ယေဇကျေလ 1:18Judson Bibleဘီးဝန်းတို့သည်လည်း မြင့်၍ ကြောက်မက်ဖွယ်ဖြစ်ကြ၏။ ထိုလေးပါးတို့သည် မျက်စိနှင့်ပြည့်ကြ၏။ အခန်းကိုကြည့်ပါ။ |
အမှုငယ်ပြုသော နေ့ရက်ကို အဘယ်သူသည် မထီမဲ့မြင် ပြုရသနည်း။ ချိန်ကြိုးသည် ဇေရုဗဗေလလက်၌ ရှိသည်ကို ထိုခုနစ်ပါးတို့သည် မြင်၍ ဝမ်းမြောက်ကြလိမ့်မည်။ ထိုခုနစ်ပါးတို့ကား၊ မြေကြီးတစ်ပြင်လုံးတွင် တောင်မြောက်ပြေးတတ်သော၊ ထာဝရဘုရား၏မျက်စိတော်များ ဖြစ်သတည်းဟု မိန့်တော်မူ၏။
ထိုသတ္တဝါလေးပါးတို့၏ ကိုယ်ပတ်ဝန်းကျင်၌၊ တစ်ပါးတစ်ပါးလျှင် အတောင်ခြောက်ခုစီရှိ၍၊ အတွင်း၌ မျက်စိနှင့်ပြည့်ကြ၏။ သူတို့ကလည်း၊ အနန္တတန်ခိုးနှင့် ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏ဟု နေ့ညမပြတ် ငြိမ်၍မနေဘဲ ပြောဆိုကြ၏။-