မြို့ထဲမှာ တလည်လည်ပြေးလျက်၊ မြို့ရိုးကိုကျော်လျက်၊ အိမ်ပေါ်သို့ တက်လျက်၊ သူခိုးကဲ့သို့ ပြတင်းပေါက်ထဲသို့ ဝင်လျက်ရှိကြလိမ့်မည်။
ထိုကျိုင်းတို့သည် အဲဂုတ္တုပြည်လုံးကိုလွှမ်းမိုး၍၊ ပြည်နယ်နိမိတ်ရှိသမျှအပေါ်မှာ နားသဖြင့် အလွန်များပြားကြ၏။ ထိုသို့သော ကျိုင်းတို့သည် ရှေးကမဖြစ်စဖူး၊ နောက်၌လည်းမဖြစ်ရလတ္တံ့။
သင်၏ဘိုးဘေးတို့သည် မြေပေါ်မှာဖြစ်သည်ကာလမှစ၍၊ ယနေ့တိုင်အောင် မမြင်ဖူးသကဲ့သို့၊ သင်၏အိမ်များ၊ သင်၏ကျွန်တို့အိမ်များ၊ အဲဂုတ္တုလူအပေါင်းတို့၏ အိမ်များတို့ကို ဖြည့်ကြလိမ့်မည်ဟုဆိုပြီးလျှင်၊ လှည့်၍ ဖာရောဘုရင်ထံမှ ထွက်သွားလေ၏။
သေမင်းသည် ငါတို့ပြတင်းပေါက်သို့တက်၍၊ ငါတို့ ဘုံဗိမာန်ထဲသို့ဝင်သဖြင့်၊ သူငယ်များကို လမ်းမှပယ်ရှင်း၍၊ လူပျိုများကို ပွဲသဘင်ထဲက ဖျက်ဆီးလေပြီ။
တစ်ဦးကိုတစ်ဦး မတိုက်ဘဲ မိမိလမ်းသို့ မိမိလိုက်ကြလိမ့်မည်။ ဓားသွားကို ထိသော်လည်း ရှနခြင်းကို မခံရကြ။
ငါအမှန်အကန်ဆိုသည်ကား၊ သိုးခြံထဲသို့ တံခါးဝဖြင့်မဝင်၊ အခြားလမ်းဖြင့်ကျော်ဝင်သောသူသည် သူခိုးဓားပြဖြစ်၏။-