Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​လ 1:4

Judson Bible

ဂါ​ဇံ​ကျိုင်း ခြွင်း​ထား​သော​အ​ရာ​ကို အ​ရာ​ဘ​ကျိုင်း​စား၏။ အ​ရာ​ဘ​ကျိုင်း ခြွင်း​ထား​သော​အ​ရာ​ကို ယာ​လက်​ကျိုင်း​စား၏။ ယာ​လက်​ကျိုင်း ခြွင်း​ထား​သော​အ​ရာ​ကို ခါ​သိ​လ​ကျိုင်း စား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ပြည်​တော်၌ အ​စာ​အာ​ဟာ​ရ​ခေါင်း​ပါး​သော်​လည်း​ကောင်း၊ လေ​ထိ၍ အ​ပင်​သေ​သော်​လည်း​ကောင်း၊ အ​ရည်​ယို၍ သေ​သော်​လည်း​ကောင်း၊ အ​ရာ​ဘ​ကျိုင်း၊ ခါ​သိ​လ​ကျိုင်း ကိုက်​စား​သော်​လည်း​ကောင်း၊ ရန်​သူ​တိုက်​လာ၍ မြို့​ကို ဝိုင်း​ထား​သော်​လည်း​ကောင်း၊ ဘေး​ဥ​ပဒ်၊ အ​နာ​ရော​ဂါ​တစ်​စုံ​တစ်​ခု ရောက်​သော​အ​ခါ၊

ပြည်​တော်၌ အ​စာ​အာ​ဟာ​ရ ခေါင်း​ပါး​သော်​လည်း​ကောင်း၊ လေ​ထိ၍ အ​ပင်​သေ​သော်​လည်း​ကောင်း၊ အ​ရည်​ယို၍ သေ​သော်​လည်း​ကောင်း၊ အ​ရာ​ဘ​ကျိုင်း၊ ခါ​သိ​လ​ကျိုင်း ကိုက်​စား​သော်​လည်း​ကောင်း၊ ရန်​သူ​တိုက်​လာ၍ မြို့​ကို​ဝိုင်း​ထား​သော်​လည်း​ကောင်း၊ ဘေး​ဥ​ပဒ် အ​နာ​ရော​ဂါ​တစ်​စုံ​တစ်​ခု​ရောက်​သော​ခါ၊

မိုး​မ​ရွာ​စေ​ခြင်း​ငှာ ငါ​သည် မိုး​ခေါင်​စေ​သော်​လည်း​ကောင်း၊ ကျိုင်း​တို့​သည် မြေ​အ​သီး​အ​နှံ​ကို ကိုက်​စား​စေ​ခြင်း​ငှာ ငါ​မှာ​ထား​သော်​လည်း​ကောင်း၊ ငါ့​လူ​တို့၌ ကာ​လ​နာ​ကို​စေ​လွှတ်​သော်​လည်း​ကောင်း၊

အ​မိန့်​တော်​ရှိ၍ မ​ရေ​တွက်​နိုင်​အောင်၊ အ​ရာ​ဘ​ကျိုင်း​နှင့် ယာ​လက်​ကျိုင်း​တို့​သည်​လာ၍၊

သူ​တို့၏​မြေ​အ​သီး​အ​နှံ​ကို ခါ​သိ​လ​ကျိုင်း​တို့​အား​လည်း​ကောင်း၊ သူ​တို့​လုပ်၍​ရ​သော​ဥ​စ္စာ​ကို အ​ရာ​ဘ​ကျိုင်း​တို့​အား​လည်း​ကောင်း ပေး​တော်​မူ၏။

သို့​မ​ဟုတ် ငါ၏​လူ​တို့​ကို​မ​လွှတ်​ဘဲ​နေ​လျှင်၊ ကြည့်​ရှု​လော့။ ကျိုင်း​ကောင်​တို့​ကို သင်၏​ပြည်​သို့ နက်​ဖြန်​ငါ​ဆောင်​ခဲ့​မည်။

မြေ​မ​ထင်​ပေါ်​နိုင်​အောင် သူ​တို့​သည် မြေ​မျက်​နှာ​ကို​ဖုံး​လွှမ်း​ကြ​လိမ့်​မည်။ မိုး​သီး​မ​ဖျက်၊ သင်​တို့​၌​ကျန်​ကြွင်း​သေး​သ​မျှ​ကို​လည်း​ကောင်း၊ သင်​တို့​အ​ဖို့ မြေ​၌ ပေါက်​သ​မျှ​သော​အ​ပင်​တို့​ကို​လည်း​ကောင်း စား​ကြ​လိမ့်​မည်။

သူ​တစ်​ပါး​တို့​သည် သင်​တို့၏​ဥ​စ္စာ​ကို ကျိုင်း​ကောင် သိမ်း​ယူ​သ​ကဲ့​သို့ သိမ်း​ယူ​ကြ​လိမ့်​မည်။ ကျိုင်း​ကောင်​တို့​သည် လူး​လာ​ပြေး​သ​ကဲ့​သို့၊ သင်​တို့၏ ဥ​စ္စာ​ပေါ်​မှာ လူး​လာ​ပြေး​ကြ​လိမ့်​မည်။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​ကို​တိုင်​တည်၍ ကျိန်​ဆို​တော်​မူ​သည်​ကား၊ သင့်​ကို ကျိုင်း​ကောင်​များ​နှင့် ပြည့်​စေ​သ​ကဲ့​သို့ လူ​များ​နှင့်​ပြည့်​စေ​မည်။ သူ​တို့​သည် သင့်​တစ်​ဖက်၌ ကြွေး​ကြော်​သံ​ကို လွှင့်​ကြ​လိမ့်​မည်။

ထို​ပြည်၌ အ​လံ​ကို​ထူ​ကြ​လော့။ အ​ပြည်​ပြည်​တို့၌ တံ​ပိုး​ကို​မှုတ်၍၊ လူ​အ​မျိုး​မျိုး​တို့​ကို သူ၏​တစ်​ဖက်၌ ပြင်​ဆင်​ကြ​လော့။ အာ​ရ​ရတ်​ပြည်၊ မိ​န္နိ​ပြည်၊ အာ​ရှ​ကေ​နတ်​ပြည်​တို့​ကို သူ၏​တစ်​ဖက်၌ စည်း​ဝေး​စေ​ကြ​လော့။ ဗိုလ်​ချုပ်​မင်း​ကို ခန့်​ထား၍၊ အ​မွေး​ကြမ်း​သော ကျိုင်း​ကောင်​ကဲ့​သို့ မြင်း​စီး​သူ​ရဲ​တို့​ကို စစ်​ချီ​စေ​ကြ​လော့။

အ​ရာ​ဘ​ကျိုင်း၊ ယာ​လက်​ကျိုင်း၊ ခါ​သိ​လ​ကျိုင်း၊ ဂါ​ဇံ​ကျိုင်း​တည်း​ဟူ​သော ငါ​စေ​လွှတ်​သော ငါ၏​မ​ဟာ​ဗိုလ်​ခြေ​တို့ ကိုက်​စား​သော နှစ်​ပေါင်း​ကာ​လ​ကို ငါ​ပြန်​ပေး​မည်။

လေ​ထိ၍ အ​ပင်​သေ​ခြင်း၊ အ​ရည်​ယို၍​သေ​ခြင်း​ဘေး​ဖြင့် ငါ​သည်​ဒဏ်​ခတ်​လေ​ပြီ။ သင်​တို့၌ များ​ပြား​သော​လယ်​ယာ၊ စ​ပျစ်​ဥ​ယျာဉ်၊ သင်္ဘော​သ​ဖန်း​ပင်၊ သံ​လွင်​ပင်​တို့​ကို ကျိုင်း​ကောင်​တို့​သည် ကိုက်​စား​ကြ​ပြီ။ သို့​သော်​လည်း၊ ငါ့​ထံ​သို့ ပြန်၍​မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား ပြ​တော်​မူ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ ရှင်​ဘု​ရင်​ဆိုင်​သော မြက်​ပင်​ကို​ရိတ်​ပြီး​မှ၊ နောက်​မြက်​ပင် ပေါက်​စ​ကာ​လ၌ ကျိုင်း​ကောင်​တို့​ကို ဖန်​ဆင်း​တော်​မူ၏။

ကိုက်​စား​တတ်​သော အ​ကောင်​ကို သင်​တို့​အ​တွက် ငါ​ဆုံး​မ၍၊ သင်​တို့၏ မြေ​အ​သီး​အ​နှံ​ကို မ​ဖျက်​ဆီး​ရ။ သင်​တို့၏​စ​ပျစ်​ဥ​ယျာဉ်​သည် အ​သီး​မ​သီး​ဘဲ မ​နေ​ရ​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင်​သည် များ​စွာ​သော​မျိုး​စေ့​ကို လယ်​သို့​ယူ​သွား၍ ကျိုင်း​ကောင်​တို့​သည် ကိုက်​စား​သော​ကြောင့်၊ နည်း​သော​စ​ပါး​ကို သိမ်း​ရ​လိမ့်​မည်။

သင့်​နေ​ရာ​ပြည်၌ သစ်​ပင်​ရှိ​သ​မျှ၊ မြေ​အ​သီး​အ​နှံ​ရှိ​သ​မျှ​ကို ကျိုင်း​ကောင်​တို့​သည် ကိုက်​စား​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ