​ပ​လူ​တို့​တွင် သင်​တို့​သည် နည်း​နည်း​ကျန်​ကြွင်း​ရ​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ