Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 10:19

Judson Bible

ထို​ခေ​ရု​ဗိမ်​တို့​သည် ငါ့​မျက်​မှောက်၌ အ​တောင်​တို့​ကို ဖြန့်​ပြီး​လျှင်၊ မြေ​ကြီး​နှင့်​ကွာ၍ တက်​ကြ၏။ ပြင်​သို့ ထွက်​သော​အ​ခါ ဘီး​တို့​သည် လိုက်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ရှေ့ တံ​ခါး​ဝ​မှာ​ရပ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ဘုန်း​တော်​သည် သူ​တို့​အ​ပေါ်​မှာ တည်​လျက်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန် ငါ​ကြည့်​ရှု၍၊ ခေ​ရု​ဗိမ်၏​ခေါင်း​တို့​အ​ထက် မိုး​မျက်​နှာ​ကြက်၌ နီ​လာ​ကျောက်​ကဲ့​သို့၊ ရာ​ဇ​ပ​လ္လင်၏​သ​ဏ္ဌာန်​အ​ရောင်​သည် ထင်​ရှား၏။

ထို​နောက် ဝိ​ညာဉ်​တော်​သည် ငါ့​ကို​ချီ၍၊ အ​ရှေ့​ဘက်​သို့​မျက်​နှာ​ပြု​သော ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော် အ​ရှေ့​တံ​ခါး​သို့ ဆောင်​သွား၍၊ တံ​ခါး​ဝ၌ လူ​နှစ်​ကျိပ်​ငါး​ယောက် ရှိ၏။ သူ​တို့​တွင် မင်း​ပြု​သော​သူ၊ အ​ဇု​ရ​သား​ယာ​ဇ​ညာ၊ ဗေ​နာ​ယ​သား ပေ​လ​တိ​တို့​ကို ငါ​မြင်၏။

ထို​နောက်​မှ အ​ရှေ့​ဘက်​သို့​မျက်​နှာ​ပြု​သော တံ​ခါး​ဝ​သို့ တစ်​ဖန်​ခေါ်​သွား၏။

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင့်​ဘုန်း​တော်​သည် အ​ရှေ့​မျက်​နှာ​မှ​လာ၍၊ အ​သံ​သည် သ​မု​ဒ္ဒ​ရာ​သံ​ကဲ့​သို့ ဖြစ်၏။ ရောင်​ခြည်​တော်​အား​ဖြင့် မြေ​တစ်​ပြင်​လုံး လင်း၏။

ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် အ​ရှေ့​ဘက်​သို့ မျက်​နှာ​ပြု​သော တံ​ခါး​လမ်း​ဖြင့် အိမ်​တော်​ထဲ​သို့ ဝင်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​အ​တွင်း တံ​တိုင်း​ထဲ​သို့ ဆောင်​သွား၍၊ ဗိ​မာန်​တော်​တံ​ခါး၊ ဗိ​မာန်​တော်​ဦး​နှင့် ယဇ်​ပ​လ္လင်​ကြား​မှာ၊ လူ​နှစ်​ကျိပ်​ငါး​ယောက်​တို့​သည် ဗိ​မာန်​တော်​ကို ကျော​ခိုင်း​လျက်၊ အ​ရှေ့​သို့ မျက်​နှာ​ပြု​လျက်၊ အ​ရှေ့​မျက်​နှာ၌ နေ​ကို ကိုး​ကွယ်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ