Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 9:6

Judson Bible

ယော​ရှု​ရှိ​ရာ ဂိ​လ​ဂါ​လ​တပ်​သို့ ရောက်​လာ​လျှင်၊ အ​ကျွန်ုပ်​တို့​သည် မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​ငှာ၊ ဝေး​သော​ပြည်​က​လာ​ကြ​ပါ​သည်​ဟု ယော​ရှု​နှင့် ဣ​သ​ရေ​လ​လူ​တို့​အား ပြော​ဆို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​မ​ဟုတ်၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် ကြီး​မြတ်​သော နာ​မ​တော်၏​သ​တင်း​နှင့် တန်​ခိုး​ကြီး၍၊ ဆန့်​တော်​မူ​သော လက်​ရုံး​တော်၏ သ​တင်း​ကို​ကြား​သော​ကြောင့်၊ နာ​မ​တော်​ကို ထောက်​သ​ဖြင့် ဝေး​သော​ပြည်​မှ​ရောက်​လာ၍၊ ဤ​အိမ်​တော်​ကို မှီ​ခို​လျက်​ဆု​တောင်း​လျှင်၊

ထို​အ​ခါ ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည် ဟေ​ဇ​ကိ​မင်း​ကြီး​ထံ​တော်​သို့ သွား၍၊ ထို​လူ​တို့​သည် အ​ဘယ်​သို့ ပြော​ကြ​ပါ​သ​နည်း။ အ​ဘယ်​ပြည်​မှ အ​ထံ​တော်​သို့​လာ​ကြ​ပါ​သ​နည်း​ဟု မေး​လျှောက်​သော်၊ ဟေ​ဇ​ကိ​မင်း​က၊ ဝေး​သော​အ​ရပ် ဗာ​ဗု​လုန်​ပြည်​မှ ရောက်​လာ​ကြ​သည်​ဟု ပြန်​ပြော၏။

ထို​နောက် ယော​ရှု​သည်၊ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ဂိ​လ​ဂါ​လ​တပ်​သို့​ပြန်​သွား၏။

ဂိ​ဗောင်​မြို့​သား​တို့​သည် ယော​ရှု​ရှိ​ရာ ဂိ​လ​ဂါ​လ​မြို့​သို့ စေ​လွှတ်၍၊ ကိုယ်​တော်၏​ကျွန်​တို့​ကို​ကြည့်​ရှု​လျက် နေ​တော်​မ​မူ​ပါ​နှင့်။ အ​လျင်​အ​မြန်​ကြွ၍ မ​စ​ကယ်​တင်​တော်​မူ​ပါ။ တောင်​ပေါ်​မှာ​နေ​သော အာ​မော​ရိ​မင်း​ကြီး​အ​ပေါင်း​တို့​သည် ကျွန်​တော်​တို့​ကို​တိုက်​ခြင်း​ငှာ စည်း​ဝေး​ကြ​ပါ​ပြီ​ဟု လျှောက်​ကြ၏။

ပ​ထ​မ​လ၊ ဒ​သ​မ​နေ့​ရက်​တွင်၊ လူ​များ​တို့​သည် ယော်​ဒန်​မြစ်​ထဲ​က တက်​လာ၍၊ ယေ​ရိ​ခေါ​မြို့​အ​ရှေ့​ဘက်​နား​မှာ၊ ဂိ​လ​ဂါ​လ​အ​ရပ်၌ တပ်​ချ​ကြ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဂိ​လ​ဂါ​လ​အ​ရပ်​တွင်​တပ်​ချ၍၊ ထို​လ တစ်​ဆယ်​လေး​ရက်​နေ့၊ ညဉ့်​ဦး​ယံ၌ ယေ​ရိ​ခေါ​လွင်​ပြင်​မှာ ပ​သ​ခါ​ပွဲ​ကို​ခံ​ကြ၏။

ဟောင်း​နွမ်း​ဖာ​ပြင်​သော ခြေ​နင်း​ကို​စီး၍၊ ဟောင်း​နွမ်း​သော​အ​ဝတ်​ကို​လည်း ဝတ်​ကြ၏။ အောက်၍ မှို​တက်​လျက်​ရှိ​သော ရိ​က္ခာ​ကို​သာ​ဆောင်​ခဲ့​လျက်၊

သူ​တို့​က၊ ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကြောင့် ကိုယ်​တော်​ကျွန်​တို့​သည် အ​လွန်​ဝေး​သော​ပြည်​က လာ​ပါ​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏ သ​တင်း​တော်​ကို​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်၌ ပြု​တော်​မူ​သ​မျှ​ကို​လည်း​ကောင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ