Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​လ 1:3

Judson Bible

ကိုယ်​သား​တို့​အား ပြော​ကြ​လော့။ သူ​တို့​သည် သူ​တို့​သား​တို့​အား ပြော​ကြ​စေ။ သူ​တို့​သား​တို့​သည်​လည်း ဆက်​နွယ်​သော အ​ခြား​သူ​တို့​အား ပြော​ကြ​စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

အ​မှု​တော်​တို့​ကို လူ​မျိုး​အ​ဆက်​ဆက်​တို့​သည် ချီး​မွမ်း၍၊ တန်​ခိုး​တော်​များ​ကို ဟော​ပြော​ကြ​ပါ​လိမ့်​မည်။

အို​ဘု​ရား​သ​ခင်၊ ရှေး​လွန်​လေ​ပြီး​သော​ကာ​လ​တွင်၊ ဘိုး​ဘေး​တို့​လက်​ထက်၌ ပြု​တော်​မူ​သော​အ​မှု​ကို သူ​တို့​ပြော၍၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တိုင်​ကြား​ရ​ကြ​ပါ​ပြီ။

တစ်​ဖန်​တုံ အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အ​သက်​ကြီး၍ ဆံ​ပင်​ဖြူ​သည်​ကာ​လ​တိုင်​အောင်၊ ယ​ခု​လူ​များ​တို့​အား ကိုယ်​တော်၏​အ​စွမ်း​သ​တ္တိ​ကို​လည်း​ကောင်း၊ နောက်​ဖြစ်​လ​တ္တံ့​သော​သူ​အ​ပေါင်း​တို့​အား တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​မ​ပြ​မီ​တွင်၊ အ​ကျွန်ုပ်​ကို စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။

နောင်​ကာ​လ၌​သင်၏​သား​က​လည်း၊ အ​ဘယ်​သို့​နည်း​ဟု​မေး​မြန်း​လျှင်၊ သင်​က​လည်း​ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ၊ ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော လက်​တော်​ဖြင့် ငါ​တို့​ကို​နုတ်​ဆောင်​တော်​မူ၏။

အ​သက်​ရှင်​သော​သူ၊ အ​သက်​ရှင်​သော​သူ​သာ​လျှင်၊ ယ​နေ့​အ​ကျွန်ုပ်​ပြု​သ​ကဲ့​သို့၊ ဂုဏ်​တော်​ကို ချီး​မွမ်း​ရ​ပါ​လိမ့်​မည်။ အ​ဘ​သည် သား​တို့​အား သ​စ္စာ​တော်​ကို ဖော်​ပြ​ရ​ပါ​လိမ့်​မည်။

ထို​စ​ကား​ကို သင်၏​သား​သ​မီး​တို့​အား ကြိုး​စား၍​သွန်​သင်​ရ​မည်။ အိမ်၌​ထိုင်​လျက် နေ​သည်​ဖြစ်​စေ၊ ခ​ရီး၌​သွား​သည်​ဖြစ်​စေ၊ အိပ်​လျက်၊ ထ​လျက်​ရှိ​သည်​ဖြစ်​စေ၊ ထို​စ​ကား​ကို​ပြော​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ