Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​လ 1:7

Judson Bible

ငါ့​စ​ပျစ်​နွယ်​ပင်​ကို ဖျက်​ဆီး၍ ငါ့​သင်္ဘော​သ​ဖန်း​ပင်​ကို ကျိုး​ပဲ့​စေ​ပြီ။ သုတ်​သင်​ပယ်​ရှင်း၍ ပစ်​လိုက်​လေ​ပြီ။ အ​ခက်​အ​လက်​တို့​သည် ဖြူ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​စ​ပျစ်​နွယ်​ပင်​နှင့် သင်္ဘော​သ​ဖန်း​ပင်​တို့​ကို​ထိ​ခိုက်၍၊ တစ်​ပြည်​လုံး၌​ရှိ​သော သစ်​ပင်​များ​ကို ချိုး​တော်​မူ၏။

ထို​ကျိုင်း​တို့​သည် အဲ​ဂု​တ္တု​ပြည်​လုံး​ကို​လွှမ်း​မိုး၍၊ ပြည်​နယ်​နိ​မိတ်​ရှိ​သ​မျှ​အ​ပေါ်​မှာ နား​သ​ဖြင့် အ​လွန်​များ​ပြား​ကြ၏။ ထို​သို့​သော ကျိုင်း​တို့​သည် ရှေး​က​မ​ဖြစ်​စ​ဖူး၊ နောက်၌​လည်း​မ​ဖြစ်​ရ​လ​တ္တံ့။

မြေ​မည်း​သည်​တိုင်​အောင် မြေ​တစ်​ပြင်​လုံး​ကို​ဖုံး​အုပ်၍ တစ်​ပြည်​လုံး​တွင် မြက်​ပင်​ရှိ​သ​မျှ မိုး​သီး​နှင့် လွတ်​သော​သစ်​သီး​ရှိ​သ​မျှ​ကို စား​ကြ​သ​ဖြင့်၊ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး​တွင် သစ်​ပင်​မြက်​ပင်​တို့၌ စိမ်း​သော​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ မ​ကျန်​ရစ်။

သစ်​သော​စ​ပျစ်​ရည်​သည် ငြို​ငြင်​လေ၏။ စ​ပျစ်​နွယ်​ပင်​သည်​လည်း အား​လျော့​လေ၏။ စိတ်​ရွှင်​လန်း​သော​သူ​အ​ပေါင်း​တို့​သည် ညည်း​တွား​ကြ၏။

ရင်​ပတ်​ကို​ခတ်​ခြင်း၊ သာ​ယာ​သော​လယ်​ယာ​နှင့် အ​သီး​များ​သော စ​ပျစ်​နွယ်​ပင်​အ​တွက် ညည်း​တွား​ခြင်း ရှိ​လိမ့်​မည်။

ဥ​ယျာဉ်​ကို ငါ​ရှင်း​ရှင်း​ဖျက်​ဆီး​မည်။ အ​ဘယ်​သူ​မျှ မ​ပြင်​ဆင်​ရ။ အ​ဘယ်​သူ​မျှ မ​တူး​ဆွ​ရ။ ဆူး​ပင်​အ​မျိုး​မျိုး ပေါက်​ကြ​လိမ့်​မည်။ ထို​ဥ​ယျာဉ်​အ​ပေါ်​မှာ​လည်း မိုး​မ​ရွာ​စေ​ခြင်း​ငှာ ငါ​ပ​ညတ်​မည်။

သူ​တို့​ကို ငါ​ရှင်း​ရှင်း ဖျက်​ဆီး​မည်။ စ​ပျစ်​နွယ်​ပင်၌ စ​ပျစ်​သီး​မ​ရှိ​ရ။ သင်္ဘော​သ​ဖန်း​ပင်၌ သင်္ဘော​သ​ဖန်း​သီး​မ​ရှိ​ရ။ အ​ရွက်​လည်း ညှိုး​နွမ်း​ရ​မည်​အ​ကြောင်း၊ လွှမ်း​မိုး​သော​သူ​တို့​ကို ငါ​စေ​လွှတ်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဤ​သည်​ကား၊ ငါ့​ရည်း​စား​ပေး​သော ဆု​လက်​ဆောင်​ဖြစ်​သည်​ဟု သူ​ဆို​ရာ စ​ပျစ်​ဥ​ယျာဉ်၊ သင်္ဘော​သ​ဖန်း​ဥ​ယျာဉ်​တို့​ကို ငါ​သုတ်​သင်​ပယ်​ရှင်း၍၊ လွင်​ပြင်​ဖြစ်​စေ​သ​ဖြင့် တော​သား​ရဲ​တို့​သည် ကိုက်​စား​ကြ​လိမ့်​မည်။

စ​ပျစ်​နွယ်​ပင်​သည် ညှိုး​နွမ်း၏။ သင်္ဘော​သ​ဖန်း​ပင်​လည်း သွေ့​ခြောက်၏။ သ​လဲ​ပင်၊ စွန်​ပ​လွံ​ပင်၊ ရှောက်​ချို​ပင်​မှ​စ၍ တော​သစ်​ပင်​ရှိ​သ​မျှ​တို့​သည် ညှိုး​နွမ်း​ကြ၏။ အ​ကယ်​စင်​စစ် လူ​သား​တို့၌ ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း​သည် သွေ့​ခြောက်၏။

လေ​ထိ၍ အ​ပင်​သေ​ခြင်း၊ အ​ရည်​ယို၍​သေ​ခြင်း​ဘေး​ဖြင့် ငါ​သည်​ဒဏ်​ခတ်​လေ​ပြီ။ သင်​တို့၌ များ​ပြား​သော​လယ်​ယာ၊ စ​ပျစ်​ဥ​ယျာဉ်၊ သင်္ဘော​သ​ဖန်း​ပင်၊ သံ​လွင်​ပင်​တို့​ကို ကျိုင်း​ကောင်​တို့​သည် ကိုက်​စား​ကြ​ပြီ။ သို့​သော်​လည်း၊ ငါ့​ထံ​သို့ ပြန်၍​မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင်္ဘော​သ​ဖန်း​ပင် မ​ပွင့်​ရ၊ စ​ပျစ်​ပင် မ​သီး​ရ၊ သံ​လွင်​ပင်၏​ကျေး​ဇူး​ကို မျှော်​လင့်၍​မ​ခံ​ရ၊ လယ်​တို့​သည် အ​သီး​အ​နှံ​ကို မ​ပေး​ရ၊ သိုး​ခြံ၌ သိုး​ကုန်၍ တင်း​ကုပ်၌ နွား​မ​ရှိ​ရ။

ကိုက်​စား​တတ်​သော အ​ကောင်​ကို သင်​တို့​အ​တွက် ငါ​ဆုံး​မ၍၊ သင်​တို့၏ မြေ​အ​သီး​အ​နှံ​ကို မ​ဖျက်​ဆီး​ရ။ သင်​တို့၏​စ​ပျစ်​ဥ​ယျာဉ်​သည် အ​သီး​မ​သီး​ဘဲ မ​နေ​ရ​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ