နေနှင့် လသည် မိုက်လိမ့်မည်။ ကြယ်တို့သည်လည်း မထွန်းလင်းဘဲ နေကြလိမ့်မည်။
နေနှင့် အလင်း၊ လနှင့် ကြယ်တို့သည် ကွယ်၍မိုးရွာပြီးမှ၊ အထပ်ထပ်ရွာတတ်သောကာလမရောက်မီ အောက်မေ့လော့။
မိုးကောင်းကင်ကြယ်နက္ခတ်တို့သည် အလင်းကိုမပေး။ နေသည်လည်း ထွက်သောအခါမိုက်လျက်၊ လသည်လည်း မထွန်းမလင်းဘဲလျက် ရှိလိမ့်မည်။
သင့်ကို ငါဆုံးစေသောအခါ မိုးကောင်းကင်ကို ငါဖုံးလွှမ်း၍ ကြယ်တို့ကို မိုက်စေမည်။ နေကိုမိုးအုံ့စေ၍ လသည်လည်း အလင်းကို မပေးရ။
သူတို့ရှေ့မှာ မြေကြီးလှုပ်လိမ့်မည်။ မိုးကောင်းကင်လည်း တုန်ခိုက်လိမ့်မည်။ နေနှင့် လသည် မိုက်၍၊ ကြယ်တို့သည် မထွန်းလင်းဘဲ နေကြလိမ့်မည်။
ထာဝရဘုရား၏ ကြောက်မက်ဖွယ်သော နေ့ကြီးမတိုင်မီ၊ နေသည် မှောင်မိုက်အတိ ဖြစ်လိမ့်မည်။ လသည်လည်း သွေးဖြစ်လိမ့်မည်။
ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက် ရုတ်ခနဲ နေသည်မိုက်လိမ့်မည်။ လသည် အရောင်ကိုမပေး။ ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။-
ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက်မှ နေသည် မိုက်လိမ့်မည်။ လသည် အရောင်မပေး။
စတုတ္ထကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ နေသုံးစုတစ်စု၊ လသုံးစုတစ်စု၊ ကြယ်သုံးစုတစ်စုကြတ်၍ သုံးစုတစ်စု မိုက်လေ၏။ နေ့သုံးစုတစ်စု၊ ညသုံးစုတစ်စုသည် အလင်းမရှိ၊-